Entertainment

မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ မင်းသား Park Yoo Chun ဆိုင်းငံ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

တရားမဝင် မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ JYJ အဖွဲ့ဝင်ဟောင်း အဆိုတော်၊ မင်းသား Park Yoo Chun ကို ထောင်ဒဏ် ၁၀ လနဲ့ ဆိုင်းငံ့ ထောင်ဒဏ် ၂ နှစ်ကျခံစေဖို့ ဒေသဆိုင်ရာ တရားရုံးတခုက ဇူလိုင် ၂ ရက်နေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။

ဆိုးလ်မြို့ တောင်ဘက်မှာ ရှိတဲ့ ဆူဝန်မြို့က ခရိုင်တရားရုံးက အသက် ၃၂ နှစ်အရွယ် မင်းသားကို ဒဏ်ငွေ ဝမ် ၁ ဒဿမ ၄ သန်းပေးဆောင်စေဖို့နဲ့ သူ့ကို စောင့်ကြပ်ကြည့်ရှုမှု၊ ကုသမှု အမိန့်တွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

တရားသူကြီး Kim Doo Hong က “မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုတွေဟာ လူ့အသိုင်းအဝန်းနဲ့ လူတဦး တယောက်ချင်းစီအပေါ် ဆိုးရွားတဲ့စွဲလမ်းမှုနဲ့ ထိခိုက်မှုရှိစေတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေတာကြောင့် အပြစ်ပေးတာ နည်းနည်း ကြမ်းတမ်းသင့်ပါတယ်”လို့ တရားရုံးဆုံးဖြတ်ချက်မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ မင်းသား Park က သူ့ရဲ့လုပ်ရပ်အပေါ် နောင်တရမှုနဲ့ ဒါဟာ သူ့အတွက် ပထမဆုံးကျူးလွန်တာဖြစ်တာကြောင့် ပြစ်ဒဏ်နဲ့ အဟန့်အတားနေနဲ့ ဆိုင်းငံ့ထောင်ဒဏ်နဲ့သာ ထိုက်တန်တယ်လို့ တရားသူကြီး Kim က ဆိုပါတယ်။

ထောင်အဝတ်အစားကို ဝတ်ဆင်ထားတဲ့ မင်းသား Park ဟာ ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက် တရားရုံးကနေ ထွက်လာစဉ်မှာ သူ့ရဲ့ တောင်ကိုရီးယားနဲ့ ဂျပန် ပရိသတ်တွေကို ဦးညွှတ် ဂါရဝပြုခဲ့ပါတယ်။ ပရိသတ်တချို့ကတော့ ပြစ်ဒဏ်ကို ကြားပြီး ငိုယိုနေခဲ့ကြပါတယ်။

မင်းသား Park ဟာ မက်သာဖတ်တမင်း ၁ ဒဿမ ၅ ဂရမ် ဝယ်ယူမှု၊ ချစ်သူဟောင်း Hwang Ha-na နဲ့ အတူ သုံးစွဲမှုတို့ကြောင့် မေလ ၁၇ ရက်နေ့မှာ တရားစွဲခံခဲ့ရတာ ဖြစ်ပါတယ်။ အခုနှစ် ဖေဖော်ဝါရီလကနေ မတ်လအထိ ဝယ်သူသုံးစွဲမှု ၆ ကြိမ်လောက် ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

Ref:Yonhap

You may also like these stories:

မူးယစ်ဆေးဝါး တရားဝင် သုံးခွင့်ပြုထားသော နိုင်ငံများ

အနုပညာရှင်တွေ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ပတ်သက်ပြီး ထွန်းထွန်း ဘာပြောလဲ

မူးယစ်ဆေးဝါးများနဲ့အတူ ဖမ်းမိခဲ့တဲ့ ကမ္ဘာကျော် Celebrity များ

Loading