တောင်ကိုရီးယား မိန်းကလေး အဆိုတော် အဖွဲ့ “Girls’ Generation” အဖွဲ့ဝင် YoonA ဟာ သူရဲ့ ဆိုရှယ် မီဒီယာ အကောင့်တွေ ထပ်ခါထပ်ခါ အဟက်ခံနေရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။
ဇူလိုင်လ ၈ ရက်နေ့မှာ YoonA က Instagram အကောင့်မှာ အတည်သဘော ပြောဆိုတဲ့ မက်ဆေ့ချ်တခုကို ဝေမျှပြီး ဟက်ကာတွေရဲ့ ပစ်မှတ်ထားခံနေရတဲံ အကြောင်း ပြောဆိုခဲ့ပါတယ်။
မင်းသမီး YoonA က “အဲဒီလိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ ကျမ မသိပါဘူး။ ဒါပေမယ့် ကျမရဲ့ Instagram လျှို့ဝှက်နံပါတ်က အပြောင်းခံလိုက်ရပါတယ်။ ဒါကြောင့် ကျမ အခု ဝင်လို့ မရပါဘူး။ ကျမရဲ့ အကောင့်ကို ပြန်မရမှာစိုးလို့ ပြန်ထွက်လို့လည်း မရပါဘူး။ မနေ့က ဖြစ်ခဲ့တာပါ။ ကျမရဲ့ ပရိသတ်တွေနဲ့ ဆက်သွယ်ဖို့ သုံးတဲ့ ကိုယ်ပိုင်နေရာမှာ ဒီလိုမျိုး အခြေအနေမျိုး ဖြစ်တာ တော်တော်များလာနေပါတယ်” လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ဒီလိုမျိုးအကောင့်ဟက်ခံရမှုဟာ အကြိမ်ပေါင်းများစွာရှိခဲ့ပြီး Instagram အကောင့်တွင်သာ မဟုတ်ဘဲ တခြားအကောင့်များတွင်လည်း ဖြစ်နေခဲ့ကြောင်း စိတ်မသက်မသာဖြစ်ရပြီး စိုးရိမ်ရတဲ့ အခြေအနေဖြစ်တဲ့ အတွက် ထုတ်ပြောဖို့ အချိန်ဖြစ်တယ်လို့ ထင်မြင်ကြောင်းလည်း စာထဲမှာ ဖော်ပြထားပါတယ်။
YoonA က သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို မပြောင်းလဲဘဲ သူ့ရဲ့ Privacy ကို လေးစားကြဖို့လည်း တောင်းဆို လိုက်ပါတယ်။
အဲဒီနောက် YoonA ဟာ သူရဲ့ ပို့စ်ကို ပြန်ဖျက်လိုက်တယ်လို့ သိရပါတယ်။ နာမည်ကျော် မင်းသမီးလည်း ဖြစ်ပြီး “Girls’ Generation” အဖွဲ့ဝင်တယောက်ဖြစ်တဲ့ YoonA ဟာ လက်ရှိမှာ “Yoona Fanmeeting Tour, So Wonderful Day #Story_1” ဆိုတဲ့ အမည်နဲ့ တကိုယ်တော် နယ်လှည့်ပရိသတ်တွေ့ဆုံပွဲတခုကို အာရှတခွင်မှာ ရှိတဲ့ နိုင်ငံတွေမှာ ပြုလုပ်လျက်ရှိနေပါတယ်။
Ref:soompi