အသက် ၄၀ နှစ်အရွယ်၊ ပြင်သစ်နိုင်ငံသား Meriem Laurent ဟာ ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ မေလ ၂၃ ရက်နေ့က ဖုန်းခိုးမှုနဲ့ အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ ဖမ်းဆီးမှုဟာ ည ၉ နာရီ ၃၀ ခန့်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး သံသယရှိသူအား ဟွာဝေးဖုန်းကို ခိုးယူဖို့ ကြိုးပမ်းမှုနဲ့ ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီ ပြင်သစ်နိုင်ငံသားဟာ ထိုင်းဘတ် ၃၁,၉၀၀ (မြန်မာငွေ ၁၅သိန်း) ခန့် တန်ဖိုးရှိတဲ့ Huawei P30 Pro ကို ခိုးယူဖို့ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ ဖုန်းဆိုင်မှာ ဖုန်း မော်ဒယ်လ်အမျိုးမျိုးကို မေးမြန်းပြီး ဈေးရောင်းသူ အလစ်မှာ ဖုန်းကို ယူပြေးခဲ့တာဖြစ်ပါတယ်။ ဖုန်းဆိုင်ကို ကျော်သွားပြီးနောက်မှာ အချက်ပေးခေါင်းလောင်းသံ မြည်လာတာကြောင့် အစောင့်တွေက လိုက်ဖမ်းခဲ့တယ်လို့ သိရပါတယ်။
ရှော့ပင်းစင်တာမှာ ဈေးသုံးနေကြသူတွေကလည် ဝိုင်းဝန်း ဖမ်းဆီးပေးတာကြောင့် ည ၉ နာရီ ၃၀ မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပုံဟာ လုံခြုံရေး ကင်မရာတွေမှာလည်း ပါရှိနေပြီး ထိုင်းအစိုးရ စုံစမ်းချိန်မှာတော့ သူဟာ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်နေထိုင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံကို အနောက်နိုင်ငံတွေက တရားမဝင် ဝင်ရောက်နေထိုင်မှုတွေ ရှိနေတယ်လို့ ထိုင်းအစိုးရက ဆိုပါတယ်။ အနောက်နိုင်ငံသားတိုင်းကို ယုံကြည်မှု မထားဖို့နဲ့ မသင်္ကာစရာ တခုခုကို တွေ့ရှိပါက ရဲကို ချက်ချင်း အကြောင်းကြားဖို့လည်း တာဝန်ရှိသူတွေက အမိန့်တွေ ထုတ်ပြန်ထားပါတယ်။
Ref. Bangkok Post
You May Also Like These Stories:
ခရီးသည် များပြားလွန်း၍ ထိုင်းသန္တာကျောက်တန်း အများအပြား ပျက်စီး
ကမ္ဘာ့အလှဆုံး စာရင်းဝင်ဖြစ်လာတဲ့ ထိုင်းနိုင်ငံက Khao Sok အမျိုးသားဥယျာဉ်
ကမ္ဘာပေါ်က အလှဆုံး မြစ်များအကြောင်း
ဥရောပမှာ လူသိနည်းသေးတဲ့ လှပတဲ့မြို့များ
ခရီးသွားတွေ အလာများတဲ့ လာအိုနိုင်ငံ၊ လွမ်ပရာဘွမ်မြို့အနီးက Kaung Si ရေတံခွန်