ဖွံဖြိုးဆဲနိုင်ငံတွေ အများကြီး ရှိနေသေးတဲ့ အာရှတိုက်ဟာ ကမ္ဘာမှာ အကြီးဆုံးတိုက်ပဲ ဖြစ်ပါတယ်။ ရှေးရိုးစွဲနေသေးတဲ့ အယူအဆတွေ တော်လှန်နေတဲ့ လူငယ်တွေနဲ့ အံ့သြစရာတွေ ပြည့်နှက်နေတဲ့ အာရှတိုက်အကြောင်း သိကောင်းစရာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အာရှဟာ လျှို့ဝှက်ဆန်းကြယ်ပါ
သာဘာစကား ကျွမ်းကျင်သူတွေက အာရှဆိုတဲ့ စကားကို လေ့လာနေပေမယ့် ဘယ်ကနေ အခြေခံဖြစ်တည်လာတယ် ဆိုတာ မသိသေးပါဘူး။ “အာရှ”ဆိုတာ အမျိုးသမီးနာမည် တခုဖြစ်ပြီး “နေထွက်ခြင်း”လို့ အဓိပ္ပာယ် ရပါတယ်။
နေဟာ အရှေ့အရပ်က ထွက်ပြီး အနောက်အရပ်ကို ပြန်ဝင်တတ်တဲ့ ပုံစံကို ယူထားခြင်းဖြစ်တယ်လို့ တချို့က ပြောကြပြီး မိုဟာမက်ရဲ့ အချစ်ဆုံးဇနီးဖြစ်တဲ့ Aisha ရဲ့ နာမည်ကို အစွဲပြုထားတာ ဖြစ်တယ်လို့ ယုံကြည်သူတွေလည်း ရှိပါတယ်။ ဂရိတွေကိုလည်း ဒီစကားရဲ့ မူပိုင်ရှင်များ ဖြစ်လေမလားလို့ မေးခွန်းထုတ်နေကြသူတွေလည်း ရှိပါတယ်။
(၂) အာရှတိုက်ဟာ အကြီးဆုံးတိုက်ပါ
ကမ္ဘာပေါ်က တိုက်ကြီးတွေ အားလုံးထဲမှာ အကြီးဆုံးတိုက်ကတော့ အာရှတိုက်ပါပဲ။ အာရှတိုက်နဲ့ ဥရောပတိုက်ဟာ နယ်နမိတ်ခြင်း ထိစပ်နေပြီး နယ်နိမိတ်စည်းမျဉ်းအရရော ယဉ်ကျေးမှုအရပါ အကွာကြီး ကွာနေတာကိုလည်း တွေ့ရပါတယ်။ လူဦးရေ အထူထပ်ဆုံး တိုက်ဖြစ်ပြီး ကမ္ဘာလူဦးရေ အများဆုံး နိုင်ငံ ၄ နိုင်ငံမှာ ၃ နိုင်ငံက အာရှတိုက်က ဖြစ်ပါတယ်။ ကမ္ဘာ့အမြင့်ဆုံးလို့ သတ်မှတ်ထားတဲ့ တောင်တွေဟာလည်း အာရှတိုက်မှာ တည်ရှိနေပါတယ်။
(၃) အာရှမှာ စူးစမ်းစရာတွေ အများကြီး ကျန်ပါသေးတယ်
အာရှတိုက်ဟာ ဆင်းရဲ ချမ်းသာ ကွာခြားမှုအရမ်းကြီးတဲ့ တိုက်ဖြစ်ပါတယ်။ လိုက်မမှီအောင် တိုးတက်နေတဲ့ နိုင်ငံတွေ ရှိသလို အရိုင်းသက်သက် ကျန်နေခဲ့တဲ့ နေရာတွေလည်း အများကြီးပါပဲ။ မုတ်သုံတောတွေ ပေါများပြီး စူးစမ်းလေ့လာလို့ ရတဲ့ နိုင်ငံတွေ အများကြီး ကျန်နေပါသေးတယ်။
(၄) သစ်တော ပြုန်းတီးခြင်း
အာရှဟာ သစ်တောပြုန်းတီးခြင်း ကြီးကြီးမားမားဖြစ်နေတဲ့ နေရာ တခုပါ။ များပြားလာတဲ့ လူဦးရေနဲ့ တိုးချဲ့လာတဲ့ မြို့ပြနေရာတွေကြောင့် သစ်တော ခုတ်ထွင်မှုတွေ မြင့်တက်လာပါတယ်။ ဘော်နီယိုကျွန်းမှာ ဖြစ်နေတဲ့ ပြဿနာဟာ အကောင်းဆုံး ဥပမာပါပဲ။ ကျွန်းမှာနေထိုင်သူတွေဟာ စားအုန်းဆီ ထုတ်လုပ်ဖို့ အပင်တွေ စိုက်ပျိုးကြပါတယ်။ ဒီလို စိုက်ပျိုးတာဟာ ကျွန်းမှာ နေထိုင်တဲ့ တိရစ္ဆာန်တွေအတွက် နေထိုင်စရာ ပြဿနာတွေ ဖြစ်လာပါတယ်။
(၅) အာရှတိုက်မှာ ဖုန်းကို ရူးသွပ်ကြပါတယ်
အာရှတိုက်မှာ ဖုန်းအသုံးပြုမှုဟာ လွန်ကဲလွန်းတယ်လို့ သုံးသပ်ထားကြပါတယ်။ တချို့နိုင်ငံတွေမှာ ဖုန်းအရေအတွက်ဟာ လူအရေအတွက်ထက် ပိုနေတာတွေ ရှိနေပါတယ်။ ဟောင်ကောင်၊ စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ နီပေါ၊ ထိုင်း စတဲ့ နိုင်ငံတွေမှာ လူတဦးဟာ ဖုန်း ၃ လုံးလောက်ကို ကိုင်နေကြပါတယ်။ ဒီလို ဖုန်းကိုင်တဲ့ သူတွေ ရှိပေမယ့် မြောက်ကိုးရီးယားမှာတော့ လူ ၁၀၀ မှာ ဖုန်း ၁၀ လုံးသာ ရှိလို့ မြောက်ကိုးရီးယားဟာ ကမ္ဘာမှာ ဖုန်းအသုံးပြုမှု အနည်းဆုံး နိုင်ငံ ဖြစ်ပါတယ်။
Ref ; tripsavvy.com