ဟင်းပွဲမျိုးစုံနဲ့ အချိုပွဲတွေမှာ မပါမဖြစ် ပါဝင်တတ်တဲ့ နာနတ်သီးရဲ့ ချိုချိုချဉ်ချဉ် အရသာကြောင့် လူအများစု ကြိုက်နှစ်သက်ကြသလို ကျန်းမာရေး ရှုထောင့်ကနေ ကြည့်ရင်လည်း အကျိုးကျေးဇူးတွေများစွာ ရှိပါတယ်။
ဒါကြောင့်မို့လို့ နာနတ်သီး စားသုံးခြင်းကနေ ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေ အတွက် လေ့လာသိရှိနိုင်အောင် ရေးသား ဖော်ပြပေးလိုက်ပါတယ်။
(၁) နာနတ်သီးမှာ ကိုလက်စထရောနဲ့ အဆီဓာတ် ပါဝင်မှုနည်းပါးပြီး အရည်ရွှမ်းတဲ့ အသီးတမျိုးဖြစ်တာကြောင့် ဆာလောင်မှုဒဏ်ကို အချိန်ကြာကြာခံနိုင်ပြီး ကိုယ်အလေးချိန် လျှော့ချနေသူတွေအတွက် အထူးသင့်တော်ပါတယ်။ နာနတ်သီးကို တနေ့တစိတ် ပုံမှန်စားပေးမယ်ဆိုရင် ဗိုက်ခေါက်ထွက်ခြင်းနဲ့ ဗိုက်ပူခြင်းကို လျော့ကျစေနိုင်ပါတယ်။
(၂) ဂျာမနီနိုင်ငံက ဆေးသုတေသနပညာရှင်တွေရဲ့ လေ့လာချက်အရ နာနတ်သီးစားသုံးဟာ အဆစ်အမြစ် ရောင်ရမ်းခြင်းနဲ့ ခန္ဓာကိုယ် ဖောရောင်ခြင်းကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။
(၃) နာနတ်သီးမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကြွက်သားနာကျင်ခြင်းနဲ့ မကြာခဏ ကြွက်တက်ခြင်းတို့ကို ပျောက်ကင်းသက်သာစေနိုင်ပါတယ်။
(၄) နာနတ်သီးမှာ ဗီတာမင်စီ အပြည့်အဝ ပါဝင်တာကြောင့် ရာသီဥတု အပြောင်းအလဲမှာ ဖြစ်တတ်တဲ့ အအေးမိ၊ နှာစေးနဲ့ ချောင်းဆိုးခြင်းတွေကို သက်သာ ပျောက်ကင်းစေနိုင်ပြီး ဗီတာမင် B6 ပါဝင်တာကြောင့် ကိုယ်ခံအား ကောင်းစေပါတယ်။
(၅) နာနတ်သီးမှာ အမျှင်ဓာတ်နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွင်းပိုင်း အင်္ဂါတွေကို သန့်စင်ပေးနိုင်သလို ကျောက်ကပ်လည်ပတ်မှုနဲ့ အစာအိမ်ရဲ့ အစာခြေစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။
(၆) ဆီးကျင်တတ်သူတွေအနေနဲ့ နာနတ်သီးကို မကြာခဏ စားသုံးပေးခြင်းအားဖြင့် ဆီးရွှင်စေနိုင်ပြီး ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
Ref : steptohealth.com