‘Star Wars’ ရုပ်ရှင်မင်းသား Andrew Jack ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဗြိတိန်နိုင်ငံမှာ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ သူ့ရဲ့အေးဂျင့်ကဧပြီလ ၁ ရက်နေ့မှာပဲ ပြောဆိုလိုက်ပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ်ရှိနေပြီဖြစ်ပါတယ်။ ဒေသိယစကားနည်းပြအဖြစ် အလုပ်လုပ်ခဲ့ဖူးတဲ့ မင်းသား Andrew ဟာ Surrey မြို့မှာ ရှိတဲ့ ဆေးရုံတခုမှာ မတ်လ ၃၁ ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ သူ့ရဲ့အေးဂျင့် Jill McCullough က ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။
အေးဂျင့် McCullough က “Andrew ဟာ သိမ်းမြစ်ပေါ်က ရွှေ့လျားလှေပေါ်မှာ နေထိုင်ခဲ့ပါတယ်။ သူဟာ တော်တော်လေး လွတ်လွတ်လပ်လပ်ရှိပေမယ့် သူ့ဇနီးကို ရူးရူးမူးမူးချစ်ပါတယ်။ ပြီးတော့ ဒေသိယ နည်းပြတဦးလည်း ဖြစ်ပါတယ်။ မင်းသား Jack ဟာ Star Wars: Episode VIII – The Last Jedi ရုပ်ရှင်မှာ ဗိုလ်ချုပ်ကြီး General Ematt အဖြစ်ပါဝင်ခဲ့ပြီး Solo: A Star Wars Story နဲ့ Star Wars: Episode VII – The Force Awakens ရုပ်ရှင်တွေမှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။
သြစတြေးနိုင်ငံမှာ သီးခြားစောင့်ကြည့်ခံနေရတဲ့ သူ့ရဲ့ဇနီး Gabrielle Rogers က “Andrew Jack ဟာ လွန်ခဲ့တဲ့ ၂ရက်လောက်ကတည်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ တွေ့ရှိထားခဲ့တာပါ။ သူဟာ နာကျင်မှု မရှိခဲ့ပါဘူး။ သူ့မိသားစုတွေရဲ့ ရှေ့မှောက်မှာပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထွက်ခွာသွားတာပါ” လို့ ဆိုရှယ်မီဒီယာပေါ်မှာ ဖော်ပြခဲ့ပါတယ်။
သြစတြေးလျနိုင်ငံကို ရောက်ရှိလာတဲ့ ခရီးသည်တွေအနေနဲ့ သီတင်း၂ပတ်ကြာ သီးခြားခွဲထားခံရမှာဖြစ်ပါတယ်။
လူအများစုကတော့ သီတင်း၂ပတ်နဲ့ ၃ပတ်ကြာ အဖျားနဲ့ ချောင်းဆိုတာလိုမျိုး အသေးစားနဲ့ အလတ်စား ကိုရိုနာဗိုင်းရပ်စ်လက္ခဏာတွေ ပြသလေ့ရှိပါတယ်။ လူတချို့ အထူးသဖြင့် အရွယ်ရောက်သူတွေနဲ့ ကျန်းမာရေး ချို့တဲ့မှုအခံရှိသူတွေကတော့ အဆုတ်ရောင်ပြီး သေဆုံးတဲ့အထိ ပြင်းထန်တဲ့ အဖျားရောဂါတွေကို ခံစားရလေ့ရှိပါတယ်။
Ref: hindustantimes
You may also like these stories:
ကူးစက်ရောဂါဥပဒေအရ မလိုက်နာလျှင် ဘယ်လိုအရေးယူခံရနိုင်သလဲ
COVID-19 ဆိုင်ရာ ဒေသန္တရတားမြစ်အမိန့်များ ထုတ်ပြန်
ပြင်ဆင်မှုတွေက Ready ဖြစ်နေပါပြီ
မန်းတိုင်းသို့ ပြည်ပမှ ရောက်လာသူတိုင်း Facility Quarantine မဖြစ်မနေ ဝင်ရမည်