အရှေ့တောင်အာရှနိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံဟာ ထူးခြားဆန်းကြယ်မှုနဲ့ ဆင်းရဲကြပ်တည်းမှု စတဲ့အရာတွေ အောက်မှာ ကာလရှည် ပိတ်မိနေခဲ့ရပါတယ်။ ဘားမားလို့ အရင်က လူသိများခဲ့တဲ့ မြန်မာနိုင်ငံဟာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ လာအိုနဲ့ တရုတ်နိုင်ငံတို့ကြားမှာ တည်ရှိပြီးတော့ ဘင်္ဂလားပင်လယ်အော်က ဝန်းရံပေးထားပါတယ်။ အဲဒါတွေကြောင့်လည်း လွန်ခဲ့တဲ့ ထောင်စုနှစ် တစိတ်တပိုင်းမှာ ကျူးကျော်မှုတွေကို အဓိက ခံစားခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ် ၆ ခုလောက် ကာလမှာ နယ်မြေစည်းမျဉ်း နယ်နိမိတ်တွေကို ပိတ်ထားခဲ့တဲ့ စစ်အစိုးရက အုပ်ချုပ်ခဲ့ ပါတယ်။ သြစတေးလျ ဓာတ်ပုံဆရာနဲ့ မှတ်တမ်းမှတ်ရာတွေကို စုဆောင်းသူ တဦးဖြစ်တဲ့ Lukas Birk က “ကမ္ဘာကြီးနဲ့ ဒီနိုင်ငံဟာ အဆက်အသွယ်ဖြတ် ခံထားရပေမယ့် တချို့အရာတွေက တော့ အမြဲတမ်းဖြစ်ပေါ်လာခဲ့တယ်ဆိုတဲ့ အတွေးတော့ ကျနော်တို့ဆီမှာ ရှိတယ်” လို့ ဆိုပါတယ်။
၂၀၁၃ ခုနှစ်မှာ Birk ဟာ ၁၈၉၀ နဲ့ ၁၉၉၅ ခုနှစ် အကြားမှာ အလုပ်လုပ်ခဲ့ကြတဲ့ မြန်မာ ဓာတ်ပုံဆရာတွေရဲ့ ပြည့်စုံတဲ့ မှတ်တမ်းမှတ်ရာတွေကို ဖန်တီးဖို့ မြန်မာ့ဓာတ်ပုံ မှတ်တမ်းမှတ်ရာများ စုဆောင်းရေးအဖွဲ့ (MPA) ကို ထူထောင်ခဲ့ပါတယ်။ ဓာတ်ပုံအရေအတွက် တသောင်းလောက်နဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ မျက်လုံးကနေ တဆင့် နိုင်ငံကို အတွင်းကျကျ မြင်တွေ့နိုင်အောင် ထောက်ပံ့ပေးပါတယ်။
၁၉၇၀ ခုနှစ်နဲ့ ၁၉၉၀ ခုနှစ်တို့ကြားမှ လူငယ်ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ် ကဏ္ဍတွေ ပါဝင်တဲ့ ဗမာ့ ဓာတ်ပုံဆရာများ (Goethe Institut Yangon) လို့ ခေါ်တဲ့ စာအုပ်ကို ပြသခဲ့ပါတယ်။
Birk က “သီးသန့် ဓာတ်ပုံတော်တော်များများကို ကျနော် ရှာတွေ့ခဲ့ပါတယ်။ မြို့အတွက် တိကျတာတွေကို ဖန်တီး ပေးနိုင်ခဲ့တဲ့ အလုပ်တွေ လုပ်ခဲ့တဲ့ ဓာတ်ပုံ စတူဒီယို တခုကနေ အလုပ်ကိုယ်ထည် ပုံစံတခုကို တကယ်လိုချင်ခဲ့တာပါ” လို့ ရှင်းပြခဲ့ပါတယ်။ ဓာတ်ပုံ စတူဒီယိုတွေဟာ ဓာတ်ပုံအဟောင်းတွေနဲ့ နက်ဂတစ်ဖလင်တွေကို လွှင့်ပစ်ခဲ့ကြပေမယ့် Birk ကတော့ ၁၉၆၃ ခုနှစ်မှာ မြန်မာဓယတ်ပုံဆရာ Har Si Yone ဖွင့်လှစ်ခဲ့တဲ့ Bellay စတူဒီယိုကိုရောက်ခဲ့လို့ ကံကောင်း သွားခဲ့ပါတယ်။
သူက “ဒီနေ့အထိ နာမည်တူ ဓာတ်ပုံ စတူဒီယိုတခုကို လုပ်ကိုင်နေတဲ့ သူ့သား ထွန်းထွန်းလေးဟာ ပလတ်စတစ် အိတ်ထဲမှာ သိမ်းထားတဲ့ နက်ကတစ် ဖလင် ထောင်ပေါင်းများစွာကို သိမ်းဆည်းထားခဲ့ပါတယ်။ ကျနော်က သူတို့နဲ့အတူ ထိန်းသိမ်းထားပြီး အလုပ်လုပ်နိုင်မယ့် အိုင်ဒီယာ သူရခဲ့တာကြောင့် ကျနော် နက်ဂတစ်ဖလင် ၄၀၀၀ လောက်ကို Scan ဖတ်နိုင်ခဲ့ပါတယ်။ အဲဒီရှာဖွေတွေ့ရှိမှုဟာ တော်တော်လေးကိုထူးခြားတဲ့ တွေ့ရှိမှု ဖြစ်ခဲ့ပါတယ်။ ၁၉၇၀ ပြည့်လွန် နှစ်တွေဟာ စစ်အာဏာရှင် အာဏာရတဲ့ ကာလ၊ ငွေကြေးဖောင်းပွတဲ့ ကာလ၊ အစာရေဆာ ပြတ်လတ်တဲ့ ကာလနဲ့ အစိုးရအကျင့်ပျက်ခြစားမှုတွေရှိခဲ့တဲ့ကာလတခုဖြစ်ခဲ့ပါတယ်။ နိုင်ငံတဝန်း မှာ နိုင်ငံရေးအကျပ်အတည်းတွေရှိခဲ့ပေမယ့် အဲဒီဓါတ်ပုံစတူဒီယိုလေးကတော့ စတူဒီယိုအတွင်းမှာ ကိုယ်ပိုင်အို င်ဒီယာတွေကို လူငယ်အမျိုးသား၊ အမျိုးသမီးတွေက လွတ်လွတ်လပ်လပ်ဖော်ပြနိုင်မယ့် အိုအေစစ်တခု ဖြစ်လာခဲ့ပါတယ်။
Birk က “သူတို့ကိုယ်တိုင်အတွက်ဖြစ်တည်ဖို့ လူငယ်တွေအတွက် ခက်ခဲတဲ့အချိန်တခုပါပဲ၊ ကျနော့်မှာ ရှိတဲ့ ဖက်ရှင် ဓmတ်ပုံအများစုက အများပြည်သူကြည့်ရှုဖို့ ရည်ရွယ်ထားတာ မဟုတ်ပါဘူး/ မိန်းကလေးတွေနဲ့ ယောကျာ်းလေးတွေဟာ အဲဒီ စတူဒီယိုထဲကို လာကြပြီး သူတို့ကြိုက်နှစ်သက်တဲ့ အဝတ်အစားတွေ၊ ပွယောင်းယောင်း ဘောင်းဘီတွေ၊ အနောက်တိုင်း ဝတ်စုံတွေနံ့ အပြင်မှာ ဘယ်တုန်းကမှ ဝတ်ခွင့်မရခဲ့တဲ့ Sexy ကျတဲ့ ရှပ်အကျီတွေနဲ့ ဓါတ်ပုံတွေ ရိုက်ကြပါတယ်။
Birk က အဲဒီဓာတ်ပုံတွေကို ကြီးမားတဲ့ ပြည်သူ့ပန်းခြံကြီးထဲမှာ ခင်းကျင်းပြသခဲ့ချိန်မှာ ကျောင်းသားဟောင်း တယောက်ဖြစ်တဲ့ ဦးဆန်းအောင်က သူ့ဆီကို ရောက်လာပြီး “ကျနော့် ဆရာဟောင်းတယောက်က မြန်မာနိုင်ငံကို ရောင်စုံ ဓာတ်ပုံဆောင်ယူလာခဲ့တဲ့လူ ဖြစ်ပါတယ်၊ ခင်ဗျား မှတ်တမ်းမှတ်ရာတွေ သိမ်းဆည်းတဲ့နေရာမှာ သူ့ကိုလည်း ထည့်သင့်တယ်” လို့ ပြောလာပါတယ်။
ဦးဆန်းအောင်ဟာ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း ပေါ့ပ်ယဉ်ကျေးမှုအမြင်တွေကို ထောက်ပံ့ပေးတဲ့ သူ့ရဲ့ ရောင်စုံ ဓါတ်ပုံတွေ ကြောင့် နာမည်ရခဲ့ပါတယ်။ သူဟာ ဆိပ်ကမ်းသာမှာ ဆိုင်တော်တော်များများနဲ့ ၁၉၉၈ ခုနှစ်မှာတော့ ယုဇနပလာဇာမှာ ဆိုင်တွေ ဖွင့်ခဲ့ပါတယ်။ အဲဒီမှာသူဟာ Kodak နဲ့ Agfa ဖလင်တွေကို အဓိက ဖြန့်ချိသူ ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့လိုက်ပြီး Kodak ဖလင်လုပ်ငန်းတွေ ရုပ်သိမ်း လိုက်ပြီးတဲ့နောက် ဦးဆန်းအောင်ဟာ Konica နဲ့အတူ ပူးတွဲဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။
Birk က “ဦးဆန်းအောင်ရဲ့ မှတ်တမ်းမှတ်ရာတွေကတော့လုံးဝကို ပြီးပြည့်စုံပါတယ်၊ သူဟာ ပြက္ခဒိန်ထုတ်လုပ်ဖို့ အတွက် ရိုက်ကူးခဲ့ကြတဲ့ နာမည်ကျော် မင်းသား မင်းသမီးတွေရဲ့ တကယ့်ပုံအကြီးကြီးတွေကို ပရင့်ထုတ်ထားတဲ့အတွက် ကျနော်က ဒီစာအုပ်ထဲမှာ အားလုံးကို အသုံးပြုခဲ့ပါတယ်” လို့ မှတ်ချက်ပေးပြောပါတယ်။
Burmese Photographers (ဗမာ့ဓာတ်ပုံဆရာများ) စာအုပ်ဟာ ကျနော်တို့ မြန်မာနိုင်ငံကို ထင်နေတဲ့ပုံစံကို ပြောင်းလဲ နိုင်တဲ့ အထိမ်းအမှတ်ထုတ်ဝေမှု တခု ဖြစ်ပါတယ်။ သူက “ခင်ဗျားတို့အရှေ့မှာ ခင်ဗျားတို့ ပိုင်ဆိုင်ထားတာတွေထက် ပိုပြီး တခုခုကိုလုပ်ဖို့အတွက် ဖန်တီးဖို့အတွက် ဖော်ပြဖို့အတွက် အမြဲတမ်းလိုအပ်ချက်တခုရှိပါတယ်၊ လူတွေက Vogue နဲ့ ELLE လိုမျိုး ဖက်ရှင်မဂ္ဂဇင်း တခုကို ခိုးဝယ်ချင်ဝယ်ခဲ့မယ်၊ အဲဒါကို ကော်ပီကူးပြီး သူတို့ကိုခွင့်ပြုထားတာထက် ကျော်လွန်တဲ့ တခုခုကို ပြုလုပ်ဖို့ လူတွေလိုအပ်တဲ့အတွက် ဝေမျှခဲ့ကြပါတယ်၊ ဒါဟာ လူတွေဟာ လူတွေပါပဲလို့ မှတ်ယူနိုင်တဲ့ အရာတခု ဖြစ်ပါတယ်၊ ဒါဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်ပတ်ဝန်းကျင်မှာပဲ ဖြစ်ဖြစ်လိုအပ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
Ref ; huckmagazine