ပြသပြီး သုံးရက်အတွင်းမှာပဲ ကြည့်ရှုသူ ၁ သန်းကျော်သွားတာကြောင့် ကိုရီးယား Box Office ထိပ်ဆုံးနေရာ မှာ ရပ်တည်နိုင်လိုက်တဲ့ ဇာတ်ကားကတော့ နာမည်ကြီး သရုပ်ဆောင်တွေပါဝင်ထားတဲ့ “The Bad Guys: Reign of Chaos” အက်ရှင်ဇာတ်ကားကောင်းတကားပါ။
OCN ရုပ်သံလိုင်းကနေ ရုပ်သံစီးရီးအဖြစ် ထုတ်လွှင့်ပြသခဲ့ဖူးသလို ရုပ်ရှင်အဖြစ် ပြန်လန်အသက်သွင်း ရိုက် ကူးချိန်မှာလည်း ပရိသတ်တွေ အထူးအားပေးခဲ့ပါတယ်။ စက်တင်ဘာလ ၁၁ ရက်နေ့ စတင်ပြသခဲ့ချိန်ကစလို့ သုံးရက်အတွင်းမှာ ကြည့်ရှုသူ ၁ သန်းကျော်သွားခဲ့တာပါ။ နောက်ဆုံးရရှိတဲ့ စာရင်းတွေအရ စက်တင်ဘာ ၁၄ ရက်မှာတော့ ကြည့်ရှုသူ ၂.၄၉ သန်းကျော်သွားပါပြီ။
မူရင်းရုပ်သံစီးရီးမှာပါဝင်ခဲ့တဲ့ မက်ဒုံဆော့၊ ကင်ဆန်ဂျွန်း၊ ဂမ်ရဲဝန်တို့ ပြန်လည်ပါဝင်ထားပြီး ဂျန်ဂီယောင်းနဲ့ ကင် အေဂျွန်တို့နှစ်ဦးကတော့ အသစ်အနေနဲ့ ပါဝင်လာခဲ့ပါတယ်။ ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ မကြာခင်က ပြ သသွားတဲ့ “Search: WWW” ဇာတ်လမ်းတွဲထဲက မင်းသား ဂျန်ဂီယောင်းရဲ့ ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်ပါတယ်။
ပြသပြီး ရက်အနည်းငယ်အတွင်းမှာပဲ ကြည့်ရှုနှုန်းမြင့်ခဲ့တဲ့ “The Bad Guys” ရုပ်ရှင်ဟာ ဒီနှစ်အစောပိုင်းက စံ ချိန်တင်ကြည့်ရှုနှုန်းမြင့်ခဲ့တဲ့ “Extreme Job” ဇာတ်ကားလိုပဲ အချိန်တိုအတွင်း ကြည့်ရှုနှုန်းစံချိန်ဇယားမှာပါဝင် လာခဲ့တာပါ။ “Extreme Job” ဇာတ်ကားကတော့ စုစုပေါင်းကြည့်ရှုနှုန်း ၁၆.၂ သန်းကျော်ထိ ရုံဝင်ခဲ့ပါတယ်။
ကြည့်ရှုသူ ၁ သန်းကျော်ပြည့်မီခဲ့ချိန်က ကင်ဆန်းဂျွန်၊ ကင်အေဂျွန်၊ ဂျန်ဂီယောင်းနဲ့ ဒါရိုက်တာ ဆုန်ယောင်ဟို တို့က ၁ သန်းဆိုတဲ့ ဆိုင်းဘုတ်ကိုင်ပြီး ဂုဏ်ပြုခဲ့ကြသလို ကြည့်ရှုသူ ၂ သန်းကျော်သွားခဲ့ချိန်မှာလည်း ဒါရိုက် တာ ဆုန်ယောင်ဟို၊ ကင်အေဂျွန်နဲ့ ဂျန်ဂီယောင်းတို့က Bad Guys စာသားပါ တီရှပ်ဆင်တူဝတ်ဆင်ပြီး ကျေးဇူးတင်စကားဆိုခဲ့ကြပါတယ်။
The Bad Guys နဲ့ တချိန်တည်းမှာ ရုံတင်ခဲ့ပြီး ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေမှာ ထွက်ရှိခဲ့တဲ့ဇာတ်ကား အဆက် မင်းသား လီဂွမ်ဆူပါဝင်တဲ့ “Tazza: One Eyed Jack” ကလည်း ပထမဆုံးရက်မှာတင် ကြည့်ရှုသူ သုံးသိန်းကျော်ခဲ့သလို သုံးရက်အတွင်းမှာ ၁ သန်းကျော်သွားပြီး ကိုရီးယား Box Office ထိပ်ဆုံးမှာ ရပ် တည်နေပါတယ်။
Ref: Soompi