Lifestyle

စွပ်စွဲခံရသူ ဝေဠုကျော်ခွင့်တိုင်ကြားထား၍ ယခုအပတ်အမှုမစစ်ဆေးနိုင်ခဲ့

ကာမလိမ်လည်မှုဖြင့်တရားစွဲဆိုခံထားရသော ဝေဠုကျော်ရဲ့ ၆ကြိမ်မြောက်ရုံးချိန်းကိုတော့ ယနေ့ ဧပြီလ ၁၁ရက်နေ့မှာ သင်္ကန်းကျွန်းတရားရုံးမှာ ပြုလုပ်ခဲ့ရာ သရုပ်ဆောင်ဝေဠုကျော်ခွင့်တိုင်ကြားထားတာကြောင့် အမှုကိုမစစ်ဖြစ်ဘဲ ရုံးချိန်းသာ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

“ဒီတပတ်က သူတို့ဘက်က ခွင့်တိုင်ထားတယ်။ အဲဒါကြောင့်နောက်တပတ်ပြန်ချိန်းလိုက်တယ်။ တရားရုံးကတော့ သူ့ဘက်ကိုယ့်ဘက်မအားတာရှိတာပဲ။ ကိုယ့်ဘက်မှာလည်း ဖြစ်လာနိုင်တာပါပဲ” လို့ တရားလိုဖြစ်သူ သင်းသင်းကပြောပါတယ်။

ပြီးခဲ့တဲ့တပတ်ရုံးချိန်းမှာလည်း စွပ်စွဲခံရသူ ဝေဠုကျော်ရဲ့ရှေ့နေမအားလပ်မှုကြောင့် အမှုမစစ်ဆေးဖြစ်ဘဲ ယခုတပတ်တွင် စစ်ဆေးရန်ချိန်းဆိုခဲ့တာဖြစ်ပါတယ်။

အဆိုပါ အမှုစစ်ဆေးရန်ရွေ့ဆိုင်းမ့များကြောင့် အမှုအခြေအနေကြာသွားမလားဆိုတာကို “အမှုတခုဖြစ်တာကတော့ မလွယ်ဘူး။ ကြာတယ်လို့လည်းမထင်ပါဘူး။ ပုံမှန်အတိုင်းသွားနေတယ်လို့ထင်ပါတယ်။ ပြင်ဆင်ထားတာတွေတော့ ရှိပါတယ်” လို့ သင်းသင်းကပြောပါတယ်။

လက်ရှိအချိန်မှာဆိုရင်တော့ တရားလိုဖြစ်သူ သင်းသင်းဘက်မှ မီဒီယာများကို အင်တာဗျူးဖြေဆိုထားတဲ့ Myanmar Celebrity မှ ဗီဒီယိုဖိုင် ၂ခု ၊ ပေါ်ပြူလာမှဗီဒီယို ၁ခု ၊ ဝေဠုကျော်နဲ့သင်းသင်းတို့ ဖုန်းပြောဆိုထားသော အသံဖိုင် ၁ခုနှင့် ဝေဠုကျော်ရဲ့ညီမဖြစ်သူနှင့် သင်းသင်းတို့ ဖုန်းပြောဆိုထားသော အသံဖိုင် ၁ခုတို့ကို ဖွင့်လှစ်စစ်ဆေးခဲ့ပါတယ်။

“တချို့လိုင်းပေါ်မှာ ယောကျ်ားလျာစိတ်ဓာတ်တွေနဲ့ တင်နေတဲ့အကောင့်တွေလည်းရှိတယ်။ အဲဒါတွေကိုတော့ ကျမက ဂရုပြုမှာမဟုတ်ဘူး။ လေလိုင်းထဲကဟာတွေလေ။ သူတို့ကအမှန်တရားပျောက်ဖို့အတွက် ဖန်တီးတယ်။ အမကတော့ ရုံးချိန်းတခုတိုင်းသက်သေတခုတင်သွားမယ်။ ကိုယ့်ကိုယုံကြည်ထားတဲ့သူတွေရှိတယ်။ ကိုယ့်ကိုလုပ်ကြံပါတယ်ဆိုတာမျိုးကို အဖြစ်မခံနိုင်ဘူး။ အမှန်တရားထိရောက်နိုင်ဖို့ သက်သေကိုတင်သွားပါမယ်” လို့သင်းသင်းကပြောပါတယ်။

ဇန်နဝါရီ ၈ရက်နေ့က စတင်တရားစွဲဆိုခဲ့သော အဆိုပါအမှုမှာတော့ ဖေဖော်ဝါရီ ၁၉ရက်နေ့တွင် သင်းသင်းဘက်မှ ဝေဠုကျော်နဲ့စတင်တွေ့ဆုံမှု ၊ တရားစွဲဆိုမှုအထိဖြစ်ခဲ့ရတဲ့အခြေအနေများကို တရားသူကြီးရှေ့မှောက်တွင် ထွက်ဆိုခဲ့ပါတယ်။

ဆက်စပ်ဖတ်ရှုရန်သတင်းလင့်ခ်သက်သေခံအဖြစ် တင်သွင်းထားတဲ့ ဗီဒီယိုဖိုင်များ၊ အသံဖိုင်များ စစ်ဆေးခဲ့တဲ့ ဝေဠုကျော်အမှု ရုံးချိန်း 

Loading