ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်ဝေဠုကျော်နဲ့ တရားလိုသင်းသင်းတို့ ရုံးချိန်းမှာတော့ ပြီးခဲ့တဲ့တပတ်က ဝေဠုကျော်တင်သွင်းခဲ့တယ်ဆိုတဲ့ အသံဖိုင်သက်သေတခုအကြောင်းက အများကြားမှာ ပြောစရာတခုအဖြစ် ပျံ့နှံ့နေပါတယ်။ ဒီလို အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သမီးရည်းစားအသံများပါဝင်တဲ့ အသံဖိုင်ကတော့ ဝေဠုကျော်က အသံသွင်းခဲ့တာကြောင့် သွင်းထားခဲ့တာဖြစ်တယ်လို့ သင်းသင်းကပြောပါတယ်။
“ဒီအသံဖိုင်က ဝေဠုကျော်သွင်းခိုင်းလို့သွင်းပါတယ်။ ဝေဠုကျော်မှာလည်း ဒီအသံဖိုင်ရှိပါတယ်။ ကိုယ်နဲ့သူနဲ့ ကြိုက်ခဲ့တုန်းက ချစ်သူရည်းစားလေ စပွန်ဆာထားနေတာမဟုတ်ဘူး။ ချစ်သူရည်းစားပြောတဲ့အတိုင်း လိုက်လုပ်ပေးခဲ့တာ အဲဒါမှားလို့လား။ ဒီမှာရှိတဲ့သူတွေလည်း ကိုယ့်လိုမိန်းကလေးမျိုးတွေ သမီးရည်းစားထားရင် သိလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒါလေးပြောပြချင်တာပါ” လို့ တရားလိုဖြစ်သူ အလှမယ်သင်းသင်းကပြောပါတယ်။
မိန်းမတယာက်အနေနဲ့ အရှက်သိက္ခာအကျခံပြီး ကိုယ့်သဘောဆန္ဒနဲ့ အသံသွင်းထားမှာမဟုတ်ဘဲ ချစ်သူရည်းစား ဖြစ်ခဲ့တဲ့အချိန်ဖြစ်တာကြောင့် ပြောတာကို လုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“အသံဖိုင်က ဝေဠုကျော်ဖမ်းခိုင်းလို့ ဖမ်းတာ။ ဝေဠုကျော်ဆီမှာလည်းရှိတယ်။ သင်းသင်းဆီမှာလည်းရှိတယ်။ ကိုယ့်ထက်သိတတ်နားလည်တာတွေရှိလို့ ကျမရှေ့နေကိုအကုန်ပေးထားပြီးသား။ သူလိုအပ်လို့သူတင်တာလေ။ ကျမနဲ့ပတ်သက်ခဲ့စဉ်က ချစ်သူတယောက်အနေနဲ့ ဘာလုပ်ပါညာလုပ်ပါဆိုတော့ ကျမလုပ်မှာပေါ့။ ချစ်ကြိုက်နေတဲ့အချိန်လေ။ ဒါတောင်ဗီဒီယိုရိုက်ချင်တာလေ။ မြန်မာမိန်းကလေးတယောက်အနေနဲ့ရှက်လို့။ အဲဒီအသံဖိုင်လေးကိုခွင့်ပြုလိုက်တာ ” လို့ သင်းသင်းကပြောပါတယ်။
အဆိုပါ အသံဖိုင်ကိုတော့ ဝေဠုကျော်ဘက်မှ ပြီးခဲ့တဲ့ရုံးချိန်းမှာတင်သွင်းခဲ့တာဖြစ်ပြီး သင်းသင်းဘက်မှ ယနေ့ရုံးချိန်းတွင် လျှောက်လဲချက်တင်ခဲ့ပါတယ်။
ယနေ့ ဇွန်လ ၅ရက်နေ့ရုံးချိန်းကိုတော့ စွပ်စွဲခံသူ ဝေဠုကျော်ဘက်မှ ပျက်ကွက်ခဲ့ပြီး ဝေဠုကျော်ရဲ့ရှေ့နေမှလည်း တရားရုံးတွင် ရုံးကင်းလွတ်ခွင့်ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
“သူတို့ဘက်က အမှုကိုအမြန်ပြီးချင်တယ်လို့ပြောတယ်။ ရုံးကင်းလွတ်ခွင့်တင်တယ်။ ရုံးကိုအစကတည်းက မလာချင်ဘူးဆိုရင် ဝေဠုကျော်ကတရားခံဖြစ်တဲ့အတွက် ဒီပြစ်မှုကိုမကျူးလွန်နဲ့ပေါ့။ အဲဒါပဲပြောချင်တာပါ။ သူ့မှာလည်းလူမှုရေးရှိသလို ကျမမှာလည်းရှိတယ်။ ကျမတို့က ပိုဆိုးပါတယ်။ ဘဝသမားတွေပါ။ တနေ့လုပ်မှ တနေ့စားရတဲ့ဘဝ။ ကျမတောင်ရုံးချိန်းမှန်အောင် တက်နိုင်သေးတာပဲ။ ရှေ့နေတယောက်အနေနဲ့ မလုပ်သင့်ဘူး ထင်တယ်။ ဒီလျှောက်လဲချက်ကိုပယ်ဖျက်မှာပဲ” လို့ သင်းသင်းကပြောပါတယ်။
တဖက်ကရှေ့နေရဲ့ တရားခွင်မှာ မဆင်မခြင်ပြောတဲ့စကားများကြောင့် သင်းသင်းဘက်မှ တရားရုံးပြောင်းဖို့ အထိဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
“သင်းသင်းက တရားသူကြီးကိုယုံတယ်။ သူ့ရဲ့သီလသမာဓိသိက္ခာကိုယုံတယ်။ အမှန်တရားယုံတယ်။ အမှန်တရားအတွက်သွားတယ်။ တိုင်မယ်ဆိုရင်လည်း တဖက်ကရှေ့နေကြောင့်တိုင်မှာပဲ။ တဖက်ကရှေ့နေလည်းစကားကို ဆင်ခြင်ပြောပါ။ တရားခွင်မှာဆင်ခြင်မပြောလို့ ဒီတိုင်းဆက်သွားမယ်ဆိုရင် ရုံးပြောင်းဖို့အထိဆုံးဖြတ်ထားပါတယ်။ ရုံးပြောင်းပြီးရင်တိုင်မှာပါ” လို့ သင်းသင်းကပြောပါတယ်။
အဆိုပါအမှုကိုတော့ အလှမယ်သင်းသင်းမှ ဇန်နဝါရီ ၈ရက်နေ့ကစတင်တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်ကတော့ ငွေကျပ် သိန်း၅၀ဖြင့် အာမခံရယူကာ အမှုရင်ဆိုင်နေဆဲဖြစ်ပါတယ်။
နောက်တကြိမ်ရုံးချိန်းကိုတော့ ဇွန်လ ၁၉ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။
You may also like these stories:
“Facebook မှာ အကောင့်တုတွေနဲ့ တိုက်ခိုက်နေကြတယ်၊ ဂုဏ်သိက္ခာ ချနေကြတယ်”လို့ သင်းသင်း ပြော
စွပ်စွဲခံရသူ ဝေဠုကျော်ခွင့်တိုင်ကြားထား၍ ယခုအပတ်အမှုမစစ်ဆေးနိုင်ခဲ့
အမှုကိစ္စကြောင့် ဆွေမျိုးတချို့နဲ့ ပြတ်တောက်သွားတယ်လို့ အလှမယ်သင်းသင်းပြော
သက်သေခံအဖြစ် တင်သွင်းထားတဲ့ ဗီဒီယိုဖိုင်များ၊ အသံဖိုင်များ စစ်ဆေးခဲ့တဲ့ ဝေဠုကျော်အမှု ရုံးချိန်း
“ငွေသာမက်လို့ ညှိမယ်ဆို ဒီကို ရောက်လာစရာ အကြောင်း မရှိဘူး”လို့ အလှမယ် သင်းသင်း ပြော
ဝေဠုကျော်ရဲ့အမှု နှစ်ဖက်ရှေ့နေ သဘောတူညီမှုဖြင့် အမှုစစ်ဆေးရန် ရက်ရွေ့ဆိုင်း