တိရစ္ဆာန်ညှင်းဆဲမှု ဆန့်ကျင်ရေးမူနဲ့ ငြိစွန်းတယ်ဆိုပြီး Youtube ဟာ ရာနဲ့ချီတဲ့ စက်ရုပ်တိုက်ပွဲ ဗီဒီယိုတွေကို ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။ သြဂုတ်လ ၁၉ ရက်နေ့က ဖြုတ်ချလိုက်တဲ့ ဗီဒီယိုတွေမှာ နာမည်ကျော် စက်ရုပ်ပြိုင်ပွဲ ချန်နယ်တွေက ဗီဒီယိုတွေလည်း ပါရှိခဲ့ပါတယ်။
Jamison Go ဆိုတဲ့ နာမည်နဲ့ အကောင့်ပိုင်ရှင် တင်ထားတဲ့ စက်ရုပ်ပြိုင်ပွဲ Final Season ဗီဒီယိုလည်း ဖယ်ရှားခံလိုက်ရတဲ့အပြင် နာမည်ကျော်စက်ရုပ်ပြိုင်ပွဲဖြစ်တဲ့ BattleBots ရဲ့ ဗီဒီယိုတွေလည်း ပါရှိသွားတယ်လို့ Theverge သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဖြုတ်ချလိုက်တဲ့ ချန်နယ်တွေကို ပို့ပေးတဲ့ အီးမေးလ်တွေမှာ “အခုလို ဖယ်ရှားလိုက်ရတဲ့အတွက် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ Youtube မှာ ညှင်းပန်းနှိပ်စက်မှုတွေ တင်ခွင့် မရှိပါဘူး”ဆိုတဲ့ စာကို ထည့်သွင်း ရေးသားထားတာ တွေ့ရပါတယ်။
ဖြုတ်ချခံရတဲ့ Youtube ချန်နယ်တွေနဲ့ Youtuber တွေဟာ အခုလို ဖြတ်ချခံရတဲ့ ကိစ္စအပေါ် ထောက်ပြဝေဖန်မှုတွေ ပြုလုပ်ထားတဲ့ ဗီဒီယိုတွေကို တင်ပြီး ထောက်ပြခဲ့ပါတယ်။
အခုလို ဖယ်ရှားမှုတွေဟာ Youtube ရဲ့ AI တွေက မှားယွင်းလုပ်ဆောင်ပြီး ဖယ်ရှားခဲ့မိတာဖြစ်ကြောင်း Youtube ရဲ့ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပါတယ်။ အခုအချိန်မှာတော့ Youtube က မှားပြီး ဖယ်ရှားလိုက်တဲ့ ဗီဒီယိုတွေကို ပြန်ပြီး တင်လို့ရပြီလို့ သိရပါတယ်။
Youtube မှာ အခုအချိန်ထိတော့ စက်ရုပ်ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေ ထုတ်ထားခြင်းတော့ အခုထိတော့ မရှိသေးဘူးလို့ သိရပါတယ်။
Ref. Theverge.com