ရာဇဝတ်မှုတော်တော်များများရဲ့ သမိုင်းတလျှောက်မှာ အမျိုးသားတွေကသာ အများဆုံး ကျူးလွန်ခဲ့ကြတာဖြစ်ပေမယ့် အခုဖော်ပြပေးမှာကတော့ အမျိုးသားတွေနဲ့တန်းတူ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ကြပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အမျိုးသမီးတွေအကြောင်းပဲဖြစ်ပါတယ်။
(၁) Sandra Avila Beltran
ပစိဖိတ်ရဲ့ ဘုရင်မလို့ သူမကို တင်စားခေါ်ဝေါ်လေ့ရှိကြပြီး သူမရဲ့ ခေတ်အခါမှာတော့ အကြီးမားဆုံး မူးယစ်ဆေးဝါး ဖြန့်ဖြူးသူတဦးအဖြစ် ကျော်ကြားခဲ့ပါတယ်။ ကိုလံဘီယာနိုင်ငံနဲ့ မက္ကဆီကို နှစ်နိုင်ငံဟာ သူမအတွက် မူးယစ်ဆေးဝါးတွေ သယ်ဆောင်ရောင်းချရာနိုင်ငံတွေဖြစ်ပြီး ဇိမ်ခံပစ္စည်းတွေနဲ့ တဘဝလုံး နေထိုင်လာနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူမ အဖမ်းခံခဲ့ရချိန်မှာတောင်မှ သူမရဲ့ အသုံးအဆောင်ပစ္စည်းတွေကို အကျဉ်းစခန်းထဲအထိ ယူဆောင်နိုင်ခဲ့ပါတယ်။
(၂) Genene Jones
သူမကတော့ တက္ကဆက်ပြည်နည်ရဲ့ ကလေးသူနာပြုတယောက်ဖြစ်ပြီး နို့စို့ကလေးငယ်ပေါင်းများစွာကို digoxin , heparin , succinylcholine စတဲ့ ဆေးတွေနဲ့ ဆေးထိုးသတ်ဖြတ်ခဲ့သူတဦးပါ။ အဲဒါကြောင့်ပဲ ကလေးငယ်တွေဟာ နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေအပြင် အသက်ရှုဖို့ခက်ခဲတဲ့ လက္ခဏာတွေနဲ့ပဲ သေဆုံးသွားခဲ့ကြရတာဖြစ်ပါတယ်။ သူမကို ဖမ်းဆီးရမိချိန်မှာတော့ အပြစ်ရှိကြောင်း ထင်ရှားတဲ့ သက်သေခံတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
(၃) Karla Homolka
ဆယ်ကျော်သက်အရွယ် မိန်းကလေး၃ဦးကို ခင်ပွန်းသည်နဲ့အတူ လူသတ်မုဒိန်းကျင့်မှုတွေ ကျူးလွန်ခဲ့တဲ့ သူမဟာ ဆိုရင်တော့ ကနေဒါနိုင်ငံသားတဦးဖြစ်ပြီး ဒီပြစ်မှုတွေကြောင့် တကမ္ဘာလုံးက မီဒီယာတွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရသူ ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်နဲ့ ၁၉၉၂ခုနှစ်ကာလတွေမှာ ပြစ်မှုတွေကျူးလွန်ခဲ့တာဖြစ်ပြီး ပြစ်မှုကျူးလွန်ခံရတဲ့ မိန်းကလေး ၃ ဦးထဲမှာ သူမရဲ့ ညီမတော်စပ်သူပါ ပါဝင်နေခဲ့တာ တွေ့ရပါတယ်။
(၄) Diane Downs
သမိုင်းတလျှောက် အဆိုးရွားဆုံး မိခင်တဦးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ Diane Downs ဟာဆိုရင်တော့ သူမရဲ့ ကလေးတွေကို သတ်ပစ်ဖို့ ကြိုးစားခဲ့သူတဦးလည်း ဖြစ်ပါတယ်။ ဒုတိယကလေးငယ် သေဆုံးသွားခဲ့ချိန်မှာတော့ သူမရဲ့ သမီးကြီးဖြစ်သူဟာ သူ့အမေရဲ့ ရက်စက်တဲ့လုပ်ရပ်အတွက် သက်သေ ထွက်ဆိုခဲ့တာဖြစ်ပြီး သူမကို ထောင်ဒဏ်တသက်တကျွန် းချမှတ်ခဲ့ပါတယ်။ သူမရဲ့ဘဝအကြောင်းကိုတော့ Small Sacrifices ဆိုတဲ့ရုပ်ရှင်အနေနဲ့ ပြန်လည် ရိုက်ကူးထားပါတယ်။
Ref: www.wonderlist.com