မိမိအသုံးပြု ဝတ်စားတဲ့ အသုံးအဆောင် ပစ္စည်းတခုဟာ ကိုယ်နဲ့ အသားတကျရှိပြီး သက်သောင့်သက်သာလည်းရှိ၊ ယုံကြည်မှုလည်းရှိနေစေတဲ့ စိတ်ခံစားချက်က ကောင်းမွန်တယ်ဆိုတာ ငြင်းလို့ မရပါဘူး။ ထို့အတူပဲ အမျိုးသမီးတယောက်ရဲ့ နေ့စဉ်လှုပ်ရှား သွားလာမှုတွေထဲမှာမှ အတွင်းခံတွေဟာ ဝတ်ဆင်မယ့် အဝတ်အစားနဲ့ ဖက်ရှင်အပြင် စိတ်လုံခြုံမှုပေးနိုင်တဲ့ အရာတွေဆိုရင်လည်း မှားမယ် မထင်ပါဘူး။
သာမန် ဘရာနဲ့ အတွင်းခံတွေကို Amazon ကနေ ဝယ်ယူတာနဲ့ တခြားဝက်ဘ်ဆိုက်တွေကနေ ဝယ်ယူရတဲ့ စိတ်ကျေနပ်မှုချင်းတောင် မတူညီတာကို လက်ရှိခေတ်ရဲ့ အမျိုးသမီးတိုင်း အပြည့်အဝ လက်ခံထားကြပါတယ်။ စိတ်ကူးရှိသလို အသေးစိတ် ရွေးချယ်နေရတဲ့ ပစ္စည်းတိုင်းအပေါ်မှာ သုံးစွဲသူ တယောက်အနေနဲ့ ယုံကြည်မှု ရှိတဲ့အခါ ဘာမှ စိတ်ပူပန်နေစရာ မလိုတာကလည်း အားသာချက်တခုပဲ ဖြစ်ပါတယ်။
“Valentine’s Day” ၊ ပထမဆုံးတွေ့ဆုံမှုတွေနဲ့ Staff Party၊ ရုံးပိုင်းဆိုင်ရာ ပါတီတွေမှာ ဝင့်ဝင့်ကြွားကြွား လှပနိုင်ဖို့ဆိုတာ မိမိဝတ်ဆင်ထားတဲ့ အတွင်းခံအပေါ်မှာ တိုက်ရိုက်အချိုးကျတယ်လို့ ကမ္ဘာတဝှမ်းက အမျိုးသမီးတွေ လက်ခံထားကြပါတယ်။
Online ကနေ ဘရာနဲ့ အတွင်းခံ ရွေးချယ်ဝယ်ယူဖို့အတွက် www.thecut.com မှာ ဝင်ရောက် ကြည့်ရှုနိုင်ပြီဖြစ်ပြီး တခြားဝက်ဘ်ဆိုက်တွေမှာလည်း ဝယ်ယူနိုင်ပါတယ်။ တခြားနာမည်ကျော် အမျိုးသမီးအသုံးအဆောင် Brand တွေအဖြစ် လူသိများတဲ့ CK, Hanky Panky, Victoria’s Secret စတဲ့ ပစ္စည်းတွေကိုလည်း သက်ဆိုင်ရာ ဝက်ဘ်ဆိုက်တွေမှာလည်း ဝယ်ယူနိုင်ပါတယ်။
ဝက်ဘ်ဆိုက်တွေမှာ ဝယ်ယူတဲ့အခါ ပစ္စည်းရဲ့ ကျသင့်ဈေးနှုန်း၊ Size နဲ့ သင့်တော်တဲ့ အချက်အလက် တချို့ပါ အကြံပေး ဖော်ပြထားတာကြောင့် စိတ်တိုင်းကျ လွယ်လွယ်ကူကူ ဝယ်ယူနိုင်ပါတယ်။
Ref. www.thecut.com
You may also like these stories:
အပြင်သွားနေချိန် ကလေးမငိုအောင် ကတ်ထူစက္ကူနဲ့ ပုံထုတ်ပြီး ထောင်ထားခဲ့တဲ့ မိခင်
ဘဏ်အကောင့်ထဲ မှားဝင်လာတဲ့ ငွေတွေကို မယူဘဲ ပိုင်ရှင်ကို ရှာဖွေပြန်ပေးခဲ့တဲ့ မိန်းကလေး
ဝူဟန်မြို့က တရုတ်ခရီးသွား ၃၀၀၀ ကျော် ကမ္ဘောဒီးယားနိုင်ငံအတွင်းမှာပဲ ရှိနေသေး