Entertainment

သာသနာ့ဘောင်မှာ ပျော်သလောက်နေမယ်ဆိုတဲ့ အဆိုတော်နိုင်းဝမ်း

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ သစ်တံခါးကျောင်းမှာ ဒုလ္လဘ ဦးပဉ္ဇင်းဝတ်နေတဲ့ အဆိုတော်နိုင်းဝမ်းက သာသနာ့ဘောင်မှာ ပျော်သလောက် ဘုန်းကြီးဝတ်ပြီးနေမယ်လို့ ဧရာဝတီကို မိန့်ကြားပါတယ်။

ဦးပဉ္ဇင်းတဖြစ်လဲ အဆိုတော် နိုင်းဝမ်းက မေလကုန်မှာ Show ပွဲများမှာ ပါဝင်ဖျော်ဖြေဖို့ ရှိပေမယ့် ပျော်ရင်သာသနာ့ ဘောင်ကနေ ထွက်ဖြစ်မှာ မဟုတ်သေးကြောင်း ဆိုပါတယ်။

“ဦးပဉ္ဇင်းရဲ့ဘွဲ့နာမည်က ဉူးကေသာရပါ။ ဦးပဉ္ဇင်းက မွေးနေ့မှာပဲ ဘုန်းကြီးဝတ်ဖြစ်သွားတာ။ ဝတ်ချင်စိတ် ဖြစ်နေတာ တော်တာ်ကြာပါပြီ။ ရှေ့မှာလည်း အလုပ်တွေရှိနေတာနဲ့ မဝတ်ဖြစ်တာ။ သင်္ကြန် မတိုင်ခင်ထဲက ဝတ်ချင်နေတာ။ လူပြန်ထွက်လာရင် ရှိုးတွေဆိုဖို့ လက်ခံထားပါတယ်။ ဒီမေလ ၃၀ ရက်နေ့က တမူး၊ ၇ရက်နေ့က ကလေး၊ ၁၅ရက်နေ့ က ဂန့်ဂေါမှာပါ ။ ဇွန် ၁၈ ကနေ ၂၃ က ထိုင်းမှာ ဖျော်ဖြေဖို့ ရှိပါတယ်။ မေလကုန်မှာ သီချင်းဆိုဖို့ရှိတယ် ဆိုပေမယ့် ဦးပဉ္ဇင်း အဖြစ်ကနေ မထွက်ချင်သေးရင်တော့ ဆက်ဝတ်ဦးမှာပါ”လို့ ဧရာဝတီကို မိန့်ပါတယ်။

အဆိုတော်နိုင်းဝမ်းက ဘယ်သူ့ကိုမှ အသိမပေးဘဲ တယောက်ထဲ ရဟန်းဝတ်ခဲ့တာ ဖြစ်ပြီး သူဆီ လာရောက်နေတဲ့ မာတုကာမတွေကိုလည်း Facebook ကနေ အခုလိုမျိုး ရေးသားပြီး အသိပေးထားပါသေးတယ်။

သူရဲ့ကျောင်းကို လာရောက်နေလို့ ကျောင်းမှာရှိတဲ့ ဘုန်းကြီးတွေက ပြောနေတာနဲ့ ပတ်သတ်ပြီး မာတုကာမတွေကို ပြောထားတာကတော့ “ကျောင်းက ဘုန်းဘုန်းတွေက မိန့်တယ်။ ကိုယ်တော်တို့ ဒီကျောင်းကို ရောက်လာကတည်းက ကိုယ့်တော်တို့ဆီ လာကြတဲ့ ဒကာမတွေ များလွန်းလို့ မျက်စိနောက်လာပြီ။ ကိုယ်တော်တို့ ဒီကျောင်းက ပြောင်းပါတော့တဲ့။ ဦးပဉ္ဇင်း လူမထွက်ချင်သေးဘူး။ ဒီကနေ့ကစလို့ မာတုကာမလေးတွေ ကျောင်းကို မလာကြနဲ့တော့။ ဖူးချင်ရင် ဒီနေ့ညနေ ၆ နာရီ ရွှေတိဂုံဘုရားမှာ လာဖူး”ဆိုပြီး ရေးသားထားပါတယ်။

ဦးပဉ္ဇင်းအဖြစ် မေလ ၁၈ရက်နေ့ မွေးနေ့ အမှတ်တရ ဝတ်ခဲ့တဲ့ အဆိုတော်နိုင်ဝမ်းက အခုသင်္ကန်းဝတ်ခြင်းက ၅ ကြိမ် မြောက် ရှိနေပြီလို့ ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading