Lifestyle

ဧရာဝတီ သတင်းဌာန ၂၅ နှစ်မြောက် အထိမ်းအမှတ်အတွက် ခီမောင်နှံ၏ ဆုတောင်းစကား

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီသတင်းဌာန၏ ၂၅ နှစ်မြောက်နှစ်ပတ်လည်နှင့် ပတ်သက်ပြီး ဧရာဝတီ၏ စာဖတ်ပရိသတ် တဦးလည်း ဖြစ်သည့် နိုင်ငံကျော် သရုပ်ဆောင် ဇဏ်ခီ နဲ့ “ဥပါယ်တံမျဉ်” နှင့် “မုဒြာရဲ့ ခေါ်သံ” ဇာတ်ကားများဖြင့် ပရိသတ်၏ အားပေးမှု ရရှိခဲ့သော ဒါရိုက်တာ ခရစ္စတီးနားခီ တို့၏ ဆုတောင်းစကားသံများကို တင်ပြလိုက်ပါသည်။

“ကျနော် ဒီဧရာဝတီ မြန်မာပြည်ထဲကို စဝင်လာတဲ့ အချိန်မှာလည်း Subscribe လုပ်ဖူးတယ်လေ။ ဖတ်ဖူးတယ်ဆိုတော့ တကယ် ကွာလတီ ပြည့်ဝတဲ့ သတင်းတွေပါ။ very ethical ဖြစ်တယ်ပေါ့နော်။ တကယ် သမာသမတ် ကျကျနဲ့ ရေးတယ်။ တကယ်ကို ထောင့်စေ့တဲ့ သတင်းဌာနတခုဖြစ်တဲ့ အတွက် တည်တံ့ခိုင်မြဲပါစေလို့ ဆုတောင်းပေးပါတယ်။ ဆက်လက် ကြိုးစားကြပါ။ ကျနော်တို့လည်း တတ်နိုင်တဲ့ဘက်က အားပေးပါမယ်” ဟု သရုပ်ဆောင် ဇဏ်ခီက ဧရာဝတီ အတွက် ဆုတောင်းစကား ပြောသည်။

ဒါရိုက်တာ ခရစ္စတီးနားခီကလည်း “၂၅နှစ်ကနေ နှစ် ၁၀၀ တိုင်၊ နှစ် ၁၀၀ ကနေ နှစ် ၂၀၀ တိုင်၊ နှစ် ၃၀၀ အထိ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်” ဟုဆိုသည်။

ခီမောင်နှံနှင့်အတူ ဧရာဝတီ သတင်းဌာန တည်ထောင်သူ ဦးအောင်ဇော်အား တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)

ဒါရိုက်တာ ခရစ္စတီးနားခီနှင့် မင်းသား ဇာဏ်ခီတို့ နှစ်ဦးသည် ဧပြီလအတွင်းက ရန်ကုန်မြို့ရှိ ဧရာဝတီရုံးခန်းကို လာရောက် လည်ပတ်ခဲ့ကြပြီး ဒီလိုလာရောက် လည်ပတ်ချိန်မှာ သူတို့နှစ်ဦး ကျော်ဖြတ်နေရသည့် ရုပ်ရှင်လောကမှ အခက်အခဲများ၊ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများနှင့် ယခုချိန်ထိ အခက်အခဲများကြားမှာ ခိုင်ခိုင်မြဲမြဲ လက်တွဲနိုင်ခဲ့သည့် အခြေအနေများကို ဧရာဝတီမှ သီးသန့် တွေ့ဆုံကာ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ခီမောင်နှံနှင့်အတူ ဧရာဝတီ သတင်းဌာန တည်ထောင်သူ ဦးအောင်ဇော်အား တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)

ဧရာဝတီ သတင်းဌာနကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ထိုအချိန်မှစ၍ ဧရာဝတီသည် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် မြန်မာနှင့် အရှေ့တောင်အာရှရေးရာ သတင်း၊ သတင်းဆောင်းပါး၊ သတင်းသုံးသပ်ချက်နှင့် အယ်ဒီတာ့ အာဘော်များဖြင့် စာဖတ်ပရိသတ်၏ ယုံကြည်ကိုးစားသော သတင်းဌာန ဖြစ်လာခဲ့သည်။

ဆက်စပ်သတင်းလင့်ခ် – ခီမောင်နှံနှင့် ဧရာဝတီ တွေ့ဆုံခြင်း (အပိုင်း – ၁)

ခီမောင်နှံနှင့် ဧရာဝတီ တွေ့ဆုံခြင်း (အပိုင်း – ၂)

Did you find apk for android? You can find new Free Android Games and apps.
Loading