Lifestyle

တောဝက် ဘောလုံးအသင်းကို ကယ်ဆယ်ခဲ့တဲ့ မယ်ဆိုင်ဂူတွင်း ခရီးကြမ်း

ထိိုင်းနိုင်ငံ၊ ထမ့်လုံဂူအတွင်းမှာ ဂူတွင်း ရေကြီးမှုကြောင့် ပိတ်မိနေခဲ့တဲ့ တောဝက် ဘောလုံးအသင်းမှ ကလေး ၁၂ ဦးနဲ့ သူတို့ရဲ့ နည်းပြတို့ကို ကယ်ဆယ်ရာ လမ်းဟာ လူတယောက် ဖြတ်သန်းဖို့ကိုပင် ခက်ခဲနေခဲ့တာကို တွေ့ခဲ့ရပါတယ်။
အခုလိုမျိုး ကယ်ဆယ်ရေးလုပ်ငန်းအတွင်းမှာ ဘောလုံးသမား ကလေးငယ်တွေနဲ့ နည်းပြတို့ဆီ ရောက်ရှိနိုင်ဖို့ ဘယ်လောက်တောင် ခက်ခဲတယ်ဆိုတဲ့ အကြောင်းကို ကမ္ဘာကသိဖို့ လိုအပ်ပါတယ်။

ထိုင်းနိုင်ငံဟာ ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ ဘောလုံးအသင်းကို ရှာတွေ့ဖို့ ရေငုပ်သမားတွေ ဘယ်လို ကြိုးပမ်း ရှာဖွေခဲ့ရတယ် ဆိုတဲ့ အကြောင်းကို အခုလို ထုတ်ပြန်ခဲ့ပါတယ်။

ဂူထဲမှာ ရေဘဝဲစပ်ကြော်ကို စားသုံးခဲ့ရတဲ့ သူတို့အသင်းဟာ စိတ်ကူးတောင် မယဉ်ဝံ့တဲ့ ခက်ခဲမှုကို ယခုတော့ အဆုံးသတ် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ရေလွှမ်းနေခဲ့တဲ့ ဂူအတွင်းမှာ ၁၀ ရက်ကြာ ပိတ်မိခဲ့ပြီးနောက် ကလေး ၁၂ ဦးနဲ့ နည်းပြ တဦးတို့ကို အသက်ရှင်လျက် ပြန်တွေ့ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းကလည်း အင်တာနက် အသုံးပြုသူတွေဟာ နက်ရှိုင်းတဲ့ ဂူထဲမှာ ပိတ်မိ သောင်တင်နေခဲ့တဲ့ ထိုင်းလူငယ် ဘောလုံးအသင်းကို ကယ်ဆယ်ခဲ့ရတဲ့ လုပ်ငန်းစဉ်အတွင်းက ရေငုပ်သမားတွေရဲ့ လေးစားဖွယ် ပုံရိပ်တွေကို ဝေမျှခဲ့ကြပါတယ်။ ကယ်ဆယ်ရေး အဖွဲ့နဲ့ ကလေးတွေဟာ ဂူထဲကနေ ခက်ခက်ခဲခဲ ထွက်နိုင်ဖို့ လုပ်ဆောင်ခဲ့နိုင်ချိန်အထိ ကြည့်ရှုသူတွေကတော့ ရင်တမမနဲ့ ရှိခဲ့ကြရတာပါ။

ရေငုပ်သမား ရ ဦးထဲမှ တဦးက “အတွေ့အကြုံအရှိဆုံး ရေငုပ်သမားနဲ့ အောင်မြင်မှုရဖို့အတွက် အန္တရာယ်များတဲ့ ခရီးလမ်း တခုဖြစ်ပါတယ်။ အချိန်အများစုမှာ သူတို့ဟာတိတ်ဆိတ်၊ မှောင်မိုက်လို့ ပင်ကိုယ်အသိစိတ်အပေါ် အခြေခံပြီး အလုပ် လုပ်ခဲ့ကြရပါတယ်။ ကလေးတွေ ပိတ်မိနေခဲ့တဲ့ ဂူဟာ နက်ရှိုင်း၊ မှောင်မိုက်ရုံသာမက သာမန်လူတွေတောင် မကျော် လွန်နိုင်တဲ့ အန္တရာယ်တွေ တော်တော်များများ ရှိနေပါတယ်” လို့ သူ့ရဲ့ အတွေ့အကြံုကို ပြန်လည် ပြောပြခဲ့ပါတယ်။

လူငယ် ဘောလုံးအသင်းသား ၁၂ ဦးနဲ့ နည်းပြ တဦးတို့ကို ဂူထဲကနေ အန္တရာယ်ကင်းကင်း ပြန်ခေါ်လာနိုင်ဖို့အတွက် ရေငုပ်သမားတွေဟာ အဲဒီကလေးတွေကို ရေငုပ်နည်း သင်ပေးတာ၊ ထွက်ပေါက်ရှာဖို့ တောင်ကို ဖောက်တာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ တာလိုမျိုး ကယ်ဆယ်ရေး နည်းလမ်းအချို့ကို လုပ်ဆောင်ခဲ့ပါတယ်။

သူတို့ဟာ ရွံ့နွံနဲ့ အတားအဆီးတွေ ကြားကကနေ နက်နက်ရှိုင်းရှိုင်း ရေငုပ်ခဲ့ရပြီး တချို့ အလျားလိုက် အပေါက်တွေဟာ လူတယောက်စာပဲ ဝင်ထွက်နိုင်တဲ့ အထိ သေးငယ်တယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင် နေစဉ်မှာပဲ ရေငုပ်သမားတဦး အသက်စွန့်ခဲ့ရပေမယ့် သူတို့ အားလုံးဟာ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ လေးစားဖွယ် စိတ်အား တက်ကြွမှုတွေနဲ့အတူ တက်တက်ကြွကြွ ရှိနေခဲ့ပါတယ်။

ဂူထဲမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်နိုင်ဖို့အတွက် ရေငုပ်သမားတွေ ကြံုတွေ့ခဲ့ရတဲ့ ခက်ခဲမှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး အဲဒီ ကြီးကြယ်မြင့်မြတ်သူတွေရဲ့ အလုပ်ကို လူတွေပိုမို နားလည်နိုင်မှာ ဖြစ်ပါတယ်။

Feedytv.com တွင် ရေးသားထားသော “The journey to rescue 13 kid soccers in Thailand, the small slits are just enough to one person to pass; too hard!” သတင်း ဆောင်းပါးအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။

Ref: feedytv

Loading