Lifestyle

ကာမလိမ်လည်မှုနဲ့တရားစွဲခံနေရတဲ့ သရုပ်ဆောင်မင်းထက်ကို အမှုစတင်စစ်ဆေး

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် နှင်းအိရွှေရည်က သရုပ်ဆောင်မင်းထက် ကို ကာမလိမ်လည်မှု ရာဇသတ်ပုဒ်မ ၄၁၇နဲ့ အရှေ့ဒဂုံ တရားရုံးမှာ အမှုဖွင့်ထားပြီး ဒီနေ့ စက်တင်ဘာ ၂၇ ရက်နေ့မှာ စတင်ပြီး အမှုစစ်ဆေးခဲ့ပါတယ်။ ဒီလို ပထမဆုံးအကြိမ် ရုံးချိန်းအတွက် မင်းထက်နဲ့အတူ လက်ရှိချစ်သူစိုးနန္ဒာကျော်တို့ နှစ်ဦးအတူ လာရောက်ခဲ့ကြပြီး နှင်းအိရွှေရည်ကတော့ သမီးဖြစ်သူနဲ့အတူ လာရောက်ခဲ့ပါတယ်။

နှင်းအိရွှေရည်နဲ့ မင်းထက်တို့ဟာ လွန်ခဲ့တဲ့ငါးနှစ်ကျော်ကာလအတွင်း ချစ်ကြိုက်ခဲ့ကြပြီးသမီးလေး တဦးဖွားမြင်ခဲ့တယ်လို့ နှင်းအိရွှေရည်ဘက်က ဆိုပေမယ့် မင်းထက်ကတော့ သူအနေနဲ့ နှင်းအိရွှေရည်ကို မချစ်မနှစ်သက်ကြောင်း၊ ကလေးကလည်းသူနဲ့မသက်ဆိုင်ကြောင်း မီဒီယာများကို ဖြေဆိုရှင်းလင်းထားပါတယ်။

နှင်းအိရွှေရည်က အခုမှ တရားစွဲဆိုဖြစ်တာက မင်းထက်အနေနဲ့ ကလေးရဲ့ဖခင်အဖြစ် အသိအမှတ်ပြုဖို့နဲ့ အမှန်တရားပေါ်ပေါက်လာဖို့ အတွက် အခုလိုစွဲဆိုတာဖြစ်တယ်လို့ မီဒီယာကိုဖြေဆိုပါတယ်။

သရုပ်ဆောင်မင်းထက်ကိုလည်းပရိသတ်များက အခုချိန်မှာ မင်းထက်ကို ပြင်းထန်စွာဝေဖန်နေကြပြီး ရုံးချိန်းအပြီး အပြင်ပြန်ထွက်လာတဲ့ မင်းထက်က ကလေးတွန်းလှည်းအနားမှာ တံတွေးထွေးလိုက်တဲ့ဗီဒီယိုတခုကြောင့်လည်း ပရိသတ်များကြား ပိုပြီး ပြောစရာတခုဖြစ်နေခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading