Marvel စတူဒီယိုမှာ “Deadpool” ရုပ်ရှင်အသစ်ကို ရိုက်ကူးနေပြီလို့ မင်းသား Ryan Reynolds က အတည်ပြု လိုက်ပါတယ်။ မင်းသား Ryan က “Live with Kelly and Ryan” ဆိုတဲ့အစီအစဉ်မှာ အခုလိုမျိုး အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။
မင်းသားက “အဖွဲ့တခုလုံးနဲ့အတူ အခုကျနော်တို့ အလုပ်လုပ်နေကြပါပြီ။ ကျနော်တို့ အံ့သြဖွယ် အဖွဲ့ချုပ်ကြီးဖြစ်တဲ့ Marvel မှာရှိနေပါပြီ။ တော်တော်လေး ရူးလောက်ပါတယ်” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အခုနောက်ဆုံးရိုက်နေတဲ့ တတိယမြောက် ရုပ်ရှင်ကိုတော့ Marvel စတူဒီယိုလက်အောက်ကနေ ပထမဆုံး ထုတ်လုပ်မှာ လည်း ဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင်နှစ်ခုကိုတော့ Disney ကနေမဝယ်မီ 20th Century Fox ထုတ်လုပ်ရေးကနေ ကိုင်တွယ်ခဲ့တာလည်း ဖြစ်ပါတယ်။
သတင်းမီဒီယာ Variety ရဲ့အဆိုအရ “Deadpool” ဟာ Marvel စတူဒီယိုကနေ မူပိုင်ခွင့်ရရှိထားတဲ့ လက်တဆုပ်စာ ဇာတ်ကောင်တွေထဲက တခုဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လမှာ Disney နဲ့ Fox တို့ကြား ဒေါ်လာ ၇၁ ဒဿမ ၃ ဘီလီယံတန် သဘောတူညီချက် ရရှိခဲ့ပြီးတဲ့နောက် Cinematic Universe မှာ အဲ့ဒီစူပါဟီးရိုးကထပ်တိုးပါဝင်လာတာဖြစ်တယ်လို့ သိရပါတယ်။
အသက် ၄၃ နှစ်အရွယ် မင်းသား Ryan ဟာ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Deadpool” ရုပ်ရှင်မှာ စကားလုံးကြမ်းကြမ်း တွေ ပြောလေ့ရှိတဲ့ စူပါဟီးရိုးအဖြစ် စတင်ပါဝင်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Deadpool 2” ရုပ်ရှင်မှာလည်း ထပ်မံသရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်နှစ်ခုဟာ ရိုက်ကူးကုန်ကျစရိတ် ဒေါ်လာ ၅၈ သန်းနဲ့ ဒေါ်လာ သန်း ၁၁၀ အသီးသီးရှိခဲ့ပေမယ့် ကမ္ဘာ့ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံရရှိတဲ့အထိ အောင်မြင်ခဲ့ပါတယ်။
“Pokemon Detective Pikachu” ရုပ်ရှင်မှာလည်း ပါဝင်ထားတဲ့ မင်းသား Ryan ဟာ အခုနှစ်ကုန်ပိုင်း အထိ သူပိုင်တဲ့ Aviation American Gin ကုမ္ပဏီအတွက် ကြော်ငြာလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ သူဟာ“Free Guy” ဆိုတဲ့ ရုပ်ရှင်ကိုထုတ်လုပ်နေပြီး ဗီဒီယိုဂိမ်းထဲက ဇာတ်ကောင်အဖြစ် သူကိုယ်တိုင် သရုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် မင်းသား Dwayne “The Rock” Johnson၊ မင်းသမီး Gal Gadot တို့နဲ့အတူ ပါဝင်ထားတဲ့ “Red Notice” ရုပ်ရှင်မှာလည်း ပါဝင်ထားပြီး Netflix ထံက အနုပညာကြေး ၂၅ သန်း ရရှိထားတယ်လို့ ဆိုပါတယ်။
Ref: foxnews
You may also like these stories:
စူပါဟီးရိုးရုပ်ရှင်ကို The Russo Brothers နဲ့အတူ လက်တွဲ ရိုက်ကူးတော့မယ့် Keanu Reeves
Marvel မှာ Deadpool ပါဝင်လာမယ်လို့ မင်းသား Ryan Reynolds အရိပ်အမြွက် ပြော
Deadpool ရုပ်ရှင် ဇာတ်ဝင်တေး သီဆိုဖို့ အဆိုတော် Celine Dion ကို မင်းသား Ryan Reynolds ကမ်းလှမ်း