Lifestyle

“အချိန်ကုန်မခံချင်ရင် ပြစ်မှုမကျူးလွန်နဲ့” လို့ ပြောလိုက်တဲ့ သင်းသင်း

Want create site? Find Free WordPress Themes and plugins.

ကာမလိမ်လည်မှုနဲ့ သရုပ်ဆောင်ဝေဠုကျော်ကို တရားစွဲဆိုထားတဲ့အမှုမှာ အချိန်ကာလတခုအထိ ကြာမြင့်လာပြီဖြစ်ပြီး အချိန်အကုန်မခံချင်ရင်တော့ ပြစ်မှုမကျူးလွန်နဲ့လို့ သင်းသင်းက ပြောပါတယ်။

“ရုံးတက်ရုံးဆင်း အချိန်ကုန်တယ်ဆိုတာကတော့ အချိန်ကုန်မခံချင်ရင် ဒီပြစ်မှုကိုမကျူးလွန်နဲ့လေ။ ကျမကတော့ အဲ့အတိုင်းပဲပြောမှာပဲ။ ဘယ်သူကရော တက်ချင်မှာလဲ။ သူတို့ယောက်ျားလေးဘက်ကတောင် ဒီလိုပြောရင် ကျမ မိန်းကလေးဘက်က ပိုဆိုးတာပေါ့” လို့ သင်းသင်းက ပြောပါတယ်။

ယနေ့ရုံးချိန်းမှာတော့ ပထမတဖြတ် တရားရုံးကိုတင်သွင်းထားတဲ့ သက်သေများကို ကြားနာခဲ့ပြီးဖြစ်ပြီး တဖက်ရှေ့ကတော့ ကန့်ကွက်မှုရှိတဲ့အတွက် နောက်တပတ်မှာတော့ လျှောက်လွှဲချက်တင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီနေ့အခြေအနေကတော့ ပထမ တဖြတ်တင်ထားတဲ့ သက်သေတွေကို နားထောင်လို့ပြီးသွားပါပြီ။ ဟိုဘက်ကရှေ့နေက ကျမနဲ့ဝေဠုကျော်ပြောထားတဲ့အသံတွေကို သမီးရည်းစာပါဆိုမှ ချစ်သံကြိုက်သံမကြားလို့ ဘာသံကြားချင်နေလဲမသိဘူး။ အလာပသလာပ ဆိုပြီးတော့ ရုံးကို ကန့်ကွက်ထားတယ်။ ကျမတို့ဘက်ကလည်း နောက်တပတ်မှာ လျှောက်လွှဲချက်စာတင်မှာပါ” လို့ သင်းသင်းကပြောပါတယ်။

သက်သေအဖြစ်တင်သွင်းထားတဲ့ အသံဖိုင် ၂၀၀ကျော်အနက် ဆက်လက်စစ်ဆေးရန်အတွက် ကျန်ရှိနေသေးပြီး ထပ်မံပြီးတော့လည်း သက်သေခံများတင်သွင်းသွားဖို့ရှိတယ်လို့ သိရပါတယ်။

“အသံဖိုင် ၂၀၀ကျော်ကိုကတော့ သူနဲ့ကျမနဲ့ ပတ်သက်တဲ့ပုံစံမျိုးကိုပဲ တင်တာပါပဲ။ အသံဖိုင်ကတော့ ကျန်ပါသေးတယ်။ တင်ဖို့အတွက်ကလည်း ကျန်ပါသေးတယ်” လို့ သင်းသင်းက ပြောပါတယ်။

ဝေဠုကျော်ကတော့ တရားရုံးက အထွက်မှာ မီဒီယာများကို “အမှုအခြေအနေကတော့ တရားရုံးကဆုံးဖြတ်မှာပါ။ အခုကတော့ ရုံးတက်ရုံးဆင်းလာနေရတာပါပဲ။ ဒါပါပဲ” လို့ ပြောသွားခဲ့ပါတယ်။

ဝေဠုကျော်ကတော့ ပြီးခဲ့တဲ့လပိုင်းက တရားရုံးကင်းလွတ်ခွင့်လျှောက်ထားခဲ့ပေမယ့် တရားရုံးက ကန့်ကွက်ခဲ့တဲ့အတွက် ရုံးချိန်းများကို ဆက်လက်လာရောက်ကာ စစ်ဆေးခံနေရဆဲဖြစ်ပါတယ်။

ဇန်နဝါရီလ ၈ ရက်နေ့က တရားလိုဖြစ်သူ သင်းသင်းက စတင် တရားစွဲဆိုခဲ့ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့မှာတော့ ဝေဠုကျော်မှ တရားရုံးသို့ လာရောက်၍ အာမခံ လျှောက်ထားခဲ့ပြီး အမှုဆက်လက်စစ်ဆေးဆဲဖြစ်ပါတယ်။

You may also like these stories:

“အမှုက အချိန်တန်ရင် ပြီးသွားမှာပါ”လို့ သရုပ်ဆောင် ဝေဠုကျော် ပြော

ဝေဠုကျော် ရုံးချိန်း ပျက်ကွက်တာ ၄ ကြိမ် ရှိပြီလို့ တရားလို သင်းသင်း ပြော

တရားရုံးက လက်ခံနိုင်တဲ့အထိ သက်သေတွေ တင်သွားမယ်လို့ သင်းသင်း ပြော

“ခြိမ်းခြောက်တိုင်းလည်း မကြောက်သလို၊ မြှောက်တိုင်းလည်း မမြောက်ဘူး”လို့ ပြောတဲ့ သင်းသင်း

Did you find apk for android? You can find new Free Android Games and apps.
Loading