ထိုင်းအဆိုတော်ဟောင်း တဦးဖြစ်တဲ့ Praisaeng ဟာ ဇွန်လ ၁၇ ရက်နေ့က ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
Pookie လို့ လူသိများတဲ့ သူမကို ခင်ပွန်းဖြစ်သူ Cholawit Keetatrakul နဲ့ အတူ နေအိမ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရဲတွေက ဆိုပါတယ်။ သူတို့ ဇနီးမောင်နှံဟာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုပြုလုပ်နေတာ တနှစ်ခန့်ရှိပြီဖြစ်ပြီး အခုအချိန်မှာတော့ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ရောင်းချမှု တို့နဲ့ စွဲချက်တင်ထားတယ်လို့ သိရပါတယ်။
အသက် ၄၀ရှိပြီဖြစ်တဲ့ Pookie နဲ့ ခင်ပွန်းဖြစ်သူ တို့ဟာ Crystal Meth ၉၈ဒဿမ၃ ဂရမ်၊ Speed ဆေးပြား ၈ပြား၊ Ecstasy ၁၀ပြား၊ Ketamine ၄ဂရမ်၊ ဆေးခြောက် ၄၀ ဂရမ်တို့နဲ့ ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ရဲအရာရှိတွေက ထိုင်ဝမ်နိုင်ငံသား အမျိုးသားတဦးရဲ့ တည်းခိုခန်းမှာ မူးယစ်ဆေးဝါးမိရာက စပြီး အဆိုတော် Pookie ကို ခြေရာခံမိခဲ့တာဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသားကို ketamine နဲ့ ဖမ်းမိခဲ့တာဖြစ်ပြီး သူက အဲဒီမူးယစ်ဆေးတွေကို Pooky ထံက ဝယ်တာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။
Ref;xinhuanet
You may also like these stories:
စိတ်ကြွဆေး ထုတ်လုပ်မှုနဲ့ သုံးစွဲမှုမှာ ရှေ့တန်းရောက်လာတဲ့ အရှေ့တောင်အာရှ နိုင်ငံများ
မွတ်စလင် ခရီးသွားဈေးကွက်ကို ထပ်မံချဲ့ထွင်ဖို့ ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံ
ထိုင်းကချေသည် ပုံစံမျိုး ရိုက်ချင်တဲ့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်
လူမှုကွန်ရက်မှာ ရေပန်းစားနေတဲ့ ထိုင်းနိုင်ငံက အသက် ၅၆ နှစ်အရွယ် မော်ဒယ်