Lifestyle

မယ်ဆိုင်ဂူအတွင်းမှ ကယ်ထုတ်ထားတဲ့ ကလေးတွေရဲ့ လတ်တလော အခြေအနေ

Want create site? Find Free WordPress Themes and plugins.

ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ မယ်ဆိုင်ဂူအတွင်း ပိတ်မိနေခဲ့သူတွေထဲက လက်ရှိမှာ ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်တဲ့ ကလေး ၈ ယောက်လုံးဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ ကျန်းမာမှုရှိတယ်လို့ နိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဓာတ်မှန်နဲ့ သွေးစစ်ဆေးမှုအဖြေတွေအရ ကောင်လေး ၂ ယောက်ကတော့ အဆုတ်ရောင်နေတဲ့အတွက် ကုသမှုခံယူနေတယ်လို့ သိရပါတယ်။ ဂူထဲမှာ ရှိနေခဲ့တဲ့အတွက် ရေဓာတ်နည်းပါးခြင်း၊ အာဟာရမပြည့်ဝခြင်းတို့ ရှိခဲ့ပေမယ့် နောက်ဆုံးရသတင်းတွေအရ စိတ်ချရတဲ့ အခြေအနေတခုကို ရောက်ရှိနေကြပြီဖြစ်တယ်လို့လည်း သိရပါတယ်။

လတ်တလောမှာတော့ ကောင်လေး ၄ ယောက်နဲ့ လက်ထောက်နည်းပြသာ ဂူထဲမှာ ကျန်ရှိနေတော့တာဖြစ်ပြီး သူတို့နဲ့အတူ ရေတပ်စစ်သားတွေနဲ့ ဆရာဝန်တယောက်တို့ ရှိနေတာပဲ ဖြစ်ပါတယ်။ အခြေအနေပေါ်မူတည်ပြီး ကယ်ဆယ်ရေးရဲ့ နောက်ဆုံးရက်မှာ အားလုံးကိုကယ်ထုတ်နိုင်မှာ ဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းတွေအနေနဲ့ အတိအလင်း ဖော်ပြထားခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိမှာ ရေမျက်နှာပြင်ဟာ လွန်ခဲ့တဲ့နှစ်ရက်နဲ့ အတူတူပဲဖြစ်ပြီး ကယ်ဆယ်မှုအတွက်လည်း အစီအစဉ်ဆွဲထား ပြီးပြီဖြစ်လို့ အနှေးနဲ့အမြန်ဆိုသလို ဆက်လက်လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ကယ်ဆယ်ရေးအရာရှိတဦးဖြစ်သူ Narongsak ကဆိုပါတယ်။

ကယ်ဆယ်ရေးအခြေအနေတွေ အနေနဲ့ကတော့-

-ထိုင်းနိုင်ငံစံတော်ချိန် ၁၀ နာရီ (3:00 GMT) မှာ ရေငုပ်သမား ၁၉ ယောက်ဟာ လိုဏ်ဂူထဲကို ဝင်ရောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

-တနင်္ဂနွေမှာ ပထမတဖွဲ့ ၄ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပြီး တနင်္လာနေ့မှာ ဒုတိယတဖွဲ့ ၄ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

-နိုင်ငံပိုင်ကျန်းမာရေးဝန်ကြီးဌာနတွေအနေနဲ့ အလွယ်တကူစားနိုင်တဲ့ အစားအစာတွေနဲ့ စွမ်းအင်ပြည့်ဂျယ်လ်တွေ ထောက်ပံ့ခဲ့ပေမယ့် အခုအခါမှာတော့ အစာချေဖို့ လွယ်ကူတဲ့အစားအစာတွေ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

-ကျွမ်းကျင်ရေငုပ်သမား ၉၀ ပါဝင်တဲ့ ရေငုပ်အဖွဲ့မှာ အယောက် ၄၀ ဟာ ထိုင်းနိုင်ငံသားတွေဖြစ်ပြီး ကျန်တဲ့ ၅၀ ကတော့ နိုင်ငံခြားသားတွေပဲ ဖြစ်ပါတယ်။

– အင်္ဂလန်ရေငုပ်သမားတဦးက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး လိုဏ်ဂူဝနဲ့ ၄ ကီလိုမီတာ (၂ ဒဿမ ၅ မိုင်) အကွာအဝေးမှာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

-ထိုင်းနိုင်ငံ ရေတပ်အဖွဲ့သားတယောက်ဟာ သောကြာနေ့မှာ သေဆုံးခဲ့ရပြီး သူ့အဖွဲ့ကို Air Tank တွေ ထောက်ပံ့ပေးဖို့ သွားနေတုန်းမှာ အောက်ဆီဂျင်ပြတ်လပ်ခဲ့တာကြောင့် ဖြစ်ပါတယ်။

Ref ; channelnewsasia.com

Did you find apk for android? You can find new Free Android Games and apps.
Loading