ပလတ်စတစ်ဆာဂျရီ ခွဲစိတ်မှုဟာ ယနေ့ခေတ်မှာ တဖြည်းဖြည်း ရေပန်းစားလာခဲ့တဲ့ ခွဲစိတ်မှုတခုဖြစ်ပြီး လူကြီး လူငယ်မရွေး စိတ်ဝင်စားကြတဲ့ အရာလည်း ဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့်သူတွေကတော့ သူတို့ ရူးသွပ်ကြိုက်နှစ်သက်တဲ့ အနုပညာရှင်တွေလို ဖြစ်လာဖို့အတွက် ခက်ခဲတဲ့ ခွဲစိတ်မှုပေါင်းများစွာကို ကျော်ဖြတ်ခဲ့ကြသူတွေအကြောင်းပဲ ဖြစ်ပါတယ်။
(၁) Nicholas Ryan
အသက် ၃၂ အရွယ်ရှိတဲ့ အမျိုးသားတဦးဖြစ်တဲ့ Nicholas Ryan ဟာ မင်းသား Ryan Gosling နဲ့တူညီဖို့အတွက် ဒေါ်လာ ၅၀၀၀ Botox ထိုးရာမှာ အကုန်အကျခံခဲ့ပြီး အခြားမေးရိုး ခွဲစိတ်မှုတွေကိုလည်း ပြုလုပ်ခဲ့သူတဦး ဖြစ်ပါတယ်။ ခွဲစိတ်မှုတွေ ပြီးဆုံးသွားတဲ့အခါမှာတော့ သူကိုယ်တိုင် စိတ်ကျေနပ်မှု ရရှိခဲ့တယ်လို့လည်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။
(၂) Ashley Horn
အသက် ၁၈ အရွယ်သာရှိသေးတဲ့ Ashley Horn ကတော့ မင်းသမီး Lindsay Lohan လို ရုပ်ရည်မျိုး ရရှိဖို့အတွက် မျက်နှာခွဲစိတ်မှုပေါင်းများစွာကို ခံယူခဲ့သူတဦးပါ။ ပါးနဲ့ မေးရိုးတလျှောက် ပြုပြင်ခဲ့တဲ့အပြင် မေးစေ့ကိုလည်း အဆီတချို့ ထိုးသွင်းခဲ့ပါတယ်။ Lindsay Lohan လို မျက်နှာပေါက်မျိုး ရရှိဖို့အတွက် ခွဲစိတ်မှုပေါင်း ၅ ခုကို တောင့်ခံခဲ့ရပြီး ဒေါ်လာ ၂၅၀၀၀ အကုန်အကျ ခံခဲ့တယ်လို့လည်း သိရပါတယ်။
(၃) Crystal
ပေါ့ပ်ဘုရင်မအဖြစ် တင်စားခေါ်ဝေါ်ခြင်း ခံခဲ့ရတဲ့ Britney Spears နဲ့ တူညီဖို့ မျက်နှာခွဲစိတ်မှုပြုလုပ်ခဲ့သူကတော့ Crystal ဆိုတဲ့ အမျိုးသမီးပါ။ ပါး၊ နှုတ်ခမ်း၊ ရင်သား ခွဲစိတ်မှု စုစုပေါင်းအတွက် ဒေါ်လာ ၂၅၀၀၀ အကုန်အကျ ခံခဲ့ပြီး သူမကိုယ် သူမလည်း နောက်ထပ် Britney Spears အဖြစ် ခံယူထားသူ တယောက်လည်း ဖြစ်ပါတယ်။
(၄) Miki Jay
၁၉၉၁ ခုနှစ် Talent Show မှာ Michael Jackson နဲ့တူညီမှုကြောင့် စိတ်ဝင်စားခြင်း ခံခဲ့ရသူ၊ အင်္ဂလန်နိုင်ငံသူ၊ ကလေး ၃ ယောက်ရဲ့ မိခင်ဖြစ်သူ Miki Jay ကတော့ ခေါင်း၊ မေးစေ့နဲ့ ပါးတွေအတွက် ခွဲစိတ်မှုပြုလုပ်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ ခွဲစိတ်မှုတွေအတွက် ကုန်ကျစရိတ်ကတော့ ဒေါ်လာ ၁၆၀၀၀ ဖြစ်ပြီး အမှတ်မထင် ကြည့်ရှုလိုက်မယ်ဆိုရင် Miki Jay ရဲ့ ရုပ်အသွင်အပြင်ဟာ သက်ရှိထင်ရှား Michael Jackson လို့တောင် အမြင်မှားစရာပါပဲ။
Ref: www.huffingtonpost.com