Lifestyle

၂၀၁၈ ခုနှစ်မှာ ကြွေလွင့်ခဲ့တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်များ

၂၀၁၈ ခုနှစ်ဟာ မြန်မာနိုင်ငံမှာရော ကမ္ဘာမှာပါ ဆုံးရှုံးမှုတွေ များတဲ့ နှစ်တနှစ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း နာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့ ဦးရဲလွင်၊ ဒါရိုက်တာ ဦးခင်ဇော်၊ မင်းသွေး၊ အဆိုတော်ကြီး လားရှိုးသိန်းအောင် စတဲ့သူတွေကို ဆုံးရှုံးခဲ့ရပါတယ်။ ဒါကြောင့် ၂၀၁၈ ခုနှစ်မှာ ကြွေလွင့်ခဲ့တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို အောက်မေ့ လွမ်းဆွတ်ဖွယ် ဖော်ပြပေးလိုက်ပါတယ်။

(၁) Kofi Annan ( ၁၉၃၈-၂၀၁၈)

ကမ္ဘာ့ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှှုးဟောင်းဖြစ်တဲ့ ကိုဖီအာနန်ဟာ ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ လူသားစာနာထောက်ထားရေးအတွက် နိုဘယ်ဆုကို ရခဲ့တဲ့ Kofi Annan ဟာ သေဆုံးချိန်မှာ အသက် ၈၀ ရှိနေပါပြီ။ နာတာရှည်ဖျားနာခြင်းကို ခံခဲ့ရတဲ့ သူဟာ ဆွစ်ဇာလန်နိုင်ငံက ဆေးရုံတခုမှာ သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ ကျန်ရစ်သူ မိသားစုက တွစ်တာစာမျက်နှာမှာ အတည်ပြုပေးခဲ့ပါတယ်။

(၂) Gary Kurtz (၁၉၄၀-၂၀၁၈)

Star Wars ရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ Gary Kurtz ဟာ ကင်ဆာရောဂါကို နှစ်ရှည်လများ ခံစားခဲ့ရပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့မှာ အင်္ဂလန်မှာ ရှိတဲ့ နေအိမ်မှာ သေဆုံးခဲ့ပါတယ်။ သူဟာ သူထုတ်လုပ်ခဲ့တဲ့ Star Wars ရုပ်ရှင်နဲ့ ဆုပေါင်းများစွာကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ သေဆုံးချိန်မှာ သားသမီးသုံးယောက် ကျန်ရှိခဲ့ပြိး အသက် ၇၈ နှစ်ရှိပြီလို့ သိရပါတယ်။

(၃) Mac Miller ( ၁၉၉၂-၂၀၁၈)

အမေရိကန်ဟစ်ဟော့ အဆိုတော်ဖြစ်တဲ့ Mac Miller ကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာရှိတဲ့ နေအိမ်မှာ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၇ရက်နေ့မှာ မူးယစ်ဆေးလွန်ပြီး သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ ပရိသတ်တွေနဲ့ မိသားစုဝင်တွေကတော့ သူ့ရဲ့ သေဆုံးမှုကို နှမြောတသဖြစ်နေဆဲပဲ ဖြစ်ပါတယ်။ သူဟာ အဆိုတော်၊ တေးရေးနဲ့ ထုတ်လုပ်သူတယောက်လည်း ဖြစ်ပါတယ်။ သူဟာ အရက်၊ ကိုကိန်းနဲ့ တခြားဆေးဝါးတွေကို အလွန်အကျွံသုံးဆွဲပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ မသေဆုံးခင်မှာလည်း စိတ်ကျရောဂါနဲ့ အခြား စိတ်ရောဂါတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။

(၄) Anthony Bourdain (၁၉၅၆-၂၀၁၈)

နာမည်ကျော် ရုပ်သံတင်ဆက်သူ၊စားဖိုမှုး၊ ခရီးသွားမှတ်တမ်းတင်ဆက်သူ တဦးဖြစ်ပါတယ်။ သူကတော့ ၂၀၁၈ခုနှစ် ဇွန်လ ၈ရက်နေ့မှာ ပြင်သစ်နိုင်ငံမှာရှိတဲ့ ဟိုတယ်တခုမှာ ကြိုးဆွဲချပြီး ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ်။ သူဟာ တကမ္ဘာလုံးမှာရှိတဲ့ ရိုးရာစားစရာတွေကို မြည်းစမ်းတဲ့ ရုပ်သံသတင်းထောက်ပြုလုပ်ခဲ့ပြီး အောင်မြင်မှုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ သေဆုံးချိန်မှာ အသက် ၆၂ နှစ်ကို ၁၂ရက်သာ ကျော်သေးတယ်လို့ သိရပြီး ဇွန်လ ၁၃ရက်နေမှာ မြေမြှုပ်ခဲ့ပါတယ်။

(၅) XXX Tentacion (၁၉၉၈-၂၀၁၈)

ဟစ်ဟော့အဆိုတော် တဦးဖြစ်တဲ့ Xxxtentacion ဟာ ဇွန်လ ၁၈ ရက်နေ့မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။ ဖလော်ရီဒါကမ်းခြေမှာ သေဆုံးခဲ့တာဖြစ်ပြီး ဘယ်သူက သူ့ကို ပစ်သတ်ခဲ့တယ်ဆိုတာကိုတော့ တိတိကျကျ သိရခြင်း မရှိပါဘူး။ ပရိသတ်တွေကတော့ သူ့ဟာ လူတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် မနေတတ်တာကြောင့် ရန်ညိုးရန်စလည်း များတယ်လို့ ဆိုပါတယ်။ သေဆုံးချိန်မှာ အသက် ၂၀ သာရှိသေးပြီး အတူနေချစ်သူက ကိုယ်ဝန်နဲ့ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

Ref;variety.com

Loading