အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ဟာ အသင်းဝင်နိုင်ငံအချင်းချင်း ကူညီလေ့ ရှိကြပါတယ်။ ယခု အာဆီယံ အသင်းရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ Lim Jock Hoi ဟာ မြန်မာ့ရေကြီးမှုမှာ လိုအပ်တဲ့ အကူအညီတွေကို ပေးအပ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာ တစောင် ပို့ခဲ့ပါတယ်။
ပေးပို့ခဲ့တဲ့ စာမှာ “အာဆီယံအသင်းဟာ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ရေကြီးမှုတွေကြောင့် လက်ရှိမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် ယာယီတဲများ၊အစားအသောက်နဲ့ ဆေးဝါးတွေ ထောက်ပံ့ လိုပါတယ်” ပါရှိပါတယ်။
ယခင်အပတ်က တင်ခဲ့တဲ့ ဒီရေကြီးမှုဟာ ကရင်၊ မွန်၊ ရခိုင်၊ တနင်္သာရီ၊ ရန်ကုန်တိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ ဖြစ်ပွားနေပြီး ပြည်သူပေါင်း ၁၂၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ကာ ၁၂ ယောက် ထက် မနည်း အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
အာဆီယံအရေး ဆန်းစစ်သူတဦးဖြစ်တဲ့ ဦးကျော်လင်းကတော့ အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံ အနေနဲ့ ဒီအကူအညီကို လက်ခံဖို့ တိုက်တွန်းထားပါတယ်။
Ref: thai PBS