စူပါမန်း ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိခဲ့တဲ့ မင်းသား Henry Cavill ကို ရှားလော့ဟုမ်း ဇာတ်ကောင်အဖြစ် မြင်တွေ့ရဖို့ ရှိနေပါတယ်။ ရှားလော့ဟုမ်းရဲ့ ညီမဖြစ်သူ “Enola Holmes” အကြောင်းကို အဓိကထားပြီး ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ရမှာ ဖြစ်တယ်လို့ ဇွန်လ ၂၇ရက်နေ့က Deadline က ပြုလုပ်တဲ့ ပွဲတခုမှာ ပြောခဲ့တာလည်း ဖြစ်ပါတယ်။
ဒီရုပ်ရှင်မှာ Henry Cavill က အဓိက ဇာတ်ကောင်တော့ မဟုတ်ပေမယ့် ရှားလော့ဟုမ်းနေရာမှာ ပါဝင်သွားမှာ ဖြစ်ပါတယ်။ Enola Holmes အနေနဲ့ သရုပ်ဆောင်မယ့်သူက “Stranger Things” ဇာတ်လမ်းတွဲရဲ့ သရုပ်ဆောင် တဦးဖြစ်တဲ့ မင်းသမီး Millie Bobby Brown ပဲ ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ စာရေးဆရာမ Nancy Springer ရဲ့ “Enola Holmes Mysteries” ဆိုတဲ့ ဝတ္ထုကို အခြေခံရိုက်ကူးမှာ ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ မင်းသမီး Millie Bobby Brown ဟာ ဆယ်ကျော်သက်စုံထောက်အနေနဲ့ သရုပ်ဆောင်မှာ ဖြစ်ပြီး သူမရဲ့ မိခင်နေရာမှာတော့ နာမည်ကြီး မင်းသမီးဖြစ်တဲ့ Hlena Bonham-Cartar က သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
“Enola Holmes” ဇာတ်ကားကို “Sugar Rush”, “Fleabag” နဲ့ “Killing Eve” စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ Harry Bradbeer က ရိုက်ကူးမှာ ဖြစ်ပြီး ဇာတ်ညွှန်းကတော့ “Wonder” ဇာတ်ကားရဲ့ ဇာတ်ညွှန်းရေးသားသူ Jack Thorne က ရေးသားထားတယ်လို့ သိရပါတယ်။ “Enola Holmes” ရုပ်ရှင်ဇာတ်ကားကို ၂၀၂၀ ခုနှစ်မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။
Ref. justjared.com
You may also like these stories:
Superman အဖြစ်မှ Henry Cavill မနုတ်ထွက်သေးကြောင်း Jason Momoa ပြော
ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ချင်နေတဲ့ မင်းသား Henry Cavill
ရုပ်ရှင်နှစ်ခု ရိုက်ကူးရေးကြားမှာ နှုတ်ခမ်းမွှေး ဖြုတ်ရေး၊ တပ်ရေးကိစ္စ ကြုံခဲ့ရတဲ့ Henry Cavill
‘Sherlock Holmes 3’ ရုပ်ရှင်ပြသမယ့်အချိန်ကို ၁ နှစ်နောက်ဆုတ်