ဘောလိဝုဒ် ရုပ်ရှင်လောကရဲ့ ဒါရိုက်တာ၊ Producer နဲ့ မင်းသားအဖြစ် အောင်မြင်ကျော်ကြားတဲ့ မင်းသား အမီရာခန်း (Aamir Khan) ဟာဆိုရင် အခုအချိန်မှာ အသက် ၅၄ နှစ် ရှိနေပြီပဲ ဖြစ်ပါတယ်။ မင်းသားကြီး အမီရာခန်းဟာ သူ ရိုက်ကူးခဲ့တဲ့ “Ghajini”, “PK”, “3-idiots” , “Dangal”, “Doom” စတဲ့ ရုပ်ရှင်တွေအတွက် Body Transformation အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သူတဦးပါ။
အသက် ၅၄ နှစ် အရွယ် ရှိပေမယ့် လူငယ်တဦးလိုပဲ ကျန်းမာနုပျိုနေဆဲဖြစ်တာကြောင့် သူ့ရဲ့ စားသောက်နေထိုင်မှုပုံစံ လျှို့ဝှက်ချက်တွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။
(၁) ရေများများ သောက်ခြင်း
မင်းသားကြီးက ဘယ်လို Work Out မျိုးတွေပဲလုပ်လုပ် ပင်ပန်းမှုဒဏ်ကို ခံနိုင်ရည်ရှိပြီး ကျန်းမာနေရတဲ့ သူ့ရဲ့ လျှို့ဝှက်ချက်ကတော့ တနေ့မှာ ရေကို ၃ လီတာကနေ ၄ လီတာအထိ များများသောက်သုံးလို့ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ အင်တာဗျူးတွေ ဖြေဆိုတိုင်း ရေရဲ့ ကျန်းမာရေးကောင်းကျိုးတွေကို အမြဲထည့်သွင်း ဖြေဆိုလေ့ရှိတာကို တွေ့မြင်ရပါတယ်။
(၂) သံလွင်ဆီထည့်သွင်း ချက်ပြုတ်ခြင်း
သူစားသောက်တဲ့ အစားအစာတိုင်းကို သံလွင်ဆီနဲ့သာ ချက်ပြုတ်ပြီး ဆီကို အတတ်နိုင်ဆုံး လက်ဖက်ရည်ဇွန်း ၃ ဇွန်းထက် ပိုမသုံးမိအောင်တော့ ဂရုစိုက်လေ့ရှိတယ်လို့ သိရပါတယ်။
(၃) ညစာကို ၈ နာရီထက် နောက်ကျပြီး မစားခြင်း
ဒီအချက်ကတော့ ကိုယ်အလေးချိန် ထိန်းသိမ်းသူတိုင်း သိတဲ့ အချက်တခုပဲဖြစ်ပြီး သူဟာဆိုရင် ည ၈ နာရီ ထက် နောက်ကျပြီး ညစာစားလေ့ မရှိသလို ည ၈ နာရီနောက်ပိုင်း အဆာပြေအဖြစ် အသီးအနှံဖျော်ရည်တွေနဲ့ စွပ်ပြုတ်တွေကိုသာ စားလေ့ ရှိပါတယ်။
(၄) လေ့ကျင့်ခန်း မလုပ်ခင် အသီးအနှံတွေကိုသာ စားခြင်း
ကုန်ခမ်းသွားတဲ့ Energy တွေကို ထိန်းသိမ်းဖို့အတွက် လေ့ကျင့်ခန်း မလုပ်ခင်တိုင်း ပန်းသီး ဒါမှမဟုတ် ငှက်ပျောသီး စတာတွေကို စားသုံးလေ့ရှိပြီး လေ့ကျင့်ခန်း လုပ်နေစဉ် အတောအတွင်းမှာတော့ သံပယိုသီးစိတ် အနည်းငယ် ထည့်ထားတဲ့ Lime Water ကို သောက်သုံးလေ့ ရှိပါတယ်။
(၅) အသီးအရွက်ကို အသားငါးတွေထက် ပိုပြီးစားသုံးခြင်း
သူရိုက်ကူးမယ့် ရုပ်ရှင်တွေအတွက် Body Transformation ပြုလုပ်နေချိန်မျိုးမှာတော့ ကြက်သားနဲ့ ဥ အမျိုးမျိုးကို အဓိက စားသုံးလေ့ ရှိပေမယ့် သာမန်အချိန်တွေမှာတော့ အသီးအရွက်တွေကိုသာ ပိုမိုစားသုံးလေ့ရှိပါတယ်။
Ref : www.gyanunlimited.com