• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

“မိသားစုဝင်တယောက် အခုလိုဖြစ်တော့ ကျန်တဲ့သူတွေကပါ နေလို့ မရဘူး”

by ယုဖြူဟန်
31 August 2018
in Lifestyle
A A
သရုပ်ဆောင် လင်းဇာနည်ဇော်  / ထက်ဝေ / ဧရာဝတီ

သရုပ်ဆောင် လင်းဇာနည်ဇော် / ထက်ဝေ / ဧရာဝတီ

56.5k
VIEWS
Share on FacebookShare on Twitter

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အစ်ကို ဖြစ်သူ ဒါရိုက်တာမိုက်တီးရဲ့ တရားရုံးထုတ်ကို ရောက်ရှိလာတဲ့ လင်းဇာနည်ဇော်ကတော့ မိသားစုဝင်တယောက် အခုလို ဖြစ်နေတဲ့အတွက် တမိသားစုလုံး စိတ်မအေးနိုင်ဘဲ ဖြစ်နေရတယ်လို့ လင်းဇာနည်ဇော်က ပြောပါတယ်။

“ကိုယ့်သမီးလေးအတွက် မနည်း ရုန်းကန်ပြီး နေနေရတဲ့အချိန် အဲဒီ အလုပ်တွေကို မလုပ်နိုင်ဘဲနဲ့ ကိုယ့်အစ်ကိုက အရေးကြီးတယ်ပေါ့နော်။ ကျန်တဲ့မောင်နှမတွေရော၊ အဖေက ကျန်းမာရေး မကောင်းလို့ ဘာမှ မသိနိုင်ဘူး။ အမေဆိုရင် ဘုရားတရားလုပ်တာ ကောင်းကောင်း မလုပ်နိုင်တော့ဘူး” လို့ လင်းဇာနည်ဇော်က ပြောပါတယ်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
23
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
52
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
286

မူးယစ်ဆေးဝါးဆိုတာ လူညွှန့်တုံးစေတဲ့ အရာဖြစ်တဲ့အတွက် လုံးဝမရှိသင့်ဘဲ မူးယစ်ဆေးဝါးသုံးစွဲတဲ့ သားကောင်များကို သားကောင် အဆင့်လောက် ပညာပေးပြီး အရင်းအမြစ်များကို သေချာစွာ တော်လှန်သင့်တယ်လို့ လင်းဇာနည်ဇော်က သူရဲ့ အမြင်ကို ပြောပါတယ်။

“တကယ်ဖြစ်သင့်တာက မူးယစ်ဆေးဝါးဆိုတာ လူညွှန့်တုံးစေတဲ့ အရာဖြစ်လို့ လုံးဝ မရှိသင့်ပါဘူး။ သူ့အိုးနဲ့ သူဆန် တန်သလိုပေါ့။ မူးယစ်ဆေးဝါးသုံးစွဲတဲ့ သားကောင်တွေကို သားကောင် အဆင့်လောက် ပညာပေး ပြစ်ဒဏ်ချမှတ် ပြီးတော့ တကယ် အမြစ်ကစပြီး တော်လှန်ဖို့သင့်တယ်လို့ ထင်ပါတယ်” လို့ လင်းဇာနည်ဇော်က ပြောပါတယ်။

လက်ရှိမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့သူများကတော့ ရံဖန်ရံခါသုံးစွဲနေကြတဲ့ သားကောင် အဆင့်လောက်သာ ရှိနေပြီး အများအမြင်မှာ သားကောင်တကောင်ကို ဖမ်းဆီး လိုက်ရတယ် ဆိုသော်လည်း သားကောင်တိုင်းရဲ့ နောက်မှာ မိသားစုတွေရှိနေတဲ့အတွက် မိသားစုတွေပါ ထိခိုက်ရတယ်လို့ ဆိုပါတယ်။

“ကျမက မူးယစ်ဆေးဝါးသုံးစွဲဖူးတဲ့သူ မဟုတ်တဲ့အခါကျတော့ လူတယောက်ကိုကြည့်ပြီးတော့ သုံးစွဲထားတဲ့သူ မဟုတ်ဘူးလား။ ဟုတ်လားဆိုတာကို မပြောပြတတ်ဘူး။ နောက်ပြီးတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီးထားတဲ့ သူတော်တော်များများက ရံဖန်ရံခါသုံးစွဲနေကြတဲ့ သားကောင်အဆင့်လောက်ပဲ ရှိပါတယ်”

“အများအမြင်မှာ သားကောင်တကောင်ကို ဖမ်းဆီးထားတယ်ဆိုပေမယ့် သားကောင်တိုင်း သားကောင်တိုင်းမှာ မိသားစုရှိတယ်ဆိုတော့ မိသားစုထဲက မိသားစုဝင်တယောက်ဒါမျိုးဖြစ်ပြီဆိုရင် ကျန်တဲ့ မိသားစုတွေအကုန်လုံးက ဘယ်လိုမှနေလို့မရဘူး။ ကျမတို့ကိုပဲ ကြည့်ကြည့်လေ အနုပညာသမားဖြစ်တယ်။ မသွားသင့်တဲ့နေရာ၊ သွားသင့်တဲ့ နေရာ ဘာမှကို မခွဲခြားနိုင်ဘူး။ သွားရတာပဲ” လို့ လင်းဇာနည်ဇော်က ပြောပါတယ်။

အစ်ကိုဖြစ်သူ မိုက်တီးကိုတော့ သြဂုတ်လ ၁၆ရက်နေ့မှာ တာမွေမြို့နယ် တာမွေကြီး (ခ) ရပ်ကွက် အရှေ့မျဉ်းပြိုင်ကွင်းလမ်း အထက (၃) ရှေ့တွင် မော်တော်ယာဉ်များအား ပိတ်ဆို့ရှာဖွေနေစဉ် သန်းထွန်းဇော်(ခ) မိုက်တီး မောင်းနှင်လာသော မော်တောယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ မီးခိုးရောင် မျက်မှန်ဘူးအတွင်းမှာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇ပြား ၁ထုပ် ၊ အစိမ်းရောင်အဖုံးပါ ကော်ဘူးအတွင်းမှာ စိတ်ကြွရူးသွပ်ဆေးပြား ၉ပြားပါ ၁ ဘူး ၊ စုစုပေါင်း ၂၆ပြား အလေးချိန် ၂.၆ ဂရမ်တို့နှင့်အတူ ရှာဖွေသိမ်းဆည်းကာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး တာမွေမြို့မရဲစခန်းတွင် မယ(ပ)၂၉/၂၀၁၈ ၊ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ)ဖြင့် အမှုဖွင့်အရေးယူခံထားရတာ ဖြစ်ပါတယ်။

Your Thoughts …
Tags: လင်းဇာနည်ဇော်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

လင်းဇာနည်ဇော်နဲ့ သမီး မြူလင်းကိုကို  / Lin Zarni Zaw's / Facebook

“သမီးဖြစ်သူကို အမေလို၊ အစ်မလို၊ သူငယ်ချင်းလို ပေါင်းပြီးနေတယ်”

by ချစ်ပိုး
25 July 2018
12.7k

“သမီးက သြစတြေးလျ မသွားခင်တုန်းကတော့ အနုပညာအလုပ်ကို အရမ်းဝါသနာပါတယ်လေ။ ပညာတပိုင်းတစနဲ့ ဟိုမရောက် ဒီမရောက်ဖြစ်မှာစိုးလို့ ဟိုဘက်ကို လွှတ်လိုက်တာပေါ့နော်။

သရုပ်ဆောင် လင်းဇာနည်ဇော်နဲ့ သမီးဖြစ်သူ မြူလင်းကိုကို  / ဝေဝေနှင်း / ဧရာဝတီ

သမီးဖြစ်သူကို နိုင်ငံခြားမှာ ကျောင်းထားပေးနိုင်တဲ့အပေါ် ပြောပြတဲ့ လင်းဇာနည်ဇော်

by ယုဖြူဟန်
29 January 2020
11.4k

“အရင်တုန်းကကိုယ့်ကိုယ်ကို အချစ်ဆုံး။ အခုဒုတိယဖြစ်သွားပြီ။ အရင်တုန်းကတော့ အတ္တရှိတယ်။ အဲ့အတ္တကို တဖြည်းဖြည်းလျော့ချနေတယ်။

သရုပ်ဆောင် လင်းဇာနည်ဇော် / ယုဖြူဟန် / ဧရာဝတီ

“သူစိမ်းအိမ်” ရုပ်ရှင်ကို ၃ ခေါက် ကြည့်ပြီးပေမယ့် မရိုးသေးဘူးလို့ ပြောတဲ့ လင်းဇာနည်ဇော်

by ချစ်ပိုး
25 July 2019
8.5k

“ဇာတ်လေးက တော်တော်လေး ဆန်းတာရယ်၊ ထူးပိုင် ရိုက်တဲ့ 'ည'ကားကို ကျမ ကြည့်ပြီးကတည်းက ထူးပိုင်ဇော်ဦးကို ကိုယ်အသိအမှတ် ပြုထားတဲ့ ဒါရိုက်တာလည်း ဖြစ်နေတော့ လက်ခံဖြစ်တာပါ။

သရုပ်ဆောင် လင်းဇာနည်ဇော် / ချစ်ပိုး / ဧရာဝတီ

မိဘမေတ္တာ ဖော်ကျူးတဲ့ ရုပ်ရှင်ကားတွေကိုပဲ ရိုက်ချင်တော့တဲ့ လင်းဇာနည်ဇော်

by ချစ်ပိုး
4 October 2019
21.1k

“အခုနောက်ပိုင်း ကျမ ကားသိပ်မရိုက်ဖြစ်တော့ဘူး။ ဟိုရှေ့က "သူစိမ်းအိမ်" ထွက်ထားတယ်။ အခု “အမျှ အမျှ” ပေါ့။ ကျမ အသက်အရွယ်နဲ့ လိုက်ဖက်မယ်ထင်လို့ ရိုက်ဖြစ်ထားတဲ့ ကားတွေပါ။

သရုပ်ဆောင် လင်းဇာနည်ဇော်  / ဧရာဝတီ

အစ်ကိုဖြစ်သူ ဒါရိုက်တာ မိုက်တီးရဲ့ လက်ရှိ ကျန်းမာရေးအကြောင်း ပြောပြတဲ့ လင်းဇာနည်ဇော်

by ချစ်ပိုး
8 May 2019
14.2k

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်သွားသူတွေအတွက် ဝမ်းသာသလို ကျမ အစ်ကိုလည်း တနည်းနည်းနဲ့ ပါသွားရင်ကောင်းမှာပဲလို့ စိတ်ထဲမှာ တွေးမိတယ်”

သရုပ်ဆောင် လင်းဇာနည်ဇော် / Lin Zarni Zaw's Facebook

“မြန်မာပေါကားတွေရပ်” ရုပ်ရှင်ကားကို ရုံတင်မယ့်အကြောင်း ပြောပြတဲ့ လင်းဇာနည်ဇော်

by ချစ်ပိုး
10 January 2020
5.8k

“အဖေ မြတ်နိုးတဲ့ အနုပညာအလုပ်လေးကို မိသားစုတွေ အတူတူ လုပ်ကြမယ်ဆိုပြီး ဒီကားက ပိုရိုက်ဖြစ်သွားတာပါ။ ကျမတို့ ရိုက်တုန်းက ၂၀၁၇ ခုနှစ်တုန်းက ရိုက်တာ။

Next Post
၂၀၁၈ ခုနှစ် မတ်လအတွင်း NVC ကတ်ထုတ်ပေးရေးလုပ်ငန်းစဉ်ကို လဝကအရာရှိ ဦးကိုကိုသော်က ရှင်းပြစဉ်  /  မိုးမြင့်

အစွန်းရောက်များ၏ ခြိမ်းခြောက်မှုကြောင့် NVC ကတ် လျှောက်သူနည်းဟု လဝကဝန်ကြီးပြော

ထိုင်းနိုင်ငံရဲ့ အသုဘဓလေ့ထုံးတမ်းအစဉ်အလာ

ထိုင်းနိုင်ငံရဲ့ အသုဘပို့ခြင်း ထုံးတမ်းဓလေ့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate