Entertainment

မအေးအေးဝင်း စီစဉ်မှုနဲ့ သရုပ်ဆောင် မိုးအောင်ရင် ရုပ်ရှင် ပြန်ရိုက်တော့မည်

Want create site? Find Free WordPress Themes and plugins.

မကြာသေးခင်အချိန်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ သရုပ်ဆောင် မိုးအောင်ရင်ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကိုတော့ မအေးအေးဝင်းရဲ့ စီစဉ်မှုဖြင့် ရိုက်ကူးတော့မှာဖြစ်တယ်လို့ လက်ကီးဆဲဗင်း ထုတ်လုပ်ရေးရဲ့ ပိုင်ရှင် မအေးအေးဝင်းက ပြောပါတယ်။

“မိုးအောင်ရင်ဆိုတာ အစကတည်းက ကိုယ့်သားလိုပဲလေ။ အခုလည်း လူသစ်စိတ်သစ်နဲ့ ဇာတ်ကားတွေ ရိုက်ဖို့ ရှိပါတယ်။ ကျမတို့ကလည်း သူ့အတွက် ဇာတ်လမ်းတွေရောဘာရော စီစဉ်ထားပါတယ်။ အခု ပထမဆုံး ပြန်ရိုက်မယ့် ကားကတော့ ဒါရိုက်တာ နေပိုင်ပေါ့။ မြင့်မြတ်နဲ့ တွဲပြီးတော့ အပြိုင်ဇာတ်လေးကို စီစဉ်ထားပါတယ်”လို့ မအေးအေးဝင်းက ပြောပါတယ်။

အဆိုပါရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာနေပိုင်ကရိုက်ကူးမှာဖြစ်ပြီး သြဂုတ် ၁ရက်နေ့မှာ စတင်ရိုက်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

“သူကတော့ စိတ်အားထက်သန်နေပါတယ်။ အခုတောင် Boxing တွေ ဘာတွေထိုးနေတာ အက်ရှင် ရိုက်ဖို့ အတွက်ပါ။ သေချာလေ့လာပြီး သေချာကို လုပ်နေပါတယ်။ မင်းသမီးကတော့ ချိတ်နေတုန်းပါ” လို့ မအေးအေးဝင်းက ပြောပါတယ်။

မအေးအေးဝင်းရဲ့ လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးဖို့ ရှိပြီး ရုံတင်ဖို့အတွက်လည်း ရုပ်ရှင်ဇာတ်ကား ၂၀ နီးပါးလောက် ရှိသေးတယ်လို့ သိရပါတယ်။

“ဒီနှစ်ထဲမှာ ကျမတို့ ထုတ်လုပ်ရေးက ရုပ်ရှင်ဇာတ်ကားတွေ အများကြီး ရိုက်ဖို့ ရှိပါတယ်။ အနီးစပ်ဆုံးကတော့ သြဂုတ်လ ၁ ရက်နေ့မှာ မြင့်မြတ်နဲ့ မိုးအောင်ရင်နဲ့ ရိုက်ဖို့ ရှိပါတယ်။ ဒါရိုက်တာ နေပိုင် ရိုက်မှာပါ။ ကျမဆီမှာ ရိုက်ထားပြီး ရုံမတင်ရသေးတာ ၁၀ ကားကျော်၊ ကား ၂၀ နီးပါးလောက် ရှိသေးတယ်။ ဒီနှစ်ထဲမှာ ၅ ကား တင်ထားတော့ ကျန်ပါတယ်။ ဆင်ဆာကျပြီးသားတွေတော့ များပါတယ်”လို့ မအေးအေးဝင်းက ပြောပါတယ်။

မိုးအောင်ရင်ရဲ့ဇာတ်ကားများကို စောင့်မျှော်နေတဲ့ ပရိသတ်များကိုလည်း မအေးအေးဝင်းက “ မိုးအောင်ရင်ကို စောင့်မျှော်နေတဲ့ ပရိသတ်အတွက် ကားကောင်းတွေ အများကြီးလာမှာပါ။ ကျမတို့ စီစဉ်နေပါတယ်” လို့ ပြောပါတယ်။

You May Also Like These Stories:

“မိသားစုကို ဒုက္ခပေးခဲ့ရတဲ့အတွက် နောင်တရလို့ မဆုံးပါဘူး”လို့ မိုးအောင်ရင် ပြော

မိုးအောင်ရင် ထောင်က ထွက်လာပြီးနောက် လူမှုရေး အကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့ စီစဉ်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading