အသက် ၁၇ နှစ်အရွယ်ကနေစလု့ိ စတန့်သမားနဲ့ ကိုယ်ခံသိုင်းပညာ မင်းသားတဦးအနေနဲ့ အနုပညာလောကထဲမှာ နှစ်ပေါင်း ၄၈ နှစ်ကြာ ဖြတ်သန်းခဲ့ပြီး ဖြစ်တဲ့ အာရှမင်းသားကြီး ဂျက်ကီချန်းဟာ ဇာတ်လမ်းထဲမှာ ပါဝင်မယ့် စတန့်ပြကွက်တွေကို လူစားမထိုးဘဲ ကိုယ်တိုင် သရုပ်ဆောင်တယ်ဆိုပြီး လူသိများသူလည်း ဖြစ်ပါတယ်။
ကြိုတင် အကာအကွယ်ပြုမှုတွေကို လုပ်ဆောင်ထားပေမယ့် တခါတလေ မတော်တဆမှုဆိုတာ ဖြစ်ခဲ့ပြီး အသက်ကို နုတ်ယူမယ့် ကံကြမ္မာတွေနဲ့လည်း ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အခုနောက်ဆုံး ထွက်ရှိလာခဲ့တဲ့ “Vanguard” ရုပ်ရှင်ကို ရိုက်ကူးစဉ်မှာလည်း သူစီးနင်းခဲ့တဲ့ ရေပေါ်လျှပ်ပြေးယာဉ်ဟာ ကျောက်ဆောင်တခုနဲ့ ရိုက်မိခဲ့ပြီး မှောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ ယာဉ်အောက်မှာ သူဟာ ပိတ်မိသွားခဲ့ပြီး အပြင်ကို ပြန်မထွက်နိုင်ခဲ့ပေမယ့် ကံကောင်းသွားခဲ့တာက ရိုက်ကူးရေးအဖွဲ့က သူ့ကို ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီညပိုင်း ရေချိုးစဉ်မှာတော့ သူဟာ အဲ့ဒီညမှာ သေသွားနိုင်ခဲ့တယ်ဆိုတဲ့ အတွေးဝင်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
မကြာသေးခင်တုန်းက အီးမေးလ်ကနေ တဆင့်ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာတော့ သူ့ရဲ့ အနုပညာသက်တမ်း တလျှောက်လုံးမှာ ကြုံတွေ့ခဲ့ရတဲ့ အသက်အန္တရာယ်ရဲ့ နီးစပ်ခဲ့တဲ့ မတော်တဆမှုတွေ အကြောင်းကို မေးမြန်းခွင့်ရခဲ့ပါတယ်။
မင်းသားကြီး ဂျက်ကီချန်းက “အများကြီး ရှိခဲ့ပါတယ်။ ရုပ်ရှင်တကားစီတိုင်းမှာ အကြိမ်နည်းနည်း ရှိခဲ့ပါတယ်။ ကျနော်အသက် ငယ်ရွယ်စဉ်တုန်းက ပိုလို့တောင် တွေ့ခဲ့ရပါတယ်။ အကြိမ် ၂၀၀ တောင် ကျော်ခဲ့ပါတယ်”လို့ ဆိုပါတယ်။
သူဟာ အဲ့ဒီလိုမျိုး မတော်တဆမှုတွေကို တွေ့ကြုံခဲ့ရပြီးတဲ့နောက် သူ့ကိုယ်သူ ပြန်ထူထောင်ဖို့ ဇိမ်ခံ မနေခဲ့ဘူးလို့လည်း အသက် ၆၅ နှစ်အရွယ် မင်းသားကြီးချန်းက ဆိုပါတယ်။
“အက်ရှင် ဇာတ်ဝင်ခန်းတွေမှာ အန္တရာယ်ကတော့ အမြဲရှိပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ အဲ့ဒီနေရာမှာ ဘေးကင်းလုံခြုံမှု အစောင့်တွေကို ထားရှိခဲ့ပါတယ်။ Vanguard ရိုက်ကွင်းမှာ မတော်တဆမှု ဖြစ်တဲ့အခါ ကျနော် အဝတ်အစား လဲလိုက်တယ်။ ရေတခွက် သောက်လိုက်တယ်။ ပြီးတော့ ရုပ်ရှင်ဆက်ရိုက်တယ်”
“ကိုယ့်တယောက်တည်း အတွက်ကြောင့် ရိုက်ကူးရေးအဖွဲ့တခုလုံးကို မထားခဲ့နိုင်ဘူး။ သရုပ်ဆောင်တွေဆိုတာ ပရော်ဖက်ရှင်နယ် ဆန်နေရမယ်။ ကျနော်က အက်ရှင် ဇာတ်ဝင်ခန်းတွေကို ဘယ်လိုကောင်းအောင် ရိုက်ရမယ်ဆိုတာကိုပဲ အာရုံစိုက် စိုးရိမ်မိတယ်။ ဒါပါပဲ”လို့ ဆိုပါတယ်။
ရိုက်ကွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အဆိုးရွားဆုံး မတော်တဆမှုကတော့ ယခင် ယူဂိုဆလားဗီးယားနိုင်ငံမှာ ၁၉၈၆ ခုနှစ်က ရိုက်ခဲ့တဲ့ “Armour of God” ရိုက်ကွင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မင်းသားကြီး ဂျက်ကီချန်း ပါဝင်ထားတဲ့ “Vanguard” ရုပ်ရှင်ကို တရုတ်နိုင်ငံမှာတော့ နှစ်ဆန်းတရက်နေ့ ဖြစ်တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။
Ref:aisaone
You may also like these stories:
ဟာဝိုင်အီမှာ လက်ထပ်ပွဲ ကျင်းပခဲ့တဲ့ ဂျပန်အပြာမင်းသမီးဟောင်း Sola Aoi
မကြာခင် ရုံတင်မယ့် ရုပ်ရှင်မှာ သမ္မတကို လုပ်ကြံသူအဖြစ် မြင်တွေ့ရမယ့် မင်းသား လီဗြောင်ဟွန်း
ဂျက်ကီချန်းထံကနေ သင်ကြားမှုတွေနဲ့ အကူအညီတွေ ရခဲ့တယ်လို့ John Cena ဆို