အဝတ်အစားဟာ ဘယ်လောက်ပဲလှလှ သင်နဲ့လိုက်ဖက်မှုမရှိဘူးဆို ကြည့်ရတာ အဆင်ပြေမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ခန္ဓာကိုယ်က မော်ဒယ်တွေလိုအချိုးအစားမလှပတဲ့အခါ ဝတ်ချင်တာဝတ်ဖို့ခက်ခဲပါလိမ့်မယ်။ ဒီလို အခြေအနေမျိုးမှာ မိမိကိုယ် အနေအထားနဲ့ လိုက်ဖက်တဲ့ အဝတ်အစားမျိုး ရွေးချယ်ဝတ်ဆင်တာက သင့်ကို ပိုမိုလှပစေပါလိမ့်မယ်။ ဒီတခေါက်မှာတော့ ခြေသလုံးကြီး၊ တုတ်တဲ့အမျိုးသမီးတွေ ဝတ်ဆင်နိုင်မဲ့ အလှအပနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။
(၁) Plain Bottom
အောက်ပိုင်းအတွက် ရွေးချယ်တဲ့အခါ ဘောင်းဘီဖြစ်ဖြစ်၊ စကပ်ဖြစ်ဖြစ် မျက်စိမရှုပ်တာမျိုးကိုရွေးချယ်ပါ။ အရောင်က တည်ငြိမ်ပြီး ရှင်းရှင်းလင်းလင်းဖြစ်မဲ့ ဘောင်းဘီ၊ စကပ်မျိုး ဝတ်ဆင်ပါ။
(၂) အရှည်
ဘောင်းဘီ၊ စကပ်ဝတ်ဆင်တဲ့အခါ အတိုဝတ်မယ်ဆိုရင် သင့်ခြေထောက်သွယ်လျတဲ့နေရာက စတင်ဝတ်ဆင်ပါ။ ဥပမာ သင်ကခြေသလုံးစတုတ်တယ်ဆိုရင် ဒူးခေါင်းအရင်းကနေဖြစ်ဖြစ် တုတ်တဲ့ဧရိယာထိဖုံးသွားတဲ စကပ်အရှည်မျိုး ဖြစ်ဖြစ် ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။
(၃) စကပ်
စကပ်ဝတ်မယ်လို့ ရွေးချယ်တဲ့အခါ A-line စကပ်၊ Trumpet skirt (အပေါ်ကကျပ်ပြီး အောက်ကားသွားတဲ့စကပ်) အောက်ကိုနည်းနည်းချင်း ကျယ်သွားတဲ့စကပ်မျိုး ရွေးချယ်ဝတ်ဆင်ပါ။
(၄) ဂျင်းဘောင်းဘီ
ဂျင်းက လူကိုသေးသွယ်စေတာကြောင့် ခြေသလုံးတုတ်တဲ့သူတွေအမြဲဝတ်ဆင်ရမယ့် အထဲ ပါပါတယ်။
(၅) ဖိနပ်
မှန်ကန်တဲ့ဖိနပ်ရွေးခြင်းဖြင့် သင့်ခြေထောက်ကို ပိုရှည်သွယ်စေပါလိမ့်မယ်။ ဒေါက်မြင့်ဖိနပ်၊ ထိပ်ချွန်ဒေါက်ဖိနပ်၊ လည်ရှည်ဖိနပ်၊ ကြိုးသိုင်းမနိမ့်မမြင့်တွေ ရွေးချယ်ဝတ်ဆင်ပါ။ အရောင်ကတော့ ငြိမ်ငြိမ်လေးနဲ့ လွင်စေမဲ့ Nude အရောင်မျိုး ရွေးချယ်နိုင်ပါတယ်။
အထက်ပါ နည်းလမ်းတွေကတော့ ခြေသလုံးတုတ်တဲ့ အမျိုးသမီးတွေအတွက် မှန်ကန်တဲ့အဝတ်အစားရွေးချယ်နိုင်မဲ့ နည်းတွေပဲဖြစ်ပါတယ်။