အနောက်တိုင်း မီဒီယာပေါ်မှ နာမည်ကျော်ကြားသူ တယောက်ဖြစ်တဲ့ Kim Kardashian ဟာ အသက် ၆၂ နှစ်အရွယ် အဘေးဖြစ်သူ Alice Marie Johnson လွတ်မြောက်ရေးအတွက် ဒေသစံတော်ချိန် မေလ ၂ဝ ရက်နေ့မှာ အိမ်ဖြူတော်ကို သွားရောက် လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။
အသက် ၃၇ နှစ်အရွယ် Kardashian ဟာ အကျဉ်းထောင် ပြောင်းလဲရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ သမ္မတ Donald Trump ၊ အကြီးတန်းအကြံပေး Jared Kushner ဆွေးနွေးဖို့ အစည်းအဝေးတခု ပြုလုပ်သွားမှာ ဖြစ်တယ်လို့ Mic မီဒီယာကို ပြောကြားခဲ့ဖူးပါတယ်။
Kardashian က “ကျမ ကြိုးစားပမ်းစား တိုက်ခိုက်နေရပြီး မှန်ကန်တဲ့ အရာအတွက် ရင်ဆိုင် တိုက်ခိုက်မှုတွေ လုပ်သွားဖို့ ဆန္ဒရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ Vanity Fair မီဒီယာကနေ ပထမဆုံး သတင်းထုတ်ပြန်ခဲ့တဲ့ အဲဒီအစည်းအဝေးကို အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်း စံတော်ချိန် ညနေ ၄ နာရီမှာ ပြုလုပ်ခဲ့ပြီး သူတို့ ၃ ဦးဟာ ဘဲဥပုံရုံးခန်းမှာ စုဝေး ခဲ့ကြတယ်လို့ ဆိုပါတယ်။
NBC News ကတော့ အိမ်ဖြူတော်ကို လာရောက်တဲ့ Kardashian ရဲ့ ဗီဒီယိုကို ရိုက်ကူးထားနိုင်ခဲ့ပါတယ်။ သမ္မတ Trump ကတော့ သူတို့ရဲ့ အစည်းအဝေး ပြီးတဲ့နောက် ဘဲဥပုံရုံးခန်းထဲမှာ Kardashian နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတခုကို Twitter မှာ တင်ခဲ့ပါတယ်။ အစည်းအဝေး အချက်အလက်အသေးစိတ်အနည်းငယ်သာ ထွက်ပေါ်ခဲ့ပေမယ့် သူတို့ နှစ်ဦးဟာ ကောင်းကောင်း မွန်မွန်တွေ့ဆုံခဲ့ပြီး အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးနဲ့ ပြစ်ဒဏ်ချမှတ်မှု အကြောင်းတွေ နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ Trump က ဆိုပါတယ်။
TMZ မီဒီယာရဲ့ အဆိုအရ Kardashian ရဲ့ ရှေ့နေ Shawn Holley ဟာ သမ္မတ Trump၊ အကြံပေး Kushner တို့နဲ့အတူ မေလ ၃၀ ရက်နေ့၊ ညနေပိုင်းမှာ တွေ့ဆုံဦးမယ်လို့ သိရပါတယ်။ Kardashian ဟာ သမ္မတအိမ်တော်ကို သူနဲ့ နီးစပ်တဲ့ ကင်မရာသမားတွေကို အကြောင်း မကြားဘဲ သွားရောက်ခဲ့တာ ဖြစ်တယ်လို့ သတင်းတွေမှာ ဆိုကြပါတယ်။
Ref: etcanada