Lifestyle

“တရားလို ထွက်ဆိုချက်တွေကြောင့် သား ဒေါသထွက်နေတယ်” လို့ ပြောတဲ့ အစ္စဏီရဲ့အမေ

Want create site? Find Free WordPress Themes and plugins.

မုဒိမ်းမှုအပါအဝင် အမှု ၃ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီရဲ့ တတိယအကြိမ်မြောက် ရုံးချိန်းကို ယနေ့၊ ဇွန်လ ၁ရက်နေ့က တာမွေမြို့နယ်၊ တရားရုံးမှာပြုလုပ်ခဲ့ရာ တရားလိုဖြစ်သူ မဇာခြည်ဌေး(ခေါ်) စူးရှထက်ကို စစ်ဆေး မေးမြန်းခဲ့ပါတယ်။

ယနေ့ စစ်ဆေး မေးမြန်းမှုမှာတော့ စူးရှထက်ရဲ့ ထွက်ဆိုချက်များကြောင့် သားဖြစ်သူ အစ္စဏီက ဒေါသထွက်နေတယ်လို့ အစ္စဏီရဲ့ မိခင်ဖြစ်သူ ဒေါ်ဥမ္မာမြင့်က ပြောပါတယ်။

“ဒီနေ့ထွက်ဆိုချက်နဲ့ ပတ်သက်ပြီးတော့ သူက မဟုတ်တာတွေ အရမ်းပြောတော့ သားကတော်တော် ဒေါသဖြစ်နေတယ်။ အခုချိန်ထိ အန်တီတို့ လုံးဝမကျေအေး ခိုင်းသေးပါဘူး။ ရန်ဖြစ်တာကို ရန်ဖြစ်တဲ့အကြောင်း မဟုတ်ဘဲနဲ့ ၃၇၆နဲ့ စွဲတယ်။ မနက် ၄ နာရီ ၅နာရီမှာ ရဲက ရန်ဖြစ်တာနဲ့ လာဖမ်းသွားတယ်။ ၉ နာရီမှာ မုဒိမ်းမှုနဲ့ထပ်စွဲတယ်” လို့ အစ္စဏီရဲ့ မိခင်ဖြစ်သူ ဒေါ်ဥမ္မာမြင့်က စာနယ်ဇင်း မီဒီယာများကို ပြောပါတယ်။

ယနေ့ စစ်ဆေးမှုမှာတော့ တရားလို စူးရှထက်ဘက်မှ သက်သေများနှင့်တကွ ထွက်ဆိုမှုများ ပြုလုပ်ခဲ့ပြီး အမှုဖြစ်ပွားခဲ့ပြီး ချိန်မှာ တရားလိုရဲ့အိမ်မှာ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်ကိုလည်း တရားခွင်မှာ ပြသခဲ့တယ်လို့ သိရပါတယ်။

“နစ်နာသူ တရားလို မဇာခြည်ဌေးကို စစ်ဆေးသွားပါတယ်။ စစ်ဆေးပြီးတဲ့နောက် စွပ်စွဲခံရသူဘက်က ရှေ့နေက အပြန်အလှန် မေးခွန်းကို မေးတဲ့အခါ Cele 7 က ရိုက်ခဲ့တဲ့ ဗီဒီယိုအခွေ ပါလာတယ်။ သက်သေခံအနေနဲ့ အဲဒီ ဗီဒီယိုအခွေက အမှုပိုမို ပီပြင်သွားတယ်။ အမှုအနေအထားမှာတော့ တရားလိုဘက်ကလည်း သူ့ရဲ့ထိခိုက် နစ်နာ ခံစားရတာကို ထွက်ဆိုနိုင်တယ်” လို့ တရားလိုရဲ့ရှေ့နေဖြစ်သူ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

သားဖြစ်သူနှင့် မဇာခြည်ဌေး(ခေါ်) စူးရှထက်တို့ ၂ဦးရဲ့ ပတ်သက်မှုကို အစ္စဏီရဲ့ မိခင်ဖြစ်သူ ဒေါ်ဥမ္မာမြင့်က “ကိုယ်ဝန် ၂ လ ရှိပြီဆိုပြီး အန်တီ့အိမ် ဝင်လာတယ်။ လက်ခံပေးပါ။ ယူမှာပါဆိုပြီး ပြောလို့ လက်ခံပေးလိုက်တယ်။ အဲဒီနောက်ပိုင်းမှာ ခဏခဏ ပြဿနာ တက်တယ်။ ပြဿနာတက်ကြတော့ သားကို မသွားနဲ့တော့ အခြေအနေ မဟန်ဘူး။ သားမသွားတဲ့ အချိန်မှာ အိမ်အောက်ကနေပြီးတော့ ဆဲမယ်ဆိုမယ်ဆိုပြီး အိမ်ပေါ်ရောက်လာတယ်”

“သားကို ရိုက်နှက်ပြီးတော့ ရဲတိုင်မယ်ဆိုတော့ ပြန်သွားတယ်။ လာခေါ်တယ်။ သမီးတာဝန်ယူတယ်ဆိုပြီး ခေါ်သွားတယ်။ မနက်မိုးလင်းရင် ရဲတိုင်မယ်ဆိုပြီး ပြန်လာရပြန်ရော ကိုယ့်သားက ဒဏ်ရာဒဏ်ချက်တွေနဲ့။ သူ့ဆီမသွားတော့ဘူး။ သင်္ကြန်ပွဲသွားမယ်ဆိုပြီး အိမ်မှာနေတဲ့အချိန်မှာ ဖုန်းတွေဆက်တိုက်ခေါ်တယ်။ သားက ဘယ်လိုရောက်သွားလိုက်လဲ မသိဘူး။ ည ၁နာရီခွဲမှာ။ မနက်ကျတော့ ဒီလိုသတင်းကြားတာပဲ” လို့ပြောပါတယ်။

အဆိုတော် အစ္စဏီ(ခေါ်) ဟန်ထွန်းဇော်ကိုတော့ တာမွေမြို့နယ်တရားရုံးမှာ ဥပဒေပုဒ်မ ၃၇၆ ၊ ၃၂၄ ၊ ၃၂၃ တို့ဖြင့် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုရန်အစ္စဏီရဲ့ အမှုမှာ တရားလို စူးရှထက်ကို စစ်ဆေးမှုများ စတင်ပြုလုပ်

Did you find apk for android? You can find new Free Android Games and apps.
Loading