• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ပန်းချီဘရန်လီချပြခဲ့တဲ့ မှိုင်းတိုက်ခံဘဝများ

by ဝေယံအောင်
9 February 2019
in Lifestyle
A A
ပန်းချီဘရန်လီချပြခဲ့တဲ့ မှိုင်းတိုက်ခံဘဝများ
7.4k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံရဲ့မြို့ပြတွေကို ZOMBIE (ဖုတ်ကောင်)တွေ ကြီးစိုးသွားပြီလား။ မီးခိုးရောင်တွေကြားမှာ မွန်းကြပ်တွေဝေ၊ ထုံထိုင်းစွာနဲ့ရွေ့လျားနေတဲ့ လူအုပ်ကြီးကို ပန်းချီဘရန်လီက ZOMBIE (ဖုတ်ကောင်) တွေနဲ့တင်စားလိုက်ပါတယ်။

ကျွန်တော်တို့ဟာ မဟုတ်မမှန်တဲ့ဇာတ်လမ်းတွေနဲ့ မှိုင်းတိုက်ခံရပြီး ကြီးပြင်းလာခဲ့ရတယ်။ မြန်မာနိုင်ငံကြီးပဲ ပျက်စီးတော့မလိုလို၊ မွတ်စလင်နိုင်ငံပဲ ဖြစ်သွားတော့မလိုလို၊ ခရစ်ယာန်နိုင်ငံပဲ ဖြစ်တော့မလိုလို အမျိုးမျိုးပဲ မှိုင်းတိုက်ခံနေရတာပေါ့နော်။ လူတွေကလည်း အဲဒါတွေဟုတ်လား၊ မဟုတ်လားလဲ စဉ်းစားတွေးခေါ်နိုင်တာမရှိတော့ဘူး။ ဖုတ်ကောင်တွေလိုဘဲ ဖြစ်နေတယ်လို့ ခံစားရတယ်လို့ သူက ဆိုပါတယ်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
303
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
762
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
433

ဒီလူအုပ်ပုံရိပ်တွေကို ကြည့်ရှုခံစားနိုင်မယ့် Life and Shade ပန်းချီပြပွဲကို ယောမင်းကြီးလမ်းက နဝဒေး သာလာပန်းချီပြခန်းမှာ ပြသသွားမှာ ဖြစ်ပါတယ်။ စစ်ပွဲတွေနဲ့မစိမ်းတဲ့ ကချင်တိုင်းရင်းသား ဘရန်လီ ဟာ ကချင်စစ်ဘေးရှောင်တွေ ရဲ့ခက်ခဲ ကြမ်း တမ်းတဲ့ဘဝပုံရိပ်တွေကို သူ့ရဲ့မီးခိုးမှိုင်းတိုက်ပန်းချီကား တွေနဲ့တောက်လျှောက်တင်ပြခဲ့ပါတယ်။ မီးခိုးငွေ့တွေဟာ ယမ်းငွေ့တွေပါ ပဲတဲ့။

အခုသူ့ရဲ့ တတိယအကြိမ်မြောက်ပန်းချီပြပွဲမှာတော့ စစ်ဘေးရှောင်ပြည်သူတွေ ရဲ့ပုံရိပ်တွေမဟုတ်ဘဲ ဖုတ်ကောင်တွေ နဲ့တူတဲ့ ခြေဦးတည့်ရာသွားနေကြတဲ့ မြို့ပြလမ်းမတွေပေါ်က လူအုပ်ကြီးရဲ့ ပုံရိပ်တွေဖြစ်လာခဲ့ပါတယ်။

ဆွဲခြင်းနဲ့ ရုံးသွားနေသူတွေ၊ ကျောပိုးအိတ်လွယ်ပြီး အလုပ်သွားနေသူတွေ၊ တချို့လည်း ဘယ်လမ်း သွားရမလဲဝေခွဲမရတဲ့ ဟန်အမူအရာနဲ့လူတွေကို မီးခိုးမှိုင်းတိုက်ပန်းချီကားတွေအဖြစ် တွေ့မြင်ခံစား ကြရမှာပါ။ မှိုင်းတိုက်ခံတဲ့လူ့အဖွဲ့အစည်းဟာ မမြင်မစမ်းဝိုးတိုးဝါးတား လှုပ်ရှားရုန်းကန်နေတယ် ဆိုတာကိုလည်း တင်စားတာပါလို့ သူက ပြောပါတယ်။

ဒီပြပွဲမှာ ၄ ပေ ၃ ပေ၊ ၈ ပေ ၆ ပန်းချီကားပေါင်း ၁၅ ကားကျော်ပြသသွားမှာဖြစ်ပြီး ပြပွဲရက်ကတော့ ဖေဖော်ဝါရီ ၁၅ ရက် နေ့အထိ ဖြစ်ပါတယ်။ ပန်းချီဘရန်လီဟာ ယဉ်ကျေးမှုတက္ကသိုလ် ပန်းချီကျောင်းဆင်းတစ်ဦးဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ပန်းချီပွဲတွေမှာ ပါဝင်ပြသခဲ့ပါတယ်။

သူဟာ ပန်းချီကားတွေကို ရေးဆွဲရာမှာ ကင်းဗတ်ပေါ် မီးခိုးမှိုင်းတိုက်ပြီးရေးဆွဲတဲ့ နည်းစနစ်ကို အသုံးပြုလေ့ရှိပြီး မီးခိုးစွဲ သွားတဲ့ ကင်းဗတ်ပေါ်မှာမှ သူ့စိတ်ကြိုက်ရုပ်ပုံတွေကို အရောင်အချို့ နဲ့ပေါင်းစပ်ရေးဆွဲတတ်ပါတယ်။ ဒီနည်းစနစ်ဟာ သူရေးဆွဲချင်တဲ့ စစ်ပွဲရဲ့အခိုးအငွေ့တွေ၊ ယမ်းငွေ့ တွေ၊ လှုမှုရေးမှာဆိုလည်း လူ့အဖွဲ့စည်းကြီး တခုလုံး မှိုင်းတိုက်ခံရ တယ်ဆိုတဲ့အကြောင်းအရာတွေနဲ့ လိုက်ဖက်မှုရှိတယ်လို့ ဆိုပါတယ်။

နဝဒေးသာလာပြခန်းပိုင်ရှင် ကိုပြည့်ဝေကတော့ `သူ့စီးရီးတိုင်းဟာ ကျွန်တော်တို့တကယ် အလေးနက် ထား စဉ်းစား၊ ဖြေရှင်း ရမယ့်အကြောင်းအရာတွေ ကို အမြဲလိုလိုမီးမောင်းထိုးပြ၊ မမေ့အောင် သတိပေးပါတယ်။

သူ့ရဲ့အနုပညာအပေါ်ရိုးသားမှုကလည်း သူ့ရဲ့ဖန်တီးမှုကို ပိုမိုအားကောင်းစေတယ်လို့ မြင်ပါတယ်။ ပန်းချီဘရန်လီက “တကယ်တော့ ဒါတွေအားလုံးရဲ့ အရင်းခံအကြောင်းတရားဟာ ကျွန်တော်တို့ရဲ့ ဘဝတွေကို စနစ်တကျ ရိုက်ချိုး ဖျက်ဆီးခဲ့တဲ့ စနစ်ဆိုးရဲ့ ဆိုးမွေ ပညာရေးစနစ်ကြောင့်ဆိုတာကို လူတိုင်းအသိဖြစ်ပါတယ်။

အကျိုးဆက်ကတော့ ကျွန်တော်တို့ စနစ်တကျ အခြေခံကျကျ မစဉ်းစား မတွေးခေါ်တတ်ကြတော့ ပါဘူး။ အကောင်းတွေဖြစ်လာပါစေတော့လို့ပဲ…..`လို့ ဆန္ဒပြုထားပါတယ်။

Your Thoughts …
Tags: ဘရန်လီမှိုင်းတိုက်ခံရတဲ့ ဘဝများ
ဝေယံအောင်

ဝေယံအောင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
အိမ်သန့်ရှင်းရေးလုပ်တဲ့ဆေးရည်များမှာ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဓာတုပစ္စည်းတွေပါဝင်ပါတယ်

သန့်ရှင်းရေးပုံမှန်မလုပ်ရင် ကျန်းမာရေးကို ထိခိုက်လာစေတဲ့ အိမ်သုံးပစ္စည်းများ

အသက် ၆၇ နှစ်အရွယ် မင်းသမီး Ubolratana Rajakanya Sirivadhana Barnavadi / Reuters

ထိုင်းမင်းသမီး ဝန်ကြီးချုပ်လောင်း စာရင်းတင်မှု ထိုင်းဘုရင် သဘောမတူ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.4k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate