အလုပ်လုပ်နေတဲ့ အချိန်ပဲဖြစ်ဖြစ်၊ ပညာရပ်တခုကို လေ့လာနေတဲ့ အခါမျိုးမှာ ဖြစ်ဖြစ် အာရုံစူးစိုက်မှု အားကောင်းရင် အားကောင်းသလို အလုပ် ပိုပြီးမြောက်ပြီး ရလဒ်ကောင်းတွေ ရနိုင်ပါတယ်။
နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲကမှ အာရုံစူးစိုက်မှု အားကောင်းစေမယ့် အစားအစာတွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေ အတွက် ရေးသား ဖော်ပြလိုက်ပါတယ်။
(၁) ထောပတ်သီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ဦးနှောက်ဖွံဖြိုးမှုကို မြင့်တင်ပေးပြီး အာရုံစူးစိုက်မှုကို အားကောင်းစေပါတယ်။ အာရုံကြော သွေးလှည့်ပတ်မှု စနစ်ကို အားကောင်းစေပြီး စိတ်ဖိစီးမှုကိုပါ လျော့ကျစေနိုင်ပါတယ်။
(၂) ငါးမှာ အသားတွေလိုမျိုး အဆီဓာတ် ပါဝင်မှုနည်းတာကြောင့် Omega 3 fatty အက်ဆစ် ပါဝင်မှုနှုန်းများတာပြီး ဗဟိုအာရုံကြောမ စနစ်ကို အားကောင်းစေပြီး အာရုံစူးစိုက်မှုကိုလည်း မြင့်တက်စေနိုင်ပါတယ်။ ငါးစားသုံးခြင်းအားဖြင့် ဦးနှောက်ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပြီး စိတ်ကျရောဂါကိုလည်း သက်သာစေနိုင်ပါတယ်။
(၃) စာမကျက်ခင်မှာ ဖြစ်ဖြစ် ဒါမှမဟုတ် အလုပ်နဲ့ပက်သက်တဲ့ အာရုံစူးစိုက်ပြီးလုပ်ရမယ့် အရေးကြီး စာတမ်း မတင်ခင်မျိုးမှာပဲဖြစ်ဖြစ် ချောကလက် အနည်းငယ် စားသုံးပြီးမှ လုပ်ပေးမယ်ဆိုရင် သာမန်ထက်ပိုတဲ့ ရလဒ်ကောင်းတွေ ရရှိစေမှာပဲဖြစ်ပါတယ်။ ချောကလက် စားသုံးခြင်းဟာ အာရုံကြောစနစ်ကို လှုံ့ဆော်ပေးတဲ့အတွက် မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှု အားကောင်းစေပါတယ်။
(၄) အာရုံစူးစိုက်မှု အားကောင်းစေဖို့အတွက် ဦးနှောက်ဟာ ပရိုတိန်းဓာတ် အလုံအလောက် လိုအပ်ပါတယ်။ ပရိုတိန်းဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ကြက်သား စားသုံးခြင်းဟာ ဦးနှောက်ကို တက်ကြွအောင် လှုံ့ဆော်ပေးတဲ့ Dopamine ဓာတ်ကို ထွက်ပေါ်စေတာကြောင့် အာရုံစူးစိုက်မှု အားကောင်းစေပါတယ်။
Ref. https://steptohealth.com