အိမ်ဖြူတော်မှာ တာဝန်မယူခင် “Home Alone 2” ရုပ်ရှင်မှာ ပါဝင်ခဲ့ရတာဟာ ဂုဏ်ယူစရာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တုန်းက စစ်တပ်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံချိန်မှာ ပုဂ္ဂိုလ် တဦးက အဲ့ဒီ ခရစ်စမတ်ရုပ်ရှင်မှာ ပါဝင်ခဲ့ရတဲ့အကြောင်းနဲ့ ပတ်သက်လို့ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
သမ္မတ Trump က “ငါ နည်းနည်းလေး ငယ်သေးတယ်။ တော်တော်လေးကို ပေါက်သွားခဲ့တယ်။ တကယ့်ကိုပဲ ခရစ်စမတ်မှာ အပေါက်ဆုံး ဖြစ်ခဲ့တယ်”လို့ ပြောပါတယ်။ ၁၉၉၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ အဲ့ဒီရုပ်ရှင် ဇာတ်ဝင်ခန်း တော်တော်များများကို ရိုက်ကူးခဲ့တဲ့ နယူးယောက်မြို့က ပလာဇာဟိုတယ်ကို သမ္မတ Trump ပိုင်ဆိုင်တာ ဖြစ်ပါတယ်။
သမ္မတက “အဲ့ဒီလိုမျိုး တစုံတခုမှာ ပါဝင်ခဲ့ရတာ တကယ့်ကိုပဲ ဂုဏ်ယူမိပါတယ်”လို့ ဆိုပါတယ်။ အဲ့ဒီရုပ်ရှင်ထဲမှာ အဓိက ဇာတ်လိုက် ကလေးငယ် Kevin ဟာ မိသားစုနဲ့ လူစုကွဲသွားပြီးတဲ့နောက် တောက်ပနေတဲ့ ဟိုတယ် တခုအတွင်းမှာ ထွက်လမ်းကို ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီအချိန် ဧည့်ခန်းမမှာ အနက်ရောင် ကုတ်အင်္ကျီရှည်၊ အနီရောင် နက်ကတိုင် ဝတ်ထားတဲ့ အမျိုးသားရှေ့မှာ ရပ်လိုက်ပြီး ဘယ်လမ်းကနေ သွားရမယ်ဆိုတာကို မေးမြန်းခဲ့ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းမှာ အနက်ရောင်ကုတ်ရှည် ဝတ်ထားတဲ့ အမျိုးသားအဖြစ် သမ္မတ Trump က ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
မင်းသား Matt Damon က အဲ့ဒီစီးပွားရေး လုပ်ငန်းရှင်ဟာ သူပါဝင်ရတဲ့ သရုပ်ဆောင်ချိန် ကာလအတိုင်း သူ့ရဲ့ အဆောက်အဦထဲမှာ ရိုက်ကူးဖို့ ခွင့်ပြုပေးခဲ့တာ ဖြစ်တယ်လို့ ၂၀၁၇ ခုနှစ်က The Hollywood Reporter နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ပြောဆိုခဲ့ပါတယ်။ သမ္မတ Trump ဟာ “Zoolander” နဲ့ “Sex and The City” တို့အပါအဝင် ရုပ်ရှင်နဲ့ စီးရီးပေါင်း ၂၀ တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
Ref: asiaone
You may also like these stories:
Greenland ဝယ်ဖို့ ကန့်ကွက်ခံရတာကြောင့် အလည်ပတ်ခရီးစဉ် ဖျက်သိမ်းလိုက်တဲ့ သမ္မတ Trump
ထောင်ထွက်များ အလုပ်ခွင် ပြန်ဝင်နိုင်ရေး ကူညီပေးရန် Kim Kardashian ဆော်သြ