• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

အဆိုတော် အစ္စဏီ အမှုရုံးချိန်းကို တရားလို ခရီးလွန်နေခြင်းကြောင့် ရွှေ့ဆိုင်းထား

by ယုဖြူဟန်
23 May 2018
in Lifestyle
A A
ဒုတိယအကြိမ်မြောက် ရုံးထုတ်လာတဲ့ အဆိုတော်အစ္စဏီကို တွေ့ရစဉ် / အောင်ကျော်ထက် / ဧရာဝတီ

ဒုတိယအကြိမ်မြောက် ရုံးထုတ်လာတဲ့ အဆိုတော်အစ္စဏီကို တွေ့ရစဉ် / အောင်ကျော်ထက် / ဧရာဝတီ

7.6k
VIEWS
Share on FacebookShare on Twitter

အဓမ္မပြုကျင့်မှု အပါအဝင် အမှု ၃ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီ(ခေါ်) ဟန်ထွန်းဇော်ရဲ့ယနေ့ မေလ ၂၃ ရက်နေ့ ဒုတိယမြောက် ရုံးချိန်မှာ တရားလိုဖြစ်သူ မဇာခြည်ဌေး (ခေါ်) စူးရှထက်က ခရီးလွန်နေတဲ့အတွက် ရောက်မလာ နိုင်ခဲ့ပါဘူး။

ဒါကြောင့် ဒီနေ့မှာ တရားခွင် မစစ်ဆေးခဲ့ရဘဲ ဇွန်လ ၁ ရက်နေ့မှာ စစ်ဆေးရန် ပြန်လည်ချိန်းဆိုခဲ့တယ်လို့ အဆိုတော် အစ္စဏီရဲ့ အကျိုးဆောင် ရှေ့နေဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးအုန်းသောင်းက ဧရာဝတီကို ပြောပါတယ်။

RelatedPosts

စစ်ကိုင်း၌ တပတ်အတွင်း လူငယ် ၄၀ ကျော် ဖမ်းခံရ

စစ်ကိုင်း၌ တပတ်အတွင်း လူငယ် ၄၀ ကျော် ဖမ်းခံရ

24 May 2025
111
မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

မျက်တောင်များတောင် မခတ်ဝံ့သလိုပဲ ဆို

24 May 2025
64
တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

23 May 2025
1.1k

“မဇာခြည်ဌေးက ခရီးလွန်တယ်လို့ တရားရုံးကပို့တဲ့ သမ္မာန်စာကို ရဲကသွားစစ်တဲ့အခါမှာ ရဲရဲ့ အစီရင်ခံစာ အရ သိရတယ်။ အမှန်တကယ်တော့ ဒီနေ့ စစစ်ဖို့ပါ။ သူတို့ဘက်ကလည်း စစ်ဖို့ ပြင်ဆင်ထားပြီးသား၊ သူ (တရားလို) ခရီးလွန်လို့ မစစ်ခဲ့ရဘူး။ တရားရုံးက ဇွန်လ ၁ရက်နေ့ကို ပြန်ချိန်းပေးခဲ့တယ်။ အဲဒီနေ့တော့ စစစ်ပါမယ်” လို့ တရားလွှတ်တော်ရှေ့နေ ဦးအုန်းသောင်းက ဧရာဝတီကို ပြောပါတယ်။

အမှုဖွင့်ထားခံရမှုအခြေအနေနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးအုန်းသောင်းက “ပထမဦးဆုံး ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၂၃ ၊ ၃၂၅ နဲ့ရဲက အမှုဖွင့်ထားတယ်။ တကယ်တမ်းကျနော်တို့ ရုံးကိုတင်တဲ့အခါကျတော့ ဒဏ်ရာရတဲ့ ဆေးစာတွေ အရ ပုဒ်မ ၃၇၆ ၊ ၃၂၃ ၊ ၃၂၄ ရယ်ဒါနဲ့ပဲ စွဲတာ။ တရားခံဘက်ကနေ ကျနော်တို့ ထုချေရမှာလည်း အဲဒီပုဒ်မ ၃ ခုကို ထုချေ ရမှာပေါ့”လို့ ပြောပါတယ်။
အဆိုပါ တရားရုံးချိန်းကိုတော့ ယနေ့ မေလ ၂၃ရက်နေ့ မနက်ပိုင်းက တာမွေမြို့နယ်တရားရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၁ ရက်နေ့၊ ပြန်လည်ချိန်းဆိုထားသော ရုံးချိန်းမှာတော့ ဥပဒေအရာရှိက စစ်ဆေးမေးမြန်းမှာဖြစ်ပြီး အပြန်အလှန် မေးမြန်းမှုများလည်း ရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုတော် အစ္စဏီကို ဧပြီလ ၁၂ရက်နေ့ မနက်ပိုင်းက ရည်းစာဟောင်းဖြစ်သူ အသက်၂၇ နှစ်အရွယ်၊ မော်ဒယ် စူးရှထက်အား အဓမ္မပြုကျင့်ကာ အပြင်းအထန်ဒဏ်ရာ ရရှိစေခြင်းတို့ကြောင့် တာမွေမြို့မရဲစခန်းတွင် မုဒိမ်းမှု ၊ မိမိ အလိုအလျောက် နာကျင်စေမှု ၊ ဘေးဖြစ်စေသော လက်နက်ဖြင့် နာကျင်စေမှုတို့နဲ့ အမှုဖွင့်တိုင်ကြားထားတာ ဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုရန်– အဆိုတော်အစ္စဏီ ကျူးလွန်ခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး ပရိသတ်ကို အရမ်း ရှင်းပြချင်နေတယ်လို့ အစ်ကိုဖြစ်သူပြော

Your Thoughts …
Tags: အဆိုတော် အစ္စဏီ အမှု
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ယနေ့ ရုံးချိန်းမှာ တွေ့ရတဲ့ အဆိုတော် အစ္စဏီ / ယုဖြူဟန် / ဧရာဝတီ

ရုတ်သိမ်းလွှာ တင်ပြီးပေမယ့် အစ္စဏီရဲ့ အာမခံ တင်ပြမှုကို တရားရုံးက လက်မခံ 

by ယုဖြူဟန်
9 August 2019
8.9k

“အာမခံက လျှောက်ထားတာ မဟုတ်ဘူး။ တင်ပြတာ၊ ရုံးတော်က လက်ခံ၊ မခံ စဉ်းစား ဆုံးဖြတ်တာ။ တင်ပြတဲ့အပေါ် မူတည်ပြီးတော့ ရုံးတော်က စဉ်းစားဆုံးဖြတ်တဲ့ အရာပေါ့။

Next Post
အဆိုတော် ဆိုဖီယာ / ယုဖြူဟန် / ဧရာဝတီ

“LGBT မဟုတ်ပါဘူး၊ ယောကျာ်းလေးပဲ စိတ်ဝင်စားတာပါ” ဆိုတဲ့ အဆိုတော် ဆိုဖီယာ

သံဓာတ်ပြည့်ဝအောင် စားပေးသင့်တဲ့ အစားအစာများ

သံဓာတ် အလုံအလောက် ဖြည့်တင်းပေးနိုင်မယ့် အစားအစာများ

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.5k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.9k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate