အိမ်သန့်ရှင်းရေး ဝန်ဆောင်မှုတွေ များပြားလာတဲ့အခါမှာ သူ့ထက်ငါ အသစ်အဆန်းဖြစ်အောင် လုပ်နိုင်သူက ငွေပိုရမှာ အမှန်ပါပဲ။ စကော့တလန်နိုင်ငံမှာ နေထိုင်တဲ့ အသက် ၂၅နှစ်အရွယ် Victoria Murphy ကတော့ ကျောင်းပြီးချိန်မှာ အိမ်သန့်ရှင်းရေး ဝန်ဆောင်မှုတခုကို စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အလှဖန်တီးရှင် တဦးအနေနဲ့ ဘွဲ့ရခဲ့တဲ့ Victoria Murphy ရဲ့ အိမ်သန့်ရှင်းရေး ဝန်ဆောင်မှုကတော့ ဝတ်လစ်စလစ်နဲ့ သန့်ရှင်းရေး ပြုလုပ်တာဖြစ်ပြီး လုပ်အားခအနေနဲ့ ဝတ်ဆင်ရမယ့် အနေအထားပေါ်ကို မူတည်ပြီး တနာရီကို အမေရိကန်ဒေါ်လာ ၁၀၀ ကနေ ၁၄၀ အတွင်း ယူတယ်လို့ သိရပါတယ်။
သူမရဲ့ အေဂျင်စီနာမည်ကတော့ Get Glimmer ဖြစ်ပြီး အခုဆိုရင် အခြားဝန်ထမ်းတွေပါ အများကြီးရှိနေပြီဖြစ်ပါတယ်။ လုပ်ငန်းအတွက် ဝန်ထမ်းခေါ်ယူချိန်မှာ လျှောက်ထားသူ အများအပြားရှိခဲ့ပြီး လျှောက်ထားသူတွေအတွင်းကမှ သန့်ရှင်းရေးကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်သူ၊ ခန္ဓာကိုယ် ပြေပြစ်သူနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိသူတွေကို ရွေးချယ်ခန့် ထားလေ့ရှိတယ်လို့ Victoria Murphy က ပြောပါတယ်။
“ကျမ ဝန်ထမ်းတွေ အနေနဲ့ စိတ်မလုံမခြုံ ဖြစ်စေမယ့် အလုပ်မျိုးကို ကျမက မခိုင်းပါဘူး။ အလုပ်ရှင်က လုပ်ချင်တဲ့ သန့်ရှင်းရေးပုံစံမျိုးကို ပြောရပြီး ကျမက သင့်တော်မယ့်သူကို ရွေးပေးလေ့ရှိပါတယ်။ ကျမတို့ လုပ်ကိုင်နေတာတွေကို သူတို့တွေက ထိုင်ပြီး ကြည့်ရမျိုးရှိပေမယ့် မဖွယ်မရာတော့ မလုပ်ကြပါဘူး။ တချို့တွေဆို ရှက်တောင် ရှက်နေကြသေးတယ်။ အရမ်းအထီးကျန်သူ တချို့ကတော့ ကျမတို့နဲ့ စကားပြောဆိုတာတွေ ရှိပါတယ်”လို့ သူမက ပြောပါတယ်။
Victoria Murphy ကတော့ သူမရဲ့ လုပ်ငန်းကို စကော့တလန်နိုင်ငံက မြို့တိုင်းမှာ ဝန်ဆောင်မှု ရရှိနိုင်အောင် ကြိုးစား လုပ်ကိုင်နေတယ်လို့လည်း သိရပါတယ်။ သူမရဲ့ လုပ်ငန်းတွေမှာ အမျိုးသားလုပ်သားတွေ ရှိပမေယ့် အဲဒီ အမျိုးသားတွေကိုတော့ ငှားရမ်းမှု နည်းနေသေးတယ်လို့ သိရပါတယ်။
Ref. ozzyman.com
You may also like these stories:
“အမြန်ဆုံး ကားမောင်းနိုင်သူ”လို့ လူသိများတဲ့ အမျိုးသမီး ကွယ်လွန်
လူမှုကွန်ရက်မှာ ရေပန်းစားနေတဲ့ ထိုင်းနိုင်ငံက အသက် ၅၆ နှစ်အရွယ် မော်ဒယ်
Alexa ကို အသုံးချပြီး မိခင်ရဲ့ အကြွေးဝယ်ကတ်နဲ့ အရုပ်တွေ ဝယ်ခဲ့တဲ့ ကလေး ၂ ယောက်