Lifestyle

Huawei က MedaPad M6 တက်ဘလက်ကို အရွယ်အစားနှစ်မျိုးနဲ့ မိတ်ဆက်

Want create site? Find Free WordPress Themes and plugins.

Huawei က Nova 5 ဖုန်းတွေနဲ့အတူ MediaPad M6 တက်ဘလက်အသစ်ကို မနေ့က တရုတ်နိုင်ငံမှာ မိတ်ဆက်သွားခဲ့ပါတယ်။။ မနှစ်က ထုတ်ခဲ့တဲ့ MediaPad M5 ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ MediaPad M6 တက်ဘလက်ကို ကို ၁၀.၈ လက်မ မော်ဒယ်နဲ့ ၈.၄ လက်မ မော်ဒယ် နှစ်မျိုး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

မျက်နှာပြင်နဲ့ ဘက်ထရီပမာဏ မတူတာကလွဲပြီး၊ ကျန်တာအားလုံးကတော့ မော်ဒယ်နှစ်ခုလုံး အတူတူပဲ ဖြစ်ပါတယ်။

MediaPad M6 တက်ဘလက်နှစ်မျိုးလုံးမှာ 2560×1600 pixels 2K ရုပ်ထွက်အရည်အသွေးရှိတဲ့ LCD Panels တွေကို အသုံးပြုထားပြီး၊ ဘောင်တွေ တော်တော်သေးသွားပါတယ်။ ဖုန်းတွေလိုတော့ ဘောင်ပျောက်အဆင့်ထိ မရောက်သေးပါဘူး။ မျက်နှာပြင်ပိုကြီးတဲ့ 10.8-inch မော်ဒယ်မှာ 7,500mAh ဘက်ထရီ ပါဝင်ပြီး၊ 8.4-inch မော်ဒယ်မှာတော့ 6,100mAh ဘက်ထရီကို အသုံးပြုထားပါတယ်။

8MP ရှေ့ကင်မရာ၊ 13MP ကျောကင်မရာ ကိုယ်စီနဲ့ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ မော်ဒယ်အကြီးမှာ Harman Kardon အမှတ်တံဆိပ် စပီကာလေးလုံး ပါဝင်လာတာ တွေ့ရပါတယ်။ တက်ဘလက်နဲ့ ရုပ်ရှင်၊ ဗီဒီယိုတွေ ကြည့်တဲ့အခါ အသံထွက်ပိုင်းကို ပိုမိုနစ်မျောခံစားနိုင်မှာ ဖြစ်ပါတယ်။

Huawei P30 နဲ့ Mate 20 Flagship ဖုန်းတွေမှာ အသုံးပြုထားတဲ့ Kirin 980 SoC ကို Huawei MediaPad M6 မှာ ပြန်လည် အသုံးပြုပေးထားပါတယ်။ 4GB RAM ပါဝင်ပြီး၊ 64GB နဲ့ 128GB Storage နှစ်မျိုး ထပ်ရွေးနိုင်မှာ ဖြစ်ပါတယ်။ Android 9.1 စနစ်အခြေခံ EMUI 9.1 နဲ့ပဲ ဖြစ်ပါတယ်။ Huawei ရဲ့ ကိုယ်ပိုင် OS ကိုတော့ မတွေ့ရသေးပါဘူး။

Pogo ပင်ချောင်းတွေကနေတဆင့် ကီးဘုတ်ကိုယ်ထည်ကို တပ်ဆင်အသုံးပြုနိုင်တာကြောင့် လက်ပ်တော့တလုံးလို သွားလေရာ သယ်သွားနိုင်မှာပါ။ USB Type-C အပေါက်၊ 3.5mm ဂျက်ပင်ပေါက်နဲ့ microSD ကတ်အပေါက်တို့ ပါဝင်ပါတယ်။ MediaPad M6 မော်ဒယ်အကြီးက ၄၉၈ ဂရမ် အလေးချိန်ရှိပြီး၊ အသေးကတော့ ၃၂၀ ဂရမ် ရှိပါတယ်။

MediaPad M6 10.8-inch မော်ဒယ်ကို ယနေ့ကစ Pre-oder မှာယူထားနိုင်ပါပြီ။ လာမယ့် ဇူလိုင် ၁၀ ရက်နေ့မှာ စတင်ရောင်းချသွားမှာပါ။ စျေးနှုန်းကတော့ Wi-Fi ပဲ အသုံးပြုနိုင်တဲ့ 4GB/64GB မော်ဒယ်ကို ၂,၂၉၉ ယွမ် (၃၃၅ ဒေါ်လာခန့်) သတ်မှတ်ထားပါတယ်။ ဆယ်လူလာကွန်ရက်ချိတ်ဆက် အသုံးပြုနိုင်တဲ့ 4GB/128GB အမြင့်ဆုံးမော်ဒယ် ဆိုရင်တော့ ၃,၄၉၉ ယွမ် (၅၁၀ ဒေါ်လာခန့်) ကျသင့်မှာပါ။

အရွယ်ပိုသေးတဲ့ MediaPad M6 8.4-inch ကိုတော့ ဇူလိုင် ၇ ရက်နေ့မှ Pre-order တင်နိုင်မှာ ဖြစ်ပါတယ်။ ဇူလိုင် ၂၀ မှာ စတင်ရောင်းချသွားမှာပါ။ သူ့စျေးနှုန်းကတော့ 4GB/64GB Wi-Fi မော်ဒယ်ကို ၁,၉၉၉ ယွမ် (၂၉၀ ဒေါ်လာခန့်) နဲ့ 4GB/128GB 4G LTE မော်ဒယ်ကို ၂,၆၉၉ ယွမ် (၃၉၂ ဒေါ်လာ) ဖြစ်ပါတယ်။

Ref: GSM Arena, Gadgets 360

You May Also Like These Stories:

Huawei က Nova 5 Series အသစ်ကို မိတ်ဆက်

လက်ဗွေရာဆန်ဆာနဲ့ Bluetooth ပါဝင်တဲ့ စမတ်တံခါးသော့ကို Xiaomi မိတ်ဆက်

မော်ဒယ်လတ် ဖုန်းသစ် နှစ်မျိုးကို HTC မိတ်ဆက်

ကျောကင်မရာသုံးလုံး ပါဝင်တဲ့ Maimang  8 ဖုန်းကို Huawei မိတ်ဆက်

Did you find apk for android? You can find new Free Android Games and apps.
Loading