မလေးရှားနိုင်ငံ ၊ Kluang ခရိုင်အတွင်းမှာ ကိုယ်ဝန်ဆောင် ဆင်တွေ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၄ ရက်နေ့က Kluang မှာ ဆင် ၃ ကောင် သေဆုံးနေတာကို တွေ့ရပြီး သေဆုံးမှုဟာ အဆိပ်သင့်တာကြောင့် ဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။
Kluang ခရိုင်ရဲ့ ရဲမှူးဖြစ်တဲ့ Mohd Abduh Ismail က ဇွန်လ ၄ ရက်နေ့ မနက်ခင်းမှာ ဆင်တွေ သေဆုံးနေတာကို သတင်းရရှိခဲ့တာဖြစ်ပြီး သွားရောက် ကြည့်ရှုချိန်မှာတော့ ကံဆိုးစွာနဲ့ သေဆုံးနေဆုံးနေတဲ့ ဆင် ၃ ကောင်လုံးဟာ ကိုယ်ဝန်လွယ်ထားတယ်လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံ၊ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးအဖွဲ့ကတော့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ဒီသေဆုံးမှုဟာ အဆိပ်သင့်တာကြောင့်လို့ ဆိုပါတယ်။ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးအဖွဲ့အနေနဲ့ ရွာသားတွေကို တိရစ္ဆာန် ထိန်းသိမ်းခြင်းနဲ့ သက်ဆိုင်တဲ့ ဗဟုသုတတွေ ပြောပြဖို့ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဆင်တွေကို သေဆုံးအောင် ပြုလုပ်သူဟာ ဘယ်သူဘယ်ဝါမှန်း မသိသေးပေမယ့် ရှာဖွေမှုတွေကိုတော့ တင်းကြပ်စွာ ပြုလုပ်နေတယ်လို့ သိရပါတယ်။ လူမှုကွန်ရက် စာမျက်နှာတွေမှာတော့ ရွာသားတွေက သေဆုံးနေတဲ့ ဆင်ကို ဝမ်းနည်းစွာ ကြည့်ရှုနေတဲ့ ပုံကို မျှဝေသူ အများကြီး ရှိနေခဲ့ပါတယ်။
မကြာသေးခင်ကလည်း ထိုင်းနိုင်ငံမှာ ဆင်သားပေါက်လေး ၂ ကောင်ဟာ ပိုးသတ်ဆေး အဆိပ်မိပြီး သေဆုံးခဲ့ပါသေးတယ်။
Ref; worldofbuzz.com
You may also like these stories:
တောရိုင်း တိရစ္ဆာန် အစိတ်အပိုင်းနဲ့ လုပ်ထားတဲ့ အရုပ်တွေက အစ ဥပဒေ အရ ငြိစွန်းပါတယ်
ကျားအရိုးနှင့် အသားများ မှောင်ခိုမှုဖြင့် ဗီယက်နမ်နှစ်ဦး ဖမ်းဆီးခံရ