Lifestyle

အသက် ၃၀ ပြည့်သွားပြီ ဖြစ်တဲ့ မင်းသား အောင်ရဲလင်း

Want create site? Find Free WordPress Themes and plugins.

ယနေ့ ဇွန်လ ၁၉ ရက်နေ့က သရုပ်ဆောင် အောင်ရဲလင်းရဲ့ အသက် ၃၀ ပြည့် မွေးနေ့ပဲ ဖြစ်ပါတယ်။ အောင်ရဲလင်းက အနုပညာလောကထဲကို မော်ဒယ်အနေနဲ့ စတင် ဝင်ရောက်လာခဲ့သူ တဦးပါ။ မော်ဒယ်ခေတ်မှာ ဆံပင်ရှည်ရှည်၊ ကိုရီးယားစတိုင်နဲ့ အောင်ရဲလင်းကို ပရိသတ်က သတိထားမိခဲ့ကြပြီး သူ့ကို မော်ဒယ်ရှိုး တော်တော်များများမှာ ပါဝင်တာ တွေ့ရပါတယ်။

VCD ကာရာအိုကေ ခေတ်မှာလည်း ကာရာအိုကေ တေးသီချင်းများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်ရဲလင်းက ဒါရိုက်တာ ကြည်ဖြူသျှင်နဲ့ အတူ ဗီဒီယိုဇာတ်ကား တော်တော်များများ ရိုက်ကူးခဲ့ပါတယ်။ ခေါင်းဆောင် မင်းသားအဖြစ် ဒါရိုက်တာ ကြည်ဖြူသျှင်နဲ့ အတူ လက်တွဲ လုပ်ကိုင်ရင်း အောင်ရဲလင်းဟာ နာမည်ကြီး မင်းသားတဦး ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက အောင်ရဲလင်းရဲ့ သရုပ်ဆောင်မှု အပိုင်းမှာ လိုအပ်ချက်တွေ အများကြီးရှိတယ်လို့လည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကြော်ငြာများ၊ အလှပုံများ၊ မဂ္ဂဇင်းကာဗာများ၊ ပြက္ခဒိန်များ ဆက်တိုက်ရိုက်ကူးခဲ့လာရပြီး အောင်ရဲလင်းကို အဓိက ဆံပင်စတိုင် အမျိုးမျိုးနဲ့ တွေ့မြင်ခဲ့ရပြီး အောင်ရဲလင်းရဲ့ ဖက်ရှင် စတိုင်များကလည်း လူငယ်များ ကြားမှာ ရေပန်းစားခဲ့ပါတယ်။

မိတ်ကပ် မထက် (Pop Soul) နဲ့ အောင်ရဲလင်း

လက်ရှိမှာ အောင်ရဲလင်းရဲ့ ဆံပင်စတိုင်နဲ့ပတ်သက်ပြီး အဓိက တာဝန်ယူပြီး ပုံဖော်ပေးတာကတော့ မိတ်ကပ် မထက် (Pop Soul) ဖြစ်ပြီး မထက်ဆီမှာပဲ ဆံပင်စတိုင်ကို မကြာခဏ ပြောင်းခဲ့ပါတယ်။ ဒါကြောင့် အောင်ရဲလင်းရဲ့ပင်တိုင် Hair Stylist ကတော့ မိတ်ကပ် မထက် ( Pop Soul) လို့ ဆိုရမှာပါ။

အောင်ရဲလင်းကို “သက်တံသစ်”၊ “ချစ်လှစွာသော အမုန်း” နဲ့ “ဘွန္တောကြက်သူခိုး” ရုပ်ရှင်ကားကြီးတွေမှာ ခေါင်းဆောင် မင်းသားအဖြစ် တွေ့မြင်ခဲ့ရပြီး အဲဒီဇာတ်ကားတွေမှာ အောင်ရဲလင်းရဲ့ သရုပ်ဆောင်မှုတွေကိုတော့ ပီပြင်မှု ရှိခဲ့တဲ့အတွက် ပရိတ်သတ် အားပေးမှုကို ပိုမိုရရှိခဲ့ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင် မင်းသမီး ဖွေးဖွေးနဲ့ အတူတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “အသက်ကို အသက်ထက်ပို၍” ဇာတ်ကားကြီးမှာလည်း ပီပြင်တဲ့သရုပ်ဆောင်မှုကြောင့် ဖွေးဖွေးနဲ့ သရုပ်ဆောင်တာ လိုက်ဖက်တယ်လို့ ပရိသတ်များက ပြောဆိုခဲ့ကြပါတယ်။

လတ်တလောမှာလည်း “မတစ်ထောင် တစ်ကောင်ဘွား” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အောင်ရဲလင်းရဲ့ သရုပ်ဆောင်မှု အပိုင်းနဲ့ ပတ်သက်ပြီး ချီးကျူးပြောဆိုသံများ ကြားရတဲ့အတွက် သရုပ်ဆောင်မှုအပိုင်းမှာ ပိုပြီးအဆင်ပြေလာတယ်လို့ ပြောရပါမယ်။

အချစ်ရေးမှာလည်း နာမည်ကြီး မင်းသမီးတဦးနဲ့ တွဲဖက်ညီညီ သရုပ်ဆောင်နိုင်မှုကြောင့် ပရိသတ်များက သဘောတူခဲ့ ကြပေမယ့် ပြတ်စဲသွားခဲ့ပြီး မြန်မာနိုင်ငံရဲ့ အောင်မြင်နေတဲ့ Beauty Blogger တဦးနဲ့လည်း ချစ်ကြိုက်ခဲ့ပါသေးတယ်။ ဒါပေမယ့် နားလည်မှုနဲ့ လမ်းခွဲခဲ့ပြီး လက်ရှိ အချစ်ရေးကိုတော့ အောင်ရဲလင်းက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

သရုပ်ဆောင် အောင်ရဲလင်းက မြန်မာနိုင်ငံရဲ့မင်းသားတွေထဲမှာ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ကြည့်ကောင်းတဲ့ အတွက် ထိုင်းနိုင်ငံရဲ့ ရုပ်သံတခုမှာ မြန်မာနိုင်ငံရဲ့ ဆွဲဆောင်မှု အရှိဆုံး အမျိုးသား သရုပ်ဆောင်အဖြစ်လည်း ရွေးချယ်ခံခဲ့ ရပါသေးတယ်။

ဒါရိုက်တာ ကြည်ဖြူသျှင်နဲ့ အတူ တွေ့ရတဲ့ အောင်ရဲလင်း

အောင်ရဲလင်းက သူ့ရဲ့ လက်ဦးဆရာဖြစ်တဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်နဲ့ အတူ ဂျပန်နိုင်ငံမှာ သွားရောက်ပြီး “ဇာတိမြေ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရိုက်ကူးခဲ့ပြီး ဒီဇာတ်ကားကလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ယခု နောက်ပိုင်းမှာ ဖက်ရှင်ပိုင်းရော၊ ကိုယ်ဟန်ပန် အမူအရာတွေပါ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတဦးအနေနဲ့ ပိုပြီး တွေ့မြင်လာရတဲ့ သရုပ်ဆောင် အောင်ရဲလင်းက လက်ရှိ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ထိပ်တန်း မင်းသားတွေထဲမှာ တဦး အပါအဝင် ဖြစ်နေဆဲပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading