ဒီတပတ်တော့ ကျန်းမာရေးနဲ့ အသင့်တော်ဆုံးဖြစ်တဲ့အပြင်၊ ရာသီစာလည်းဖြစ်တဲ့ ထောပတ်သီးကိုသုံးပြီး ဆူရှီ လုပ်နည်း လေးကို ဝေမျှပေးချင်ပါတယ်။ ကျန်းမာရေးအတွက် အကောင်းဆုံး အသီးတွေထဲမှာ ပါဝင်တဲ့ထောပတ်သီးဟာ ငှက်ပျောသီးထက် ပိုတက်စီယမ်ပါဝင်မှုပိုများသလို နှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။
အဆီတက်စေမယ့် ကိုလက်စထရောနည်းတဲ့အပြင် အမျှင်ဓာတ်များလို့ ကျန်းမာရေးလိုက်စား သူတွေအတွက်လည်း သင့်တော်ပါတယ်။
ထောပတ်သီးဆူရှီလိပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
ထမင်း (ရှမ်းဆန်နဲ့ချက်ထားတာဆိုရင် ပိုအဆင်ပြေပါတယ်)
ရှာလကာရည်
ဆား
ရေညှိခြောက်
ထောပတ်သီး
သခွားသီး တို့ လိုအပ်ပါတယ်။
အရင်ဆုံး ချက်ထားတဲ့ ထမင်းကို အရသာသွင်းပါမယ်။ ရေညှိနဲ့လိပ်မယ့် ထမင်းထဲကို ရှာလကာရည်အနည်း ငယ်၊ ဆားအနည်းငယ် ထည့်နယ်ပါ။ အရသာလေးလေးကြိုက်ရင် အသားမှုန့်အနည်းငယ် ထပ်ထည့်ပါ။
ထည့်လိပ်ဖို့အတွက် သခွားသီးနဲ့ ထောပတ်သီးကို အမြှောင်းလိုက်လေးတွေ လှီးထားပါ။ ဆူရှီလိပ်ဖို့အတွက် ဝါးဖျာလေး ပေါ်မှာ ရေညှိခြောက်ကို အရင်ဖြန့်ခင်းလိုက်ပါ။ ပြီးရင် ထမင်းကို သင့်တော်ရုံ ရေညှိခြောက်ပေါ်မှာ ဖြန့်ပေးပါ။
ရေညှိပေါ် ထမင်းဖြန့်ထည့်ပြီးပြီဆိုရင်တော့လှီးထားတဲ့ ထောပတ်သီးနဲ့ သခွားသီးကို ထည့်ပြီး လိပ်ရုံပါပဲ။ ဒီအတိုင်း မကပ်မှာဆိုးရင် ရေညှိအဖျားပိုင်းလေးတွေကို ရေစွတ်ပြီး ကပ်လိုက်ပါ။ ကျန်းမားရေးနဲ့လည်း အထူးသင့် တော်တဲ့ ထောပတ်သီးဆူရှီအရသာကို မြည်းစမ်းနိုင်ပါပြီ။ သခွားသီးမကြိုက်ဘူးဆိုရင် ထောပတ်သီးတမျိုးတည်းပဲ သုံးနိုင်ပါတယ်။