တရုတ်နိုင်ငံ Zunyi မှာရှိတဲ့ ကုမ္ပဏီတစ်ခုက မန်နေဂျာ ၃ ယောက်ဟာ အရေးယူခြင်း ခံံထားရပါတယ်။ အကြောင်းကတော့ Sale Target မမှီတဲ့ ဝန်ထမ်းတွေကို အပြစ်ပေးတဲ့အနေနဲ့ ပိုးဟပ် အတင်းအကြပ် စားခိုင်းတာကြောင့် ဖြစ်ပါတယ်။
နာမည်ဖော်ပြထားခြင်း မရှိတဲ့ အဲဒီကုမ္ပဏီက ဝန်ထမ်းတယောက်ဟာ ဒီအကြောင်းကို လူမှုကွန်ရက်ပေါ် တင်လိုက်တဲ့အခါ အတော်လေး ဝေဖန်ခံရပြီးနောက်မှာတော့ အစိုးရအနေနဲ့ ပြစ်ဒဏ်ပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဝန်ထမ်းကြီးကြပ်ကွပ်ကဲရေးဌာနက လူတွေဟာ အရောင်းသမားတွေကို Target မမှီတာကြောင့် ဒီလိုပြင်းထန်တဲ့ အပြစ်ဒဏ်ပေးခြင်းဟာ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်တယ်လို့ အင်တာနက် အသုံးပြုသူတွေက ဝေဖန်နေကြပါတယ်။
အွန်လိုင်းက ဗီဒီယိုထဲမှာ အမျိုးသားတဦးဟာ အလယ်မှာ ရပ်နေပြီး သူဌေးဖြစ်သူက ခါးပတ်နဲ့ ရိုက်နေပါတယ်။ နောက်တခုမှာတော့ လူအချို့ဟာ ဆီးရည်ဖြစ်တဲ့ အဝါရောင်အရည်တွေ သောက်နေရတာ ဖြစ်ပါတယ်။ မကြာခင်မှာပဲ ဒီဗီဒီယိုကို ဖျက်လိုက်ပေမယ့် Screenshot တွေ ပျံ့နှံ့သွားတဲ့အခါမှာတော့ ရဲတွေအနေနဲ့ အရေးယူဖို့ ဖြစ်လာပါတယ်။
အရောင်းသမားတွေအနေနဲ့ လအကုန်မှာ Target မပြည့်ရင် အဖွဲ့ခေါင်းဆောင်က အရောင်းသမားတယောက် ချင်းစီအတွက် ပိုးဟပ် ၃ ကောင်စားရမယ်ဆိုတဲ့ မက်ဆေ့ချ်ကို မန်နေဂျာတွေက ပို့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အခြား မက်ဆေ့ချ်တွေမှာလည်း အိမ်သာဆေးရည် သောက်ခိုင်းတာမျိုး၊ ကွန်ဒုံးရောင်းခိုင်းတာမျိုး၊ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ ရောင်းခိုင်းတာမျိုး စတဲ့ အပြစ်ပေးနည်းတွေ လုပ်လေ့ ရှိတယ်လို့ အမည်မဖော်လိုသူ ဝန်ထမ်းတဦးက ဆိုပါတယ်။
ဒီလို အကြောင်းအရာတွေကို သိရတဲ့အခါ လူတွေက အံ့သြကြသလို ဘာကြောင့် ဒီလိုကုမ္ပဏီကနေ အလုပ်မထွက်သလဲလို့ မေးခွန်းထုတ်ကြပါတယ်။ ဒီကုမ္ပဏီက ဝန်ထမ်းတယောက် ပြောပြချက်အရ ဝန်ထမ်းတွေဟာ ကုမ္ပဏီကို ၂ လစာ အကြွေးတင်နေတယ်၊ အလုပ်ထွက်ရင်လည်း နစ်နာကြေးကို မပေးဘူးလို့ ပြောပြပါတယ်။
Zunyi က ရဲတွေကတော့ မန်နေဂျာ ၂ ယောက်ကို ၁၀ ရက် ထောင်ထဲမှာ ထိန်းသိမ်းထားပြီး နောက်တယောက်ကိုတော့ ၅ ရက် ထောင်ချမယ်လို့ Weibo မှာ တင်ထားပါတယ်။ တရုတ်ပြည်မှာ ဒီလိုမျိုး ဆိုးရွားတဲ့ အပြစ်ပေးတာတွေဟာ အခုမှ ပထမဆုံး မဟုတ်ပါဘူး။ အရင်ကလည်း ဝန်ထမ်းတွေကို လူရှေ့မှာ ဒူးထောက်ခိုင်းပြီး အပြစ်ပေးတာမျိုးကို လူမှုကွန်ရက်မှာ တွေ့ရပါသေးတယ်။ ဒီလိုဆိုးရွားတဲ့ ကုမ္ပဏီမျိုးမှာတော့ ဘယ်သူမှ အလုပ်လုပ်ချင်မှာ မဟုတ်လောက်ပါဘူး။
Ref ; www.odditycentral.com