ထိုင်းနိုင်ငံမှာ အကြီးဆုံး မိုးလုံလေလုံကစားကွင်းကို ဖွင့်လှစ်လိုက်ပါပြီ။ ကစားကွင်းတည်နေရာကတော့ ဘန်ကောက်မြို့အနီးက Bangphli ခရိုင်၊ Bang Na-Trat လမ်း၊ ဈေးဝယ်တွေ ရှုပ်ထွေးတဲ့ Megabangna Shopping Mall မှာပါ။
ဘန်ကောက်ရဲ့အကြီးဆုံးဖြစ်တဲ့ ဒီမိုးလုံလေလုံ ကစားကွင်းကိုတော့ ထိုင်းဘတ်ငွေ သန်း ၃၅၀ အကုန်အကျခံ တည်ဆောက်ထားပါတယ်။ ဒီကစားကွင်းကတော့ ဘန်ကောက်ရဲ့ အကြီးဆုံး မိုးလုံလေလုံ ကစားကွင်းတကွင်းဖြစ်သလို ကမ္ဘာပေါ်မှာဆိုရင်လည်း ၅ ခုမြောက် အကြီးဆုံး ကစားကွင်းတကွင်း ဖြစ်ပါတယ်။
အဲဒီ ကစားကွင်းမှာဆိုရင် အမြင့်ခုန် ကစားနိုင်အောင် စပရိန်နဲ့ ပြုလုပ်ထားတဲ့ ကစားစရာတွေ ပါဝင်သလို ကလေးငယ်တွေ ပျော်ရွှင်စွာ ကားမောင်းကစားနိုင်ဖို့ နေရာတွေလည်း ပါဝင်ပါတယ်။
တချိန်တည်းမှာပဲ ကလေးတွေအနေနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို သင်ယူနိုင်မယ့် နေရာ တနေရာလည်း ပါဝင်သလို လာရောက် ကစားကြသူတွေ ဘေးကင်းစေဖို့ ဥရောပ စံချိန်စံညွှန်းတွေနဲ့ တည်ဆောက်ထားတဲ့ ကစားကွင်းတကွင်းလည်း ဖြစ်ပါတယ်။
ဒီကစားကွင်းဟာ ကလေးကော လူကြီးအတွက်ပါ ရည်ရွယ်ဆောက်လုပ်ထားတာဖြစ်တာကြောင့် သာယာစရာကောင်းတဲ့ အချိန်တွေကို အတူမျှဝေနိုင်တဲ့ နေရာလေးနေရာပါ။ ဒီမိုးလုံလေလုံ ကစားကွင်းရဲ့ အဓိကပစ်မှတ်ကတော့ ဘန်ကောက်အရှေ့ပိုင်းက မိသားစုတွေ လာရောက် ကစားနိုင်ဖို့ ဖြစ်သလို ထိုင်းနိုင်ငံကို ကလေးတွေနဲ့အတူ လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွားတွေကိုလည်း ရည်ရွယ်ပါတယ်။
Ref : bangkokpost