တရားဥပဒေဆိုတာ လူတွေကို စည်းကမ်းရှိအောင် လူတွေကထုတ်ထားတဲ့ အရာတွေပါ။ စည်းမျဉ်းစည်းကမ်းတွေ မရှိရင် လူတွေလည်း ပရမ်းပတာဖြစ်ပြီး တိုင်းပြည်တွေဟာတိုးတက်မှုတွေ နှေးကွေးလာမှာ သေချာပါတယ်။
ဒါပေမယ့် အခုပြောပြမယ့် စည်းကမ်းတွေကတော့ ထူးဆန်းပြီး လိုက်နာရခက်မယ့်စည်းကမ်းတွေပါ။ အာရှနိုင်ငံတွေမှာ ထုတ်ထားတဲ့ ထူးဆန်းတဲ့ ဥပဒေတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။
(၁) တရုတ်
တရုတ်နိုင်ငံဟာ လူဦးရေထူထပ်မှုကို လျှော့ချဖို့ ကလေးတယောက်ပဲ မွေးဖွားခွင့်ရှိတယ်ဆိုတဲ့ ဥပဒေကို ထုတ်ခဲ့တာ ကြာပါပြီ။ ဒါရဲ့နောက်ဆက်တွဲအနေနနဲ့ ၂၀၁၃ ခုနှစ်ကစပြီး အရွယ်ရောက်တဲ့ သားသမီးတွေဟာ မိဘတွေကို မကြာခဏ သွားရောက်ကြည့်ရှုရမယ်ဆိုတဲ့ ဥပဒေကို ထုတ်ခဲ့ပါတယ်။
သားသမီးတယောက်ပဲ မွေးခွင့်ရှိပြီး မွေးထားတဲ့သားသမီး လာရောက်တွေ့ဆုံခြင်းတွေမရှိဘဲ အထီးကျန်နေတဲ့ မိဘတွေ အတွက် ဒီဥပဒေကို ထုတ်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသားတွေဟာ တရားစွဲမခံရအောင် မိဘတွေနဲ့ သွားရောက် တွေ့ဆုံ ကြရပါတယ်။
(၂) ဂျပန်
တကမ္ဘာလုံးက ကြည့်ရှုတဲ့ ဆူမိုနဘန်းဆိုတာ ဂျပန်နိုင်ငံရဲ့ ပြယုဂ်အားကစားလို့တောင် တင်စားလို့ရပါတယ်။ဒါပေမယ့် ဂျပန်နိုင်ငံမှာ ခန္ဓာကိုယ်ဝ ခွင့် မရှိပါဘူး။အသက် ၄၀ အရွယ်က စလို့ အမျိုးသား၊အမျိုးသမီးအားလုံးဟာ ခါး ၃၂ လက်မနဲ့ ၃၆လက်မ ထက်ပိုပြီးဝရင် ဒဏ်ငွေကောက်ပါတယ်။
လွန်ခဲ့တဲ့ နှစ်တရာခန့်က ဂျပန်နိုင်ငံသားတွေဟာ ဂျပန်နိုင်ငံကထွက်သွားဖို့ ကြိုးစားတယ်ဆိုရင် ချက်ချင်းသေဒဏ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။ဒါ့အပြင် ဂျပန်နိုင်ငံမှာ ငွေစက္ကူကို ဖြဲဆုတ်ခြင်း၊လွှင့်ပစ်ခြင်းတွေ ပြုလုပ်ပါက ဒဏ်ငွေယန်း ၂သိန်း သို့မဟုတ် ထောင်ဒဏ် တနှစ်ချမှတ်မှာဖြစ်ပါတယ်။
(၃) ဟောင်ကောင်
ဒီဥပဒေကတော့ ရီရခက် ငိုရခက်ဥပဒေလို့တောင် ခေါ်လို့ရပါတယ်။ ဟောင်ကောင်မှာ အမျိုးသမီးတွေဟာ သူတို့ ယောကျ်ားတွေ ဖောက်ပြန်မှန်းသိရင် သတ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ချွင်းချက်အနေနဲ့ သူမကိုယ်တိုင်သတ်ရမှာပဲ ဖြစ်ပါတယ်။
(၄) မလေးရှား
မလေးရှားနိုင်ငံမှာတော့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးမှန်သမျှကို သုံးစွဲခွင့်မရှိပါဘူး။ အားပြင်းတဲ့ အကိုက်အခဲပျောက်ဆေးကိုတောင် သောက်ခွင့်မရှိသလို ဆောင်ထားခွင့်လည်း မရှိပါဘူး။
မလေးရှားနိုင်ငံမှာ မူးယစ်ဆေးလက်ဝယ်တွေ့ရှိတယ်ဆိုရင် သေဒဏ်တောင် ပေးခွင့်ရှိပါတယ်။ နောက်ထပ် ထူးဆန်းတာ ကတော့ ညစ်ညမ်းတဲ့ သီချင်းတွေကိုလည်းဆိုခွင့်မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် မလေးရှားကို သွားလည်မယ်ဆိုရင် လမ်းမပေါ်မှာ ကိုယ့်ပါးစပ်ကို သတိထားဖို့ပါ တိုက်တွန်းချင်ပါတယ်။
(၅) အိန္ဒိယ
အိန္ဒိယနိုင်ငံမှာတော့ သွားမတိုက်ရင် တရားစွဲလို့ရပါတယ်။ ၁၉၁၄ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ ဥပဒေအရ အမှုတွေကို စစ်ဆေးမယ့် စုံထောက်တယောက်ဖြစ်ချင်တယ်ဆိုရင် သွားမတိုက်လို့ မရပါဘူး။
အိန္ဒိယနိုင်ငံရဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၉ အရ အိန္ဒိယနိုင်ငံမှာ မိမိကိုယ်မိမိ သတ်သေခြင်းဟာ တရားဝင်ပါတယ်။ ဒါပေမယ့်သတ်သေရင်း နဲ့ မသေတဲ့သူတွေကိုတော့ ပြစ်ဒဏ်ချမှတ်ခြင်းခံရမှာ ဖြစ်ပါတယ်။