ရာဇဝတ်မှု ကျူးလွန်တော့မယ့် လူတယောက်ဟာ သူ့ရဲ့ သားကောင်ကို စက္ကန့်ပိုင်းအတွင်း ရှာဖွေနိုင်တယ်ဆိုတာ သိပါသလား။ ဒါပေမယ့် လူတိုင်းကတော့ သားကောင် မဖြစ်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာလည်း အခုဆိုရင် မှုခင်းတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် လူတွေအားလုံး သတိနိုင်နေထိုင်နေကြရတာပါ။ ဒါ့ကြောင့် ရာဇဝတ်သမားရဲ့ သားကောင် မဖြစ်သွားအောင် ရှောင်ရှားရမယ့် အပြုအမူတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အလျင်လိုခြင်း
အလျင်လိုတဲ့ သူဟာ အလွယ်တကူ သားကောင်ဖြစ်သွားနိုင်ပါတယ်။ အလျင်လိုတဲ့ပုံစံနဲ့ လမ်းလျှောက်တဲ့ အခါ ပတ်ဝန်းကျင်ကို မေ့လျော့ပြီး သွားတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် တခုခုကို နောက်ကျနေတယ်ဆိုရင် သာမန် လမ်းလျှောက်သူတွေထက် နည်းနည်းပဲ ပိုမြန်အောင် လျှောက်ဖို့နဲ့ စိတ်အေးအေးထားပြီး ပတ်ဝန်းကျင်ကို သတိမပြတ်ဖို့ လိုပါတယ်။
(၂) လမ်းလျှောက် ပုံမမှန်ခြင်း
လမ်းလျှောက်တဲ့အခါ ခေါင်းကို ငိုက်ပြီး လျှောက်တာ သတိ လက်လွတ်ဖြစ်နေတဲ့ ပုံစံတွေနဲ့ လျှောက်တာမျိုးတွေ မလုပ်ပါနဲ့။ လက်ကို အိတ်ကပ်ထဲ နှိုက်ပြီး စိတ်ဓာတ်ကျနေတဲ့ ပုံစံနဲ့ လျှောက်မိရင် အလွယ်တကူပဲ သားကောင် ဖြစ်သွားနိုင်ပါတယ်။
(၃) နားကြပ်တပ်ပြီး လမ်းလျှောက်ခြင်း
နားကြပ်တပ်ပြီး လမ်းလျှောက်မယ်ဆိုရင် သီချင်းကို ခပ်တိုးတိုးသာ ဖွင့်ထားသင့်ပါတယ်။ အပြင်မှာ ဖြစ်နေတဲ့ အရာတွေကို မကြားရတဲ့ အထိ ဖွင့်ထားမိတယ်ဆိုရင် ပတ်ဝန်းကျင်တခုလုံးက သင့်အတွက် အန္တရာယ်ရှိသွားနိုင်ပါတယ်။ အထူးသဖြင့် ကားတိုက်ခံရတွေ ဖမ်းခံရတာတွေ ဖြစ်ပွားနိုင်လို့ သတိထားဖို့ တိုက်တွန်းချင်ပါတယ်။
(၄) ပင်ပန်းနေပုံ ပေါ်ခြင်း
လူတယောက်ဟာ လမ်းလျှောက်တဲ့ အခါ ကိုယ့်ခြေထောက်ကို မသယ်နိုင်တဲ့ ပုံစံမျိုးနဲ့ လျှောက်နေသလားဆိုတာ ရာဇဝတ်သမားတွေက စောင့်ကြည့်နေနိုင်ပါတယ်။ အားအင်ကုန်ခမ်းလွန်းတဲ့ ပုံစံပေါက်နေရင် သင့်ကို တိုက်ခိုက်ဖို့ လွယ်ကူသွားပါပြီ။
(၅) အကြည့်
ရာဇဝတ်သမားတွေဟာ သူတို့ကို မမှတ်မိတဲ့သူတွေကို ပိုပြီး တိုက်ခိုက်လိုကြပါတယ်။ ဒါကြောင့် လမ်းလျှောက်တဲ့ အခါ မသင်္ကာစရာ တခုခုရှိရင် အဲဒီလူကို သေချာကြည့်ဖို့ လိုပါတယ်။ သူတို့ကို ကိုယ်ကသိနေတယ်ဆိုတဲ့ ပုံစံဖြစ်အောင် ကြည့်ဖို့ လိုအပ်ပါတယ်။
Ref ; brightside