စစ်မှုထမ်းတာဝန်တွေကြောင့် ၂ နှစ်နီးပါး ပရိသတ်တွေနဲ့ ဝေးကွာခဲ့ရတဲ့ အနုပညာရှင်တွေကို ပြန်လည်မြင်တွေ့ ခွင့်ရတော့မှာပါ။ ၂၀၁၉ ခုနှစ်ထဲမှာ တာဝန်ပြီးဆုံးခဲ့ကြသူတွေထဲက အနုပညာအလုပ်တွေ ပြန်လည်လုပ်ဆောင် တော့မယ့် မင်းသားတွေရဲ့ဇာတ်လမ်းတွဲအသစ်တွေကို စောင့်မျှော်ရင်ခုန်နိုင်ပါပြီ။
ဇာတ်လမ်းတွဲ စတင်ရိုက်ကူး နေပြီဖြစ်တဲ့ မင်းသားတွေအပြင် မကြာခင် မြင်တွေ့ရတော့မယ့်မင်းသားတွေအကြောင်းကို စုစည်းဖော်ပြလိုက် ပါတယ်။
Im Si Wan
မင်းသား Im Si Wan စစ်မှုထမ်းဆောင်ပြီး ပထမဆုံးပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲကတော့ Webcomic ကို မှီးငြမ်းရိုက်ကူးထားတဲ့ ထိန်လန့်ဖွယ်အမျိုးအစား “Strangers From Hell” ဇာတ်ကားပါ။ OCN ရုပ်သံလိုင်းကနေ သြဂုတ် လ ၃၁ ရက်နေ့က စတင်ပြသနေပြီး အပိုင်း ၁၀ ပိုင်းပါဝင်ပါတယ်။
နယ်မြို့လေးကနေ ဆိုးလ်မှာ အလုပ်ရှာဖို့လာရင်း ဈေးသက်သာတဲ့အဆောင်ခန်းကို ငှားရမ်းမိရာက အတူနေသူတွေရဲ့ သံသယ ဖြစ်ဖွယ်ရာအဖြစ်အပျက်တွေကြား ရင်ဆိုင်ရပုံကို မြင်တွေ့ရမှာပါ။ ဒီဇာတ်လမ်းတွဲမှာ မင်းသား Lee Dong Wook ကလည်း သွားဆရာဝန်တယောက်အဖြစ် ပါဝင်ထားပါတယ်။
Kang Ha Neul
အပြုံးချိုချိုလေးနဲ့ ပရိသတ် အချစ်တော် မင်းသား Kang Ha Neul ကတော့ စစ်မှုထမ်းဆောင်ပြီးချိန်မှာပဲ ဝါရင့်သရုပ်ဆောင်မင်းသမီး Gong Hyo Jin နဲ့ “When the Camellia Blooms” လို့ နာမည်ပေးထားတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
တာဝန်သိပြည်သူတဦးအဖြစ် လူဆိုးတွေကို ဖမ်းပေးရာကနေ ရဲအရာရှိဖြစ်လာခဲ့တဲ့ Yong Shik ဟာ မြို့သူကို လက်ထပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆိုးလ်မြို့ကို ပြောင်းရွှေ့သွား ပေမယ့် ပြဿနာတခုကြောင့် မူလဇာတိမြို့ကို ပြန်ရောက်လာခဲ့ရာက မထင်မှတ်ဘဲ ကလေးတယောက်အမေ Single mother Dong Baek (Gong Hyo Jin) ကို ချစ်မိသွားခဲ့ပါတယ်။ KBS2 ရုပ်သံလိုင်းကနေ စက်တင်ဘာ ၁၈ ရက်နေ့ကစလို့ အပတ်စဉ် ဗုဒ္ဓဟူး-ကြာသပတေးနေ့တိုင်း ပြသနေပါပြီ။
Ji Chang Wook
စက်တင်ဘာ ၂၈ ရက်မှာ စတင်ပြတော့မယ် “Melting Me Softly” ဇာတ်ကားနဲ့ ပရိသတ်တွေရှေ့ ပြရောက်လာ တော့မယ့်သူကတော့ မင်းသား Ji Chang Wook ပါ။ စစ်မှုထမ်းဆောင်ပြီး ပထမဆုံးအကြိမ် ပါဝင်ထားတဲ့ ဇာတ် လမ်းတွဲကတော့ ထူးထူးခြားခြား သိပ္ပံဇာတ်ကားပါ။
၂၄ နာရီကြာ လူတွေကို ခဲထားမယ့် စမ်းသပ်မှုမှာပါဝင်ခဲ့ပေ မယ့် ဖြစ်ရပ်ဆန်းတခုကြောင့် အနှစ် ၂၀ ကြာပြီးမှ ပြန်နိုးလာချိန်မှာတော့ အရင်ရုပ်ရည်အတိုင်း ရှိနေခဲ့ကြတဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ မင်းသားနဲ့အတူ ပါဝင်ထားတဲ့ သရုပ်ဆောင်သစ်လေး မင်းသမီး Woo Jin Ah ရဲ့ အရည်အသွေးတွေကိုပါ မြင်နိုင်မယ့်ဇာတ်ကားတကားပါ။
Joo Won
ဖေဖော်ဝါရီလမှာ စစ်မှုထမ်းဆောင်ပြီးဆုံးခဲ့တဲ့ မင်းသား Joo Won ကလည်း ဝါရင့်မင်းသမီး Kim Hee Seon နဲ့ အတူ “Alice” ဇာတ်ကားအသစ်မှာ ပါဝင်တော့မှာပါ။
Hotel Alice ကို လာရောက်သူတွေဟာ အချိန်ခရီးသွား တွေဖြစ်ပြီး အချိန်ခရီးမသွားခင်မှာ ခေတ္တလာရောက် တည်းခိုကြတာပါ။ မင်းသမီးကတော့ အချိန်ခရီးသွားနိုင် မယ့် သော့ကို ထိန်းသိမ်းထားသူဖြစ်ပြီး Joo Won ကတော့ စုံးစမ်းရေးမှူးတစ်ဦးပါ။ သူတို့နှစ်ယောက် ဆုံဖြစ်ပြီး အတူတူအချိန်ခရီးသွားဖို့ ဖြစ်လာခဲ့ပါတယ်။ SBS ရုပ်သံလိုင်းကနေ ၂၀၂၀ ပြည့်နှစ်ထဲမှာ ထုတ်လွှင့်ပြသဖို့ စီစဉ် ထားပါတယ်။
Lee Min Ho
အပြိုင်ကမ္ဘာနှစ်ခုကြားမှာ ကိုရီးယားနိုင်ငံက စုံစမ်းရေးမှူးရယ် တခြားတဖက်မှာ ကိုရီးယားအင်ပါယာခေတ်က ဧကရာဇ်တပါးအဖြစ်ပါဝင်လာမယ့်သူကတော့ ဧပြီလမှာ စစ်မှုထမ်းပြီးဆုံးခဲ့တဲ့ မင်းသား Lee Min Ho ပါ။
တွဲ ဖက်သရုပ်ဆောင်မယ့် မင်းသမီးကလည်း Kim Go Eun ဖြစ်သလို စာရေးဆရာကလည်း “DOTS” “Heirs” “Goblin” “Mr.Sunshine” အစရှိတဲ့ ဇာတ်လမ်းတွဲတွေကို ရေးသားသူ Kim Eun Sook ဖြစ်တာကြောင့် နောက်ထပ်ပရိသတ် အကြိုက်တွေ့ဦးမယ့် ဇာတ်ကားဖြစ်လာမှာပါ။ စိတ်ကူးယဉ် “The King: The Eternal Monarch” SBS ရုပ်သံလိုင်းကနေပဲ ၂၀၂၀ ပြည့်နှစ်ထဲမှာ ပြသဖို့ စီစဉ်ထားပါတယ်။
Ref: Soompi
You may also like these stories:
စစ်မှုထမ်းပြီးနောက် ပထမဆုံး ဒရာမာမှာ ပြန်မြင်တွေ့ရတော့မယ့် မင်းသား ဂျီချန်ဝု
မီးဘေးသင့် ပြည်သူတွေအတွက် ငွေကြေးထောက်ပံ့ လှူဒါန်းခဲ့ကြတဲ့ ကိုရီးယားအနုပညာရှင်များ
စစ်မှုထမ်း ပြီးသွားပြီ ဖြစ်တဲ့ မင်းသား Kim Soo-hyun