လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ရုရှားနိုင်ငံအတွက် ထောက်လှမ်းရေး ပြုလုပ်ပေးနေတယ်လို့ ယူဆရတဲ့ ဝေလငါးတွေကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ ဝေလငါးမှာ ကင်မရာ တပ်ဆင်ထားတဲ့ ခါးသိုင်းကြိုး ပါရှိပြီး နော်ဝေးနိုင်ငံရဲ့ ရေပိုင်နက်ထဲမှာ တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။ တွေ့ရှိပြီးတဲ့နောက်မှာ နော်ဝေနိုင်ငံက ရေကြောင်းပညာရှင်တွေဟာ အကူအညီတောင်းနေပုံပေါ်တဲ့ ဝေလငါးကို လွှတ်ပေးခဲ့ပါတယ်။
နောက်ထပ် ရက်အနည်းငယ်အကြာမှာတော့ Ina Mansika လို့ အမည်ရတဲ့ အမျိုးသမီးနဲ့ သူ့ရဲ့ သူငယ်ချင်းတို့ဟာ လွှတ်ပေးလိုက်တဲ့ ဝေလငါးကို မြင်ရနိုနိုးနဲ့ ဓာတ်ပုံရိုက်ရင်း ဖုန်းဟာ ရေထဲကို ပြုတ်ကျသွားခဲ့ပါတယ်။ ဒါပေမဲ့ ခဏအကြာမှာ သူတို့အားလုံး အံ့အားသင့်ရမယ့် ကိစ္စတခုဖြစ်ပွားခဲ့ပါတယ်။ သူတို့ရှာဖွေနေတဲ့ ဝေလငါးဟာ ရေထဲက ထွက်လာပြီး ပါးစပ်မှာ ဖုန်းကို ကိုက်ချီလာခဲ့ပါတယ်။
Ina Mansika ဟာ ဝေလငါးရဲ့ ဗီဒီယိုကို လူမှုကွန်ရက် စာမျက်နှာမှာတင်ထားခဲ့ပြီး “ကံကောင်းစွာနဲ့ပဲ ကျမ ဝေလငါးလေးကို တွေ့ခဲ့ရပါတယ်။ ကျမရဲ့ဖုန်း ပြုတ်ကျသွားတော့ သူက ရေအောက်ကို ငုပ်ပြီး ပြန်ရှာလာပေးတယ်။ သူ့ကို ကိုင်ခွင့်လည်း ရခဲ့တယ်။ ကျမတို့အားလုံး အရမ်းကို အံ့အားသင့်ခဲ့ရတာပါ။ ကိုယ့်မျက်လုံး ကိုယ်တောင် မယုံနိုင်လောက်ပါပဲ။ ဖုန်းကို ပြန်ယူလာပေးလို့ ကျေးဇူးတင်ပါတယ် ဝေလငါးလေးရေ”ဆိုတဲ့ စာနဲ့ အတူ ရေးတင်ထားတာ ဖြစ်ပါတယ်။
အခုလို ပစ္စည်းကောက်ပြီး ပြန်လာပေးတာဟာ ပညာရှင်တွေရဲ့ သင်ကြားမှုကို ခံခဲ့ရကြောင်း သိသာနေတယ်လို့ ရေကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အဆိုပါ ဝေလငါးလေးကို အချုပ်အနှောင် မရှိဘဲ သဘာဝထဲမှာ နေရတဲ့ အချိန်မှာတောင် လူတွေကို အကူအညီပေးနေဆဲဖြစ်လို့ အားလုံးက ချစ်ခင်နေကြပါတယ်။
Ref. thedodo.com