COVID-19 ကြောင့် နေရပ်မပြန်နိုင်တဲ့ ရုရှားစုံတွဲ တတွဲဟာ ထိုင်းနိုင်ငံက ဂူတဂူထဲမှာ တပတ်ကြာ နေထိုင်ခဲ့တယ်လို့ သိရပါတယ်။ Krabi ခရီးသွားရဲက အဲဒီရုရှားစုံတွဲကို တွေ့ရှိခဲ့ပြီး တန်ဆိုင်းပင်လယ် အော်မှာရှိတဲ့ ဂူတဂူထဲမှာ ရုရှားစုံတွဲဟာ ဧပြီ ၁၈ ရက်နေ့ကတည်းက နေထိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီသတင်းကို ဒေသခံတွေဆီကနေ ရရှိခဲ့တာဖြစ်ပြီး ရုရှားစုံတွဲဟာ အသက် ၃၀ ဝန်းကျင်ရှိသူတွေ ဖြစ် ကြတယ်လို့ သိရပါတယ်။ လက်ထပ်ထားပြီးပြီဖြစ်တဲ့ အဲဒီစုံတွဲကို Ao Naung ခရီးသွားရဲတပ်ဖွဲ့က သူတို့ဆီမှာ နေထိုင်ဖို့ ဖိတ်ကြားခဲ့ပါတယ်။
သူတို့ဟာ လွန်ခဲ့တဲ့ ၂ လကျော်လောက်ကတည်းက ထိုင်းနိုင်ငံကို ရောက်ရှိနေခဲ့တာဖြစ်ပြီး Krabi ပြည်နယ်အတွင်းက Railay ကမ်းခြေကို လည်ပတ်ခဲ့ကြတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၁ လလောက်ကတော့ သူတို့ရဲ့ ဒရုန်းနဲ့ ကင်မရာ ပျောက်ဆုံးသွားခဲ့တဲ့အတွက် ရဲစခန်းကို သွားရောက် တိုင်ကြားခဲ့ပါတယ်။ ရဲအရာရှိတွေဟာ တရားခံကို ဖမ်းပေးနိုင်စွမ်း မရှိခဲ့ပါဘူး။
နောက်ပိုင်းမှာတော့ ထိုင်းအာဏာပိုင်တွေက ဟိုတယ်ဧရိယာတွေကို ပိတ်ပစ်လိုက်ပါတယ်။ ဒါကြောင့်လည်း သူတို့အတွက် သွားစရာနေရာ မရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ နေထိုင်တဲ့ ဧရိယာအတွင်းက လူတွေကို သူတို့ မသိကြပါဘူး။ ဒါကြောင့် သူတို့ နေထိုင်မယ့် နေရာကို ကိုယ်တိုင် ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ တန်ဆိုင်း ပင်လယ်အော်အတွင်းမှာ ဂူတဂူကို တွေ့ရှိခဲ့ပြီး ဂူအတွင်းမှာ နေထိုင်ခဲ့ကြပါတယ်။ သူတို့ကို တွေ့ရှိပြီးတဲ့ နောက်မှာတော့ ကျန်းမာရေးစစ်ဆေးဖို့ Ao Nang ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ ကျန်းကျန်းမာမာ ရှိနေပြီး COVID-19 ရောဂါလည်း မတွေ့ ရှိပါဘူး။
ဆက်ပြီး ဘာလုပ်မလဲလို့ မေးကြည့်တဲ့အခါ COVID-19 ကြောင့် ရုရှားကိုလည်း ပြန်နိုင်မှာ မဟုတ်ဘူး လို့ ဖြေကြားခဲ့ပါတယ်။ ဒါကြောင့် အာဏာပိုင်တွေဟာ သူတို့စုံတွဲကို Krabi မှာ ဖွင့်နေတဲ့ ဟိုတယ် ၄ လုံးထဲက တလုံးကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဟိုတယ်ကလည်း သူတို့စုံတွဲကို ထိုင်းမှာ နေထိုင်နေသမျှကာလပတ်လုံး လက်ခံထားမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ရှိတဲ့ ရုရှားသံရုံးကလည်း သူတို့စုံတွဲကို ကူညီသွားမယ်လို့ ဆိုပါတယ်။
Ref: pattayaone
You may also like these stories:
ကိုဗစ် ကာကွယ်ရေးအတွက် ယူနန် နယ်စပ်တလျှောက် ဆေးရုံများ တည်ဆောက်မည်
Mask တပ်ရန်ပြောသော ယာဉ်ထိန်းအား ဓားဖြင့်ပြန်ခုတ်သည့် အမျိုးသား သေဆုံ