Forbes မဂ္ဂဇင်းကနေ ထုတ်ပြန်လိုက်တဲ့ ဆယ်စုနှစ်တာအတွင်း ဝင်ငွေအကောင်းဆုံး ဂီတညာရှင်နေရာမှာ ၂၀၁၅ ခုနှစ်ကစလို့ အယ်လ်ဘမ်ဖြန့်ချိခြင်း မရှိတော့တဲ့ Rap အဆိုတော် Dr. Dre က ရပ်တည်နေတာကို တွေ့ရပါတယ်။
အဆိုတော် Dr. Dre ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ဒေါ်လာ သန်း ၉၅၀ ဝင်ငွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဝင်ငွေအများစုက Beats နားကျပ်တွေရဲ့ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကနေ ရရှိခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ Apple ကုမ္ပဏီက ဒေါ်လာ ၃ ဘီလီယံနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
ဝင်ငွေအများဆုံး နံပါတ် ၂ နေရာမှာ ရပ်တည်နေသူကတော့ ဒေါ်လာ ၈၂၅ သန်း ရရှိခဲ့တဲ့ အဆိုတော် Taylor Swift ဖြစ်ပါတယ်။ သူကတော့ နယ်လှည့်ဖျော်ဖြေပွဲတွေ၊ အယ်လ်ဘမ်တွေနဲ့ စပွန်ဆာပူးပေါင်း ဆောင်ရွက်မှုတွေကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ Taylor Swift ဟာ ၂၀၁၉ ခုနှစ်အတွက် ဝင်ငွေအများဆုံး နာမည်ကျော်ကြားသူအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။
အဆိုတော် Beyonce ကတော့ ဝင်ငွေ ဒေါ်လာ ၆၈၅ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။
Forbes မဂ္ဂဇင်းဟာ Pollstar ကနေ ရရှိတဲ့ နယ်လှည့်ဖျော်ဖြေပွဲဒေတာ Nielsen ကနေ ရရှိတဲ့ ဂီတသုံးစွဲမှု ကိန်းဂဏန်း၊ မန်နေဂျာ၊ အေးဂျင့်နဲ့ စာရင်းမှာ ပါဝင်တဲ့စတားတွေကို အင်တာဗျူးမှုတွေကနေ ထိပ်ဆုံး ဝင်ငွေ ကောင်းသူတွေကို တိုင်းတာတွက်ချက်တာ ဖြစ်ပါတယ်။ စာရင်းထဲမှာ ပါဝင်နေသူတွေအားလုံးဟာ သက်ရှိထင်ရှားရှိနေသူ ဂီတပညာရှင်တွေ ဖြစ်ပါတယ်။
တကယ်လို့ အဲ့ဒီစာရင်းထဲမှာ ကွယ်လွန်ခဲ့ပြီး ဖြစ်တဲ့ ဂီတပညာရှင်တွေသာ ပါဝင်ဖြစ်မယ်ဆိုရင်တော့ အဆိုတော် မိုက်ကယ်ဂျက်ဆင်ဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်တာ ကာလတွင်းမှာ ဒေါ်လာ ၂ ဒဿမ ၃၇ ဘီလီယံ ရရှိခဲ့လို့ စာရင်းထိပ်ဆုံးကို ရောက်သွားမှာ ဖြစ်ပါတယ်။
ဆယ်စုနှစ်တာကာလအတွင်း ဝင်ငွေအကောင်းဆုံး ဂီတပညာရှင်စာရင်း
1. Dr. Dre (ဒေါ်လာ သန်း ၉၅၀)
2. Taylor Swift (ဒေါ်လာ ၈၂၅ သန်း)
3. Beyonce (ဒေါ်လာ ၆၈၅ သန်း)
4. U2 (ဒေါ်လာ ၆၇၅ သန်း)
5. Diddy (ဒေါ်လာ ၆၀၅ သန်း)
6. Elton John (ဒေါ်လာ ၅၆၅ သန်း)
7. Jay-Z (ဒေါ်လာ သန်း ၅၆၀)
8. Paul McCartney (ဒေါ်လာ ၅၃၅ သန်း)
9. Katy Perry (ဒေါ်လာ သန်း ၅၃၀)
10. Lady Gaga (ဒေါ်လာ သန်း ၅၀၀)
Ref: CNA
You may also like these stories:
ဂီတဇယား ထိပ်ဆုံးကို ပြန်ရောက်လာတဲ့ “All I Want for Christmas Is You” သီချင်း
AMA ဆုပေးပွဲမှာ မိုက်ကယ်ဂျက်ဆင်ရဲ့ ဆုအများဆုံး ရထားတဲ့ စံချိန်ကို လိုက်မီခဲ့တဲ့ Taylor Swift