အနိုင်ကျင့်ခံရခြင်း၊ Bully လုပ်ခြင်း ဆိုတာဟာ ဆယ်ကျော်သက်နဲ့ ကလေးဘဝမှာပဲ ပြုလုပ်ခံရတာမျိုး မဟုတ်တော့ပါဘူး။ လူအများနဲ့ အတွေးအခေါ်၊ အယူအဆ၊ အပြုအမူချင်း ကွဲပြားခြားနားပြီး သီးသန့်ဖြစ်နေတဲ့ အခါမျိုးမှာ အုပ်စုဖွဲ့ Bully လုပ်ခြင်း ခံရတတ်ပြီး Bully လုပ်ခံရမှုမှာဆိုရင်လည်း အသက်အရွယ် အပိုင်းအခြားမရွေး ပါဝင်နေတတ်တယ်လို့ သုတေသနစစ်တမ်းတွေအရ သိရပါတယ်။
Bully လုပ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပြီး စိတ်ဓာတ်ကျကာ မိမိကိုယ်ကိုသတ်သေတဲ့ အဆင့်ထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ လူတိုင်းသိထားသင့်တဲ့ Bully လုပ်ခြင်း အမျိုးအစားတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Physical Bully
ဒါကတော့ ကိုယ်ကာယအားဖြင့် အနိုင်ကျင့်တာမျိုးပါ။ ဆယ်ကျော်သက်နဲ့ ကလေးအရွယ်တွေမှာ အဖြစ်များပြီး အုပ်စုဖွဲ့ကာ ဝိုင်းဝန်းရိုက်နှက် အနိုင်ကျင့်တာမျိုးပဲ ဖြစ်ပါတယ်။
(၂) Verbal Bully
ဒါကတော့ နှုတ်အားဖြင့် စကားလုံးတွေနဲ့ ထိုးနှက်ကာ စိတ်ထိခိုက် နာကျင်အောင် အနိုင်ကျင့်ခြင်းပဲ ဖြစ်ပါတယ်။ နာမည်တပ်ပြီး စကားလုံးတွေနဲ့ ထိုးနှက်သလို အမူအရာ၊ အသွင်အပြင်ပေါ် မူတည်ပြီးလည်း စကားလုံးတွေနဲ့ အနိုင်ကျင့်တာမျိုးဖြစ်တာကြောင့် စိတ်ထိခိုက်ကာ ကိုယ့်ကိုယ်ကို သတ်သေတဲ့အဆင့်ထိ ဖြစ်သွားစေနိုင်တဲ့ Bully လုပ်ခြင်း တမျိုးပဲ ဖြစ်ပါတယ်။
(၃) Cyber Bully
ဒါကတော့ ဒီနေ့ခေတ်မှာ အများဆုံးတွေ့ရတဲ့ လုပ်ခြင်းတမျိုးဖြစ်ပြီး ဆိုရှယ် မီဒီယာတွေကနေတဆင့် အရှက်ခွဲ အနိုင်ကျင့်ခံရတာမျိုး ဖြစ်ပါတယ်။ Cyber Bullying ရဲ့သက်ရောက်မှုဟာဆိုရင်လည်း စိတ်ဒဏ်ရာရကာ Suicide လုပ်တဲ့အထိ ဖြစ်နိုင်ပါတယ်။
(၄) Sexual Bully
ဒါကတော့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားခြင်းဖြစ်ပြီး ညစ်ညမ်းစွာ ပြောဆိုတာ၊ မတော်တဆ မဟုတ်ဘဲ တမင်အသားချင်းထိအောင် လုပ်တာမျိုး ဖြစ်ပါတယ်။ စစ်တမ်းတွေအရ ကမ္ဘာပေါ်က အမျိုးသမီး သန်းတထောင်ခန့်(၃ ယောက်မှာ ၁ ယောက်နှုန်း) ဟာ Sexual Bully ပြုလုပ်ခံနေရတယ်လို့ သိရပါတယ်။
(၅) Prejudicial bully
ဒါကတော့ အသားရောင်ကွဲပြားမှု၊ ဘာသာရေး အယူဝါဒ ကွဲပြားမှုနဲ့ လိင်ပိုင်းဆိုင်ရာ ကွဲပြားမှုတွေကို Bully လုပ်ခြင်းပဲ ဖြစ်ပါတယ်။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ အဖြစ်များပြီး တဦးတည်း ကွဲထွက်နေခြင်းကို အုပ်စုဖွဲ့ Bully လုပ်တာမျိုးလည်း ဖြစ်ပါတယ်။
Ref. www.ncab.org.au
You may also like these stories:
နိုင်ငံတကာက သတင်းမီဒီယာတွေမှာပါ အကျယ်တဝံ့ ဖော်ပြခြင်းခံရတဲ့ ကိုကျော်ဇင်ဝင်းရဲ့ သတင်း
Cyberbullying ပြုလုပ်ခံခဲ့ရတဲ့ ကမ္ဘာကျော် အနုပညာရှင်များ
ဆိုရှယ်မီဒီယာမှာ အဖြစ်များလာတဲ့ Cyber Bullying အကြောင်း တစေ့တစောင်း